ေက်ာက္မဲတြင္ ၾကက္ေၾကာ္၊ၾကက္ဥစားပြဲမ်ား မိုဘိုင္းစနစ္ျဖင့္ ဆက္လက္လုပ္ေဆာင္မည္

ေက်ာက္မဲတြင္ ၾကက္ေၾကာ္၊ၾကက္ဥစားပြဲမ်ား မိုဘိုင္းစနစ္ျဖင့္ ဆက္လက္လုပ္ေဆာင္မည္
သြဂုတ် 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္အတြင္း ၾကက္ေႀကာ္၊ ၾကက္ဥစားပြဲအား မိုဘိုင္းစနစ္ျဖင့္ ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေဒသတြင္း ၾကက္တုပ္ေကြး ေရာဂါကင္းစင္ေၾကာင္းႏွင့္ ၾကက္ဥ၊ ၾကက္သား စားသံုးျခင္းေၾကာင့္ ေရာဂါျဖစ္ပြားမႈ မရွိေၾကာင္း အသိေပးလံႈ႕ေဆာ္မႈအျဖစ္ ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ ၿမိဳ႕နယ္အတြင္းရွိ ၾကက္ေမြးျမဴေရး လုပ္ငန္းရွင္မ်ား စုေပါင္း၍ လုပ္ေဆာင္သြားၾကမည္ျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔က ဆက္လက္ ေဆာင္ရြက္ဖို႔ရွိပါတယ္။ လူစည္ကားရာေနရာေတြကို ကားနဲ႔လိုက္ေဝဖို႔ လုပ္သြားမွာပါ။ အသိပညာေပး လက္ကမ္းစာေစာင္ေတြေဝတာေတြေရာ တစ္ခါတည္းလုပ္သြားမွာပါ “ဟု ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန ၿမိဳ႕နယ္ဦးစီးအရာရွိ ေဒါက္တာသန္႔ေဇာ္ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲတြင္ ၾကက္ဥ၊ ၾကက္သားစားပြဲကို ၾသဂုတ္လ ( ၄ ) ရက္ေန႔ႏွင့္ (၅)ရက္ေန႔မ်ားတြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

“အဓိကကေတာ့ ေမြး/ကုနဲ႔ ေမြးျမဴေရးလုပ္ငန္းရွင္ေတြေပါင္းၿပီး လုပ္တာပါ။ ကြ်န္ေတာ္တို႔ စားသံုးသူေရးရာက အင္အားျဖည့္ၿပီးေတာ့ လာေပးတာျဖစ္ပါတယ္။ ဒီေဒသမွာ ဒီေရာဂါေတြ ကင္းစင္တယ္။ ဒီေဒသက ၾကက္ဥ ၾကက္သားေတြကို စားသံုးသူေတြအေနနဲ႔ စိတ္ခ်လက္ခ် စားသံုးလို႔ ရတယ္ ဆိုတာကို ျပသတဲ့သေဘာအေနနဲ႔ လုပ္တာျဖစ္ပါတယ္ “ဟု ၿမိဳ႕နယ္စားသံုးသူ ေရးရာဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါ အစီအစဥ္မ်ားအတြက္ ေဒသတြင္း ေမြးျမဴေရးလုပ္ငန္းႏွင့္ ဆက္စပ္လုပ္ငန္းရွင္မ်ားက ပံ့ပိုးေပးျခင္းျဖစ္ေၾကာင္း သိရသည္။

“လူေတြ ေၾကာက္လန႔္ေနတဲ့ ကူးစက္ေရာဂါေတြနဲ႔ ၾကက္ဥ၊ ၾကက္သား နဲ႔က တျခားစီပါ။ လူေတြ ေၾကာက္လန္႔ေနရတာက ေလထဲကေန ကူးစက္တဲ့ေရာဂါကို ေၾကာက္ေနၾကတာပါ။ ဒါက ၾကက္ေတြမွာလည္း ေရာဂါမရွိဘူး။ အခုလိုစားလို႔လည္း ဘာေရာဂါမွမျဖစ္ဘူး ဆိုတာကို သက္ေသျပတဲ့အေနနဲ႔ လုပ္ေနတာျဖစ္တဲ့ အတြက္ သေဘာက်ပါတယ္ “ဟု ၾကက္ဥ၊ ၾကက္သား စားပြဲသို႔ လာေရာက္သူ တစ္ဦးက ေျပာသည္။

ေက်ာက္မဲၿမိဳ႕ ဗဟိုေစ်းအနီးတြင္ ၾသဂုတ္လ (၅)ရက္ေန႔က ၾကက္ဥ၊ၾကက္သားစားပြဲစတင္လုပ္ေဆာင္ရာ ၾကက္ဥ အလံုးေရ (၃၅၀၀)ႏွင့္ ၾကက္ေၾကာ္ ပိႆာခ်ိန္ (၁၀၀)တို႔အား အခမဲ့ေဝငွေပးသည့္ (၁၅)မိနစ္အတြင္း ကုန္သြားသျဖင့္ ေမြးျမဴေရးလုပ္ငန္းရွင္မ်ားက ၾကက္ဥမ်ား ထပ္မံလွဴေပးခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖဳိးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ကြက်ကြော်၊ ကြက်ဥစားပွဲအား မိုဘိုင်းစနစ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသတွင်း ကြက်တုပ်ကွေး ရောဂါကင်းစင်ကြောင်းနှင့် ကြက်ဥ၊ ကြက်သား စားသုံးခြင်းကြောင့် ရောဂါဖြစ်ပွားမှု မရှိကြောင်း အသိပေးလှုံ့ဆော်မှုအဖြစ် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်အတွင်းရှိ ကြက်မွေးမြူရေး လုပ်ငန်းရှင်များ စုပေါင်း၍ လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ဆက်လက် ဆောင်ရွက်ဖို့ရှိပါတယ်။ လူစည်ကားရာနေရာတွေကို ကားနဲ့လိုက်ဝေဖို့ လုပ်သွားမှာပါ။ အသိပညာပေး လက်ကမ်းစာစောင်တွေဝေတာတွေရော တစ်ခါတည်းလုပ်သွားမှာပါ “ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါက်တာသန့်ဇော်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ကျောက်မဲတွင် ကြက်ဥ၊ ကြက်သားစားပွဲကို သြဂုတ်လ ( ၄ ) ရက်နေ့နှင့် (၅)ရက်နေ့များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“အဓိကကတော့ မွေး/ကုနဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေပေါင်းပြီး လုပ်တာပါ။ ကျွန်တော်တို့ စားသုံးသူရေးရာက အင်အားဖြည့်ပြီးတော့ လာပေးတာဖြစ်ပါတယ်။ ဒီဒေသမှာ ဒီရောဂါတွေ ကင်းစင်တယ်။ ဒီဒေသက ကြက်ဥ ကြက်သားတွေကို စားသုံးသူတွေအနေနဲ့ စိတ်ချလက်ချ စားသုံးလို့ ရတယ် ဆိုတာကို ပြသတဲ့သဘောအနေနဲ့ လုပ်တာဖြစ်ပါတယ် “ဟု မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အစီအစဉ်များအတွက် ဒေသတွင်း မွေးမြူရေးလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းရှင်များက ပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

“လူတွေ ကြောက်လန့်နေတဲ့ ကူးစက်ရောဂါတွေနဲ့ ကြက်ဥ၊ ကြက်သား နဲ့က တခြားစီပါ။ လူတွေ ကြောက်လန့်နေရတာက လေထဲကနေ ကူးစက်တဲ့ရောဂါကို ကြောက်နကြေတာပါ။ ဒါက ကြက်တွေမှာလည်း ရောဂါမရှိဘူး။ အခုလိုစားလို့လည်း ဘာရောဂါမှမဖြစ်ဘူး ဆိုတာကို သက်သပြေတဲ့အနေနဲ့ လုပ်နေတာဖြစ်တဲ့ အတွက် သဘောကျပါတယ် “ဟု ကြက်ဥ၊ ကြက်သား စားပွဲသို့ လာရောက်သူ တစ်ဦးက ပြောသည်။

ကျောက်မဲမြို့ ဗဟိုဈေးအနီးတွင် သြဂုတ်လ (၅)ရက်နေ့က ကြက်ဥ၊ကြက်သားစားပွဲစတင်လုပ်ဆောင်ရာ ကြက်ဥ အလုံးရေ (၃၅၀၀)နှင့် ကြက်ကြော် ပိဿါချိန် (၁၀၀)တို့အား အခမဲ့ဝေငှပေးသည့် (၁၅)မိနစ်အတွင်း ကုန်သွားသဖြင့် မွေးမြူရေးလုပ်ငန်းရှင်များက ကြက်ဥများ ထပ်မံလှူပေးခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~