Update News

က်ိဳင္းတံုမွ H1N1 လူနာႏွစ္ဦး အေျခအေန တိုးတက္ေကာင္းမြန္ေၾကာင္း ျပည္နယ္(ရွမ္းေရွ႕)ျပည္သူ႔က်န္းမာေရးဦးစီးဌာန အတည္ျပဳ

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံုၿမိဳ႕ အမွတ္(၃) ကုတင္(၃၀၀)ဆံ့ တပ္မေတာ္ေဆးရုံႀကီးတြင္ ရာသီတုပ္ေကြး H1N1 ျဖင့္ ေဆးကုသမႈခံယူေနသည့္ လူနာႏွစ္ဦး၏ အေျခအေန တိုးတက္ ေကာင္းမြန္လာေၾကာင္း ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) ျပည္နယ္ျပည္သူ ့က်န္းမာေရးဦးစီးဌာနက ၾသဂုတ္လ (၄)ရက္ေန႔တြင္ အတည္ျပဳလိုက္သည္။

"H1N1ေရာဂါနဲ ့ တပ္မေတာ္ေဆးရုံမွာ တက္ေနရတဲ့ လူနာ(၂)ေယာက္ရဲ႕ လက္ရိွအေျခအေနက ေကာင္းလာတယ္။ ဘယ္အခ်ိန္ ေဆးရုံက ဆင္းမယ္ဆိုတာကေတာ့ သက္ဆိုင္ရာ တပ္ေဆးရံုရဲ႕ ေဆး၀ါးကုသတဲ့ သမားေတာ္တို ့၊ ေဆးရုံအုပ္တို ့ရဲ႕ သေဘာထားအေပၚမွာ မူတည္ပါတယ္။ ေရာဂါရဲ႕ ျဖစ္စဥ္ သေဘာတရား အရကေတာ့ ေဆးရုံကေနဆင္းရဖို ့ အေျခအေနမ်ားတယ္။ ေဆးရုံဆင္းဖို ့အတြက္ ရက္အားျဖင့္လည္း ေတာ္ေတာ္ နီးစပ္သြားပါၿပီ"ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ျပည္နယ္ျပည္သူ ့ က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာေဇာ္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို ့ ေျပာသည္။

က်ိဳင္းတုံၿမိဳ ့တြင္ H1N1ေရာဂါျဖင့္ ကုသမႈခံယူေနသည့္လူနာ (၂)ဦးရိွေသာ္လည္း ျပည္သူ႔ေဆးရံုႏွင့္ ပုဂၢလိက ေဆးရံုတို႔တြင္ H1N1 သံသယလူနာ မရိွေၾကာင္း သိရသည္။

"လူထုအေနနဲ ့ ကၽြန္ေတာ္တို ့ က်န္းမာေရးဌာနက ထုတ္ျပန္ထားတဲ့ ကာကြယ္ေရးလုပ္ငန္းစဥ္ေတြအတုိင္း ေဆာင္ရန္၊ ေရွာင္ရန္ နည္းလမ္းေတြအတိုင္း ထုတ္ျပန္ေပးဖို ့နဲ ့ တစ္ခုခု ျဖစ္တယ္လို ့ ထင္ရင္လည္း ကိုယ့္နည္း ကိုယ့္ဟန္နဲ ့ မေျဖရွင္းဘဲ သတင္းပို ့သင့္တာကို သတင္းပို ့ၿပီး သက္ဆိုင္ရာ ေဆးရုံေတြမွာ ကုသမႈခံယူဖို ့ ေျပာခ်င္ပါတယ္"ဟု ျပည္နယ္ျပည္သူ ့က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာေဇာ္လင္းက တိုက္တြန္းလုိက္သည္။

ေရာဂါျဖစ္ပြားလာပါက လူနာမ်ားကို ခြဲျခားကုသေပးႏိုင္ရန္ လူနာေဆာင္၊ ေရာဂါျပင္းထန္လာပါက ကုသႏုိင္ရန္ အထူးၾကပ္မတ္ကုသေဆာင္၊ လိုအပ္ေသာ ပစၥည္းမ်ားႏွင့္ ေဆး၀ါးမ်ားကိုလည္း ေဆးရံုမ်ားတြင္ ျဖည့္ဆည္း ေဆာင္ရြက္ထားရိွေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕ရွိ ကုတင္ ၃၀၀ ဆံ့ တပ္မေတာ္ေဆးရံုႀကီးတြင္ ဖ်ားနာ၍ ေဆးကုသမႈခံယူေနသည့္ အမွတ္(၁၀) တပ္မေတာ္ တန္းျမင့္ေလ့က်င့္ေရး သင္တန္းေက်ာင္းမွ နယ္ျခားေစာင့္တပ္ တပ္ဖြဲ ့၀င္ႏွစ္ဦးတြင္ H1N1ေရာဂါပိုး ေတြ႔ရေၾကာင္း ဇူလုိင္လ (၃၁)ရက္ေန႔က ဓာတ္ခြဲခန္းအတည္ျပဳခ်က္အရ သီးသန္႔ခန္းတြင္ ကုသေပးေနျခင္းျဖစ္ၿပီး က်ိဳင္းတံုၿမိဳ႕တြင္ ကာကြယ္ေရးလုပ္ငန္းမ်ား က်ယ္က်ယ္ျပန္႔ျပန္႔ေဆာင္ရြက္ရန္ ၾသဂုတ္လ (၁)ရက္ေန႔တြင္ ျပည္နယ္အစိုးရက ညႊန္ၾကားထားခဲ့ျခင္းျဖစ္သည္။

သတင္း #ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၃) ကုတင်(၃၀၀)ဆံ့ တပ်မတော်ဆေးရုံကြီးတွင် ရာသီတုပ်ကွေး H1N1 ဖြင့် ဆေးကုသမှုခံယူနေသည့် လူနာနှစ်ဦး၏ အခြေအနေ တိုးတက် ကောင်းမွန်လာကြောင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သြဂုတ်လ (၄)ရက်နေ့တွင် အတည်ပြုလိုက်သည်။

"H1N1ရောဂါနဲ့ တပ်မတော်ဆေးရုံမှာ တက်နေရတဲ့ လူနာ(၂)ယောက်ရဲ့ လက်ရှိအခြေအနေက ကောင်းလာတယ်။ ဘယ်အချိန် ဆေးရုံက ဆင်းမယ်ဆိုတာကတော့ သက်ဆိုင်ရာ တပ်ဆေးရုံရဲ့ ဆေးဝါးကုသတဲ့ သမားတော်တို့၊ ဆေးရုံအုပ်တို့ရဲ့ သဘောထားအပေါ်မှာ မူတည်ပါတယ်။ ရောဂါရဲ့ ဖြစ်စဉ် သဘောတရား အရကတော့ ဆေးရုံကနေဆင်းရဖို့ အခြေအနေများတယ်။ ဆေးရုံဆင်းဖို့အတွက် ရက်အားဖြင့်လည်း တော်တော် နီးစပ်သွားပါပြီ"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့တွင် H1N1ရောဂါဖြင့် ကုသမှုခံယူနေသည့်လူနာ (၂)ဦးရှိသော်လည်း ပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိက ဆေးရုံတို့တွင် H1N1 သံသယလူနာ မရှိကြောင်း သိရသည်။

"လူထုအနေနဲ့ ကျွန်တော်တို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ကာကွယ်ရေးလုပ်ငန်းစဉ်တွေအတိုင်း ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းတွေအတိုင်း ထုတ်ပြန်ပေးဖို့နဲ့ တစ်ခုခု ဖြစ်တယ်လို့ ထင်ရင်လည်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ မဖြေရှင်းဘဲ သတင်းပို့သင့်တာကို သတင်းပို့ပြီး သက်ဆိုင်ရာ ဆေးရုံတွေမှာ ကုသမှုခံယူဖို့ ပြောချင်ပါတယ်"ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်လင်းက တိုက်တွန်းလိုက်သည်။

ရောဂါဖြစ်ပွားလာပါက လူနာများကို ခွဲခြားကုသပေးနိုင်ရန် လူနာဆောင်၊ ရောဂါပြင်းထန်လာပါက ကုသနိုင်ရန် အထူးကြပ်မတ်ကုသဆောင်၊ လိုအပ်သော ပစ္စည်းများနှင့် ဆေးဝါးများကိုလည်း ဆေးရုံများတွင် ဖြည့်ဆည်း ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့ရှိ ကုတင် ၃၀၀ ဆံ့ တပ်မတော်ဆေးရုံကြီးတွင် ဖျားနာ၍ ဆေးကုသမှုခံယူနေသည့် အမှတ်(၁၀) တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းမှ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်နှစ်ဦးတွင် H1N1ရောဂါပိုး တွေ့ရကြောင်း ဇူလိုင်လ (၃၁)ရက်နေ့က ဓာတ်ခွဲခန်းအတည်ပြုချက်အရ သီးသန့်ခန်းတွင် ကုသပေးနခြေင်းဖြစ်ပြီး ကျိုင်းတုံမြို့တွင် ကာကွယ်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် သြဂုတ်လ (၁)ရက်နေ့တွင် ပြည်နယ်အစိုးရက ညွှန်ကြားထားခဲ့ခြင်းဖြစ်သည်။

သတင်း #ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::