တာချီလိတ်တွင် အိမ်ခြေမဲ့အမျိုးသားတစ်ဦး လမ်းဘေးတွင်အအေးမိ သေဆုံး

တာချီလိတ်တွင် အိမ်ခြေမဲ့အမျိုးသားတစ်ဦး လမ်းဘေးတွင်အအေးမိ သေဆုံး
သြဂုတ် 27, 2017
By Tachileik News Agency






~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ကံ့ကော်လမ်း၊ အွမ်ခမ်းကျောက်ဆီပန့်အနီး တိုက်ခန်းရှေ့တွင် အိမ်ခြေမဲ့ အမျိုးသားတစ်ဦး အအေးမိ၍ သေဆုံးနေသည်ကို သြဂုတ်လ (၂၇)ရက်နေ့ နံနက်ပိုင်းက တွေ့ရကြောင်း သိရသည်။

သေဆုံးသူမှာ အသက်(၅၀)ဝန်းကျင်ခန့်အရွယ် ဦးနှုတ်ခမ်းမွှေးဆိုသူဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်ပြီးနောက် တာချီလိတ်နာရေးကူညီမှုအသင်းက တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~