တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္တြင္ သတင္းအရ ဂိမ္းခံု(၄)ခံု ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္တြင္ သတင္းအရ ဂိမ္းခံု(၄)ခံု ဖမ္းမိ
သြဂုတ် 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္း ေလာင္းကစားဒိုင္ ဖြင့္လွစ္ လုပ္ကိုင္ေနေၾကာင္း သတင္းအရ ၾသဂုတ္လ (၄)ရက္ေန႔က ဝင္ေရာက္ရွာေဖြရာ ေလာင္းကစားဂိမ္းခံု(၄)ခုံႏွင့္ ပိုင္ရွင္အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မယ္ေခါင္ရပ္ကြက္ (၂)လမ္းတြင္ ေလာင္းကစားဒိုင္ဖြင့္လွစ္ လုပ္ကုိင္ေနေၾကာင္း သတင္းအရ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းတပ္ဖြဲ႕ဝင္မ်ား၊ သက္ေသမ်ား၊ ဝမ္ေကာင္းျပည္သူ႔စစ္အဖြဲ႕၊ မယ္ေခါင္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးအဖြဲ႕တို႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ၾသဂုတ္လ (၄)ရက္ေန႔ ညေန (၄)နာရီခန္႔တြင္ ေလာင္းကစား ရွာေဖြ၀ရမ္းျဖင့္ ဝင္ေရာက္စစ္ေဆးရာ ေလာင္းကစားျပဳလုပ္သူမ်ားကို မေတြ႔ရဘဲ ဂိမ္းခံုအတြင္းမွ ပိုက္ဆံထုတ္ယူေနသည့္ ပိုင္ရွင္ျဖစ္သူ ေအာင္ေက်ာ္ထြန္း(ခ)ထြန္းထြန္းအား ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အိမ္ခန္းတြင္းမွ ငါးမန္းဂိမ္းခံု(၁)ခံု၊ အေၾကြ(၅)ဘတ္ေစ့ထည့္ကစားရသည့္ ေဘာလံုးဂိမ္းခံု(၃)ခုံ၊ ေလာင္းကစားေငြ စုစုေပါင္းဘတ္ေငြ (၅၁၄၀)တို႔အား ရွာေဖြဖမ္းဆီးရမိေၾကာင္း သိရသည္။

သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ေအာင္ေက်ာ္ထြန္း (ခ) ထြန္းထြန္း အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ) ၁၅၈/၂၀၁၇၊ ေလာင္းကစားဥပေဒပုဒ္မ ၁၄ (က)ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း လောင်းကစားဒိုင် ဖွင့်လှစ် လုပ်ကိုင်နေကြောင်း သတင်းအရ သြဂုတ်လ (၄)ရက်နေ့က ဝင်ရောက်ရှာဖွေရာ လောင်းကစားဂိမ်းခုံ(၄)ခုံနှင့် ပိုင်ရှင်အား ဖမ်းဆီးရမိကြောင်း သိရသည်။

မယ်ခေါင်ရပ်ကွက် (၂)လမ်းတွင် လောင်းကစားဒိုင်ဖွင့်လှစ် လုပ်ကိုင်နေကြောင်း သတင်းအရ တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ သက်သေများ၊ ဝမ်ကောင်းပြည်သူ့စစ်အဖွဲ့၊ မယ်ခေါင်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သြဂုတ်လ (၄)ရက်နေ့ ညနေ (၄)နာရီခန့်တွင် လောင်းကစား ရှာဖွေဝရမ်းဖြင့် ဝင်ရောက်စစ်ဆေးရာ လောင်းကစားပြုလုပ်သူများကို မတွေ့ရဘဲ ဂိမ်းခုံအတွင်းမှ ပိုက်ဆံထုတ်ယူနေသည့် ပိုင်ရှင်ဖြစ်သူ အောင်ကျော်ထွန်း(ခ)ထွန်းထွန်းအား ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အိမ်ခန်းတွင်းမှ ငါးမန်းဂိမ်းခုံ(၁)ခုံ၊ အကြွေ(၅)ဘတ်စေ့ထည့်ကစားရသည့် ဘောလုံးဂိမ်းခုံ(၃)ခုံ၊ လောင်းကစားငွေ စုစုပေါင်းဘတ်ငွေ (၅၁၄၀)တို့အား ရှာဖွေဖမ်းဆီးရမိကြောင်း သိရသည်။

သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် အောင်ကျော်ထွန်း (ခ) ထွန်းထွန်း အား တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ) ၁၅၈/၂၀၁၇၊ လောင်းကစားဥပဒေပုဒ်မ ၁၄ (က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~