ရှမ်းပြည်နယ်အတွင်း H1N1 အတည်ပြုလူနာ (၆)ဦးအနက် တစ်ဦး ဆေးရုံမှဆင်း

ရှမ်းပြည်နယ်အတွင်း H1N1 အတည်ပြုလူနာ (၆)ဦးအနက် တစ်ဦး ဆေးရုံမှဆင်း
သွဂုတျ 8, 2017
By Tachileik News Agency




တောင်ကြီးမြို့တွင် ကုသမှုခံယူနေသည့် H1N1 အတည်ပြုလူနာများမှာ ဟဲဟိုးမြို့နယ် ဘော်နင်းကျေးရွာ အုပ်စုမှ ဖြစ်ပြီး H1N1 အတည်ပြုလူနာစတင်တွေ့ရှိခဲ့ပြီးနောက် သြဂုတ်လ ( ၇)ရက်တွင် ဟဲဟိုးမြို့အနီး ရွာတော်ရွာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ကလောဆေးရုံ အုပ်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)၊ စည်ပင်ကော်မတီနှင့် စည်ပင်ဝန်ထမ်းများ၊ ဆရာ/မများ ပါဝင်သည့်အဖွဲ့က ပညာပေးဟောပြောမှုများ၊ ခြင်ဆေးဖျန်းခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ၊ နှာခေါင်းစည်းများ၊ လက်ဆေးဆပ်ပြာများပေးဝေခြင်းနှင့် ချောင်းဆိုး၊ ဖျားနာသံသယရှိသူများအား စမ်းသပ်စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကာ ကျန်ရွာများတွင်လည်း ကျန်းမာရေးဌာနမှ ဖျားနာ စမ်းသပ်စစ်ဆေးခြင်းနှင့် အသိပညာပေး ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။


တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံနှင့် စဝ်စံထွန်းဆေးရုံတို့တွင် H1N1 အတည်ပြုလူနာများအား သီးသန့်အခန်းတွင် ကုသပေးနေပြီး အခြေအနေကောင်းမွန်နေကြောင်း သြဂုတ်လ (၈) ရက်နေ့တွင် လူမှုရေးဝန်ကြီးက အတည်ပြု ပြောကြားသည်။



တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုပြု ဆောင်ရွက်ခြင်းအပါအဝင် လက်ကို ဆပ်ပြာဖြင့် ရေများများသုံး၍ မကြာခဏ ဆေးကြောခြင်း၊ နှာချေချောင်းဆိုးလျှင် ဖုံးအုပ်ခြင်း၊ လူထူထပ်သောနေရာများအား ရှောင်ကြဉ်ပြီး မဖြစ်မနေသွားလာရပါက ပါးစပ် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ ကောင်းစွာအိပ်စက်အနားယူခြင်း၊ အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း၊ လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း၊ အရက်လွန်ကဲစွာ သောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊ ရောဂါဖြစ်ပွားနေသူများနှင့် သံသယရှိနေသူများ၏ (၆) ပေ အကွာတွင် နေထိုင်ခြင်း၊ ရောဂါကူးစက် ခံထားရသူအား ပါးစပ်နှာခေါင်းစည်း (Surgical Mask) ကို အသုံးပြုစေခြင်း၊ ရောဂါရှိသူ၏ နေအိမ်နှင့် ဆေးရုံများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မိမိတွင် ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ကုသမှုခံယူခြင်းနှင့် ရောဂါ လက္ခဏာများ စတင်ခံစားရသည့် အချိန်မှ စတင်၍ (၁၀) ရက်အတွင်း မိမိ၏နေအိမ်၌သာ နေထိုင်ခြင်းတို့ လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံတို့တွင် သြဂုတ်လ (၈)ရက်နေ့ အထိ H1N1 အတည်ပြု လူနာ (၄)ဦးရှိလာပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ တပ်မတော်ဆေးရုံမှ H1N1 အတည်ပြု လူနာနှစ်ဦးအနက် တစ်ဦးမှာ ဆေးရုံဆင်းသွားပြီ ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ နောက်တစ်ယောက်တွေ့တယ်။ ဒီနေ့အထိဆိုရင် စဝ်စံထွန်းဆေးရုံမှာ တစ်ယောက်နဲ့ အမျိုးသမီးနဲ့ ကလေးဆေးရုံမှာ သုံးယောက် တွေ့ရတယ်။ ရှမ်းပြည်နယ်အတွင်း တစ်ခြားနေရာတွေမှာ တွေ့တာတော့ မရှိသေးဘူး။ ကျိုင်းတုံမှာ ပထမဆုံးတွေ့တဲ့ နှစ်ယောက်ကတော့ တစ်ဦးကတော့ ဆေးရုံဆင်းသွားပြီ။ ကျန်တဲ့ တစ်ယောက်ကတော့ တုပ်ကွေးတော့ မဟုတ်တော့ဘူး။ တခြားရောဂါကို ဆက်ကုနေရတုန်းလို့ သိရတယ်။ တောင်ကြီးက (၄)ယောက်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးကတော့ ခွဲမွေးဖို့ ရှိတယ်လို့ သိရတယ်။ အားလုံး အနေအထားတွေကတော့ ကောင်းတယ်လို့ သိရပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း ပထမဆုံး H1N1 အတည်ပြုလူနာ(၂)ဦးကို ကျိုင်းတုံမြို့ အမှတ်(၃) ကုတင်(၃၀၀)ဆံ့ တပ်မတော်ဆေးရုံတွင် ဇူလိုင်လ (၃၁)ရက်နေ့က စတင်တွေ့ရှိခဲ့ပြီးနောက် တောင်ကြီးမြို့တွင် H1N1 အတည်ပြုလူနာနှစ်ဦးအား သြဂုတ်လ (၆)ရက်နေ့တွင် စတင်တွေ့ခဲ့ရခြင်းဖြစ်သည်။

တောင်ကြီးမြို့တွင် ကုသမှုခံယူနေသည့် H1N1 အတည်ပြုလူနာများမှာ ဟဲဟိုးမြို့နယ် ဘော်နင်းကျေးရွာ အုပ်စုမှ ဖြစ်ပြီး H1N1 အတည်ပြုလူနာစတင်တွေ့ရှိခဲ့ပြီးနောက် သြဂုတ်လ ( ၇)ရက်တွင် ဟဲဟိုးမြို့အနီး ရွာတော်ရွာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ကလောဆေးရုံ အုပ်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၂)၊ စည်ပင်ကော်မတီနှင့် စည်ပင်ဝန်ထမ်းများ၊ ဆရာ/မများ ပါဝင်သည့်အဖွဲ့က ပညာပေးဟောပြောမှုများ၊ ခြင်ဆေးဖျန်းခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ၊ နှာခေါင်းစည်းများ၊ လက်ဆေးဆပ်ပြာများပေးဝခြေင်းနှင့် ချောင်းဆိုး၊ ဖျားနာသံသယရှိသူများအား စမ်းသပ်စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကာ ကျန်ရွာများတွင်လည်း ကျန်းမာရေးဌာနမှ ဖျားနာ စမ်းသပ်စစ်ဆေးခြင်းနှင့် အသိပညာပေး ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

“အခုဖြစ်နေတဲ့ ရွာတွေကို ကျန်းမာရေးဌာနက ဆင်းပြီး ဖျားတာတွေ ဘာတွေ သွားစစ်တာ၊ ပညာပေးလုပ်ငန်း လုပ်တာတွေ လုပ်နေပါတယ်။ အားလုံးက ဟဲဟိုးမြို့နယ်ထဲက ဘော်နင်းအုပ်စုထဲက သိပ်မလှမ်းမကမ်းရွာတွေပဲ။ အဓိကကတော့ ပြည်သူလူထုအနေနဲ့ ကျန်းမာရေးဌာနက အသိပေးထားတဲ့ အသိပညာပေးလုပ်ငန်းတွေကို လိုက်နာလုပ်ပေးကြရင်တော့ ပိုပြီး မြန်မြန် ထိန်းချုပ်နိုင်မှာပေါ့။ ပြည်သူ လူထုတွေက ကျန်းမာရေးအသိပညာရှိရင်တော့ ကျွန်တော်တို့ မြန်မြန် ကာကွယ်ရေးလုပ်ငန်းတွေကို လုပ်နိုင်ပါလိမ့်မယ်”ဟု ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဆိုသည်။

တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံနှင့် စဝ်စံထွန်းဆေးရုံတို့တွင် H1N1 အတည်ပြုလူနာများအား သီးသန့်အခန်းတွင် ကုသပေးနပြေီး အခြေအနေကောင်းမွန်နေကြောင်း သြဂုတ်လ (၈) ရက်နေ့တွင် လူမှုရေးဝန်ကြီးက အတည်ပြု ပြောကြားသည်။

ပြည်နယ်တွင်း H1N1 အခြေအနေများကို ရှမ်းပြည်နယ်အစိုးရထံ ချက်ချင်းသတင်းပို့ရန် စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။

ရာသီတုပ်ကွေးရောဂါကို Tamiflu (Oseltamivir) နှင့် Relenza (Zanamivir) ဆေး (၂) မျိုးဖြင့် ကုသမှုပေးနိုင်သဖြင့် ဆေးရုံဆေးခန်းများထံ အချိန်မီပြသရန် လိုအပ်ကြောင်း ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။

တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုပြု ဆောင်ရွက်ခြင်းအပါအဝင် လက်ကို ဆပ်ပြာဖြင့် ရေများများသုံး၍ မကြာခဏ ဆေးကြောခြင်း၊ နှာချေချောင်းဆိုးလျှင် ဖုံးအုပ်ခြင်း၊ လူထူထပ်သောနေရာများအား ရှောင်ကြဉ်ပြီး မဖြစ်မနေသွားလာရပါက ပါးစပ် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ ကောင်းစွာအိပ်စက်အနားယူခြင်း၊ အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း၊ လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း၊ အရက်လွန်ကဲစွာ သောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊ ရောဂါဖြစ်ပွားနေသူများနှင့် သံသယရှိနေသူများ၏ (၆) ပေ အကွာတွင် နေထိုင်ခြင်း၊ ရောဂါကူးစက် ခံထားရသူအား ပါးစပ်နှာခေါင်းစည်း (Surgical Mask) ကို အသုံးပြုစခြေင်း၊ ရောဂါရှိသူ၏ နေအိမ်နှင့် ဆေးရုံများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မိမိတွင် ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ကုသမှုခံယူခြင်းနှင့် ရောဂါ လက္ခဏာများ စတင်ခံစားရသည့် အချိန်မှ စတင်၍ (၁၀) ရက်အတွင်း မိမိ၏နေအိမ်၌သာ နေထိုင်ခြင်းတို့ လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~