တာခ်ီလိတ္တြင္ တစ္ဖက္ယာဥ္ေၾကာမွ ေမာ္ေတာ္ယာဥ္အား အရွိန္လြန္ဝင္တုိက္မိ၍ ယာဥ္ေမာင္းႏွစ္ဦး ဒဏ္ရာရ

တာခ်ီလိတ္တြင္ တစ္ဖက္ယာဥ္ေၾကာမွ ေမာ္ေတာ္ယာဥ္အား အရွိန္လြန္ဝင္တုိက္မိ၍ ယာဥ္ေမာင္းႏွစ္ဦး ဒဏ္ရာရ
သြဂုတ် 23, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ပါဆတ္ရပ္ကြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမတြင္ ၾသဂုတ္လ (၂၃)ရက္ေန႔ နံနက္ (၀၀: ၁၅)နာရီက ေမာ္ေတာ္ယာဥ္တစ္စီးက တစ္ဖက္ယာဥ္ေၾကာမွ ေမာင္းႏွင္လာသည့္ ယာဥ္အား မ်က္ႏွာခ်င္းဆိုင္ ဝင္တုိက္မိ၍ ယာဥ္ေမာင္းနွစ္ဦးလံုး ဒဏ္ရာမ်ား ရသြားေၾကာင္း သိရသည္။

အာခါေစ်းဘက္မွ ေဟာင္လိတ္လမ္းဆံုဘက္သို႔ ေအာင္လင္း(ခ) ဆူခ်ိဳင္းေမာင္းႏွင္လာေသာ ေမာ္ေတာ္ယာဥ္က တစ္ဖက္ယာဥ္ေၾကာသို႔ ေရာက္သြားကာ ေဟာင္လိတ္လမ္းဆံုဘက္မွ အာခါေစ်းဘက္ ဦးေနမ်ိဳးဝင္း ေမာင္းနွင္လာသည့္ ေမာ္ေတာ္ယာဥ္အား ဝင္ေရာက္တုိက္မိရာမွ တိမ္းေမွာက္သြားသျဖင့္ ေမာ္ေတာ္ယာဥ္ေမာင္းနွင္သူ နွစ္ဦးလံုး ဒဏ္ရာရသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈျဖစ္ပြားရာသို႔ အမွတ္(၁၁၇)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(တာခ်ီလိတ္)မွ တပ္ဖြဲ႔၀င္မ်ားမွ သြားေရာက္စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး၊ တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္ဦးစီးမွဴး ဦးေအာင္ေဇာ္လင္းႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ ၿမိဳ႕နယ္အရန္မီးသတ္တပ္ဖြဲ႕၀င္မ်ား အပါအ၀င္ သြားေရာက္ၿပီး ရွာေဖြကယ္ဆယ္ေရး ပစၥည္းမ်ားျဖင့္ ဒဏ္ရာရသူတို႔အား ကားအတြင္းမွ ဆြဲထုတ္ေပးကာ ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါယာဥ္တုိက္မႈႏွင့္ပတ္သက္၍ ေအာင္လင္း(ခ) ဆူခ်ိဳင္းအား ယာဥ္မဆင္မျခင္ေမာင္းနွင္မႈျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ပါဆတ်ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမတွင် သြဂုတ်လ (၂၃)ရက်နေ့ နံနက် (ဝဝ: ၁၅)နာရီက မော်တော်ယာဉ်တစ်စီးက တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ယာဉ်အား မျက်နှာချင်းဆိုင် ဝင်တိုက်မိ၍ ယာဉ်မောင်းနှစ်ဦးလုံး ဒဏ်ရာများ ရသွားကြောင်း သိရသည်။

အာခါဈေးဘက်မှ ဟောင်လိတ်လမ်းဆုံဘက်သို့ အောင်လင်း(ခ) ဆူချိုင်းမောင်းနှင်လာသော မော်တော်ယာဉ်က တစ်ဖက်ယာဉ်ကြောသို့ ရောက်သွားကာ ဟောင်လိတ်လမ်းဆုံဘက်မှ အာခါဈေးဘက် ဦးနေမျိုးဝင်း မောင်းနှင်လာသည့် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိရာမှ တိမ်းမှောက်သွားသဖြင့် မော်တော်ယာဉ်မောင်းနှင်သူ နှစ်ဦးလုံး ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာသို့ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ပြီး၊ တာချီလိတ်မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဇော်လင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ အပါအဝင် သွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများဖြင့် ဒဏ်ရာရသူတို့အား ကားအတွင်းမှ ဆွဲထုတ်ပေးကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ အောင်လင်း(ခ) ဆူချိုင်းအား ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~