တာချီလိတ် မြို့မိမြို့ဖများဖြင့် ဖွဲ့စည်းထားသည့် ပညာဒီပထာဝရအဖွဲ့က ပန်အန်မူလတန်းကျောင်းနှင့် နားအွန်အလယ်တန်းကျောင်းများသို့ လှူဒါန်း
တာချီလိတ် မြို့မိမြို့ဖများဖြင့် ဖွဲ့စည်းထားသည့် ပညာဒီပထာဝရအဖွဲ့က ပန်အန်မူလတန်းကျောင်းနှင့် နားအွန်အလယ်တန်းကျောင်းများသို့ လှူဒါန်း
သွဂုတျ 4, 2017
By Tachileik News Agency
ပညာဒီပထာဝရအဖွဲ့အား ၂၀၀၃ ခုနှစ်တွင် မြို့မိမြို့ဖများအဖွဲ့နှင့် ဝမ်ကောင်းရပ်ကွက်မှ ဝန်ထမ်းကုန်းကျောင်းတိုက် ဆရာတော်တို့က မတည်ရင်းနှီးငွေစုစုပေါင်း ကျပ် (၅၄) သိန်းဖြင့် ထာဝရ ပဒေသာပင်အဖြစ် ဘဏ်တွင်အပ်နှံပြီး နှစ်စဉ်ရရှိသည့် အတိုးငွေဖြင့် ဝေးလံသည့်ဒေသများရှိ စာသင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား တိုက်ရိုက်လှူဒါန်းနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်အန်မူလတန်းကျောင်းနှင့် နားအွန်တာလေ အလယ်တန်းကျောင်းတို့တွင် ကျောင်းသား/ကျောင်းသူများအတွက် လိုအပ်သည်များကို တာချီလိတ်မြို့ မြို့မိမြို့ဖများဖွဲ့စည်းထားသည့် ပညာဒီပထာဝရအဖွဲ့က သြဂုတ်လ (၄)ရက်နေ့ နံနက်က သွားရောက်လှူဒါန်းကြောင်း သိရသည်။
“နှစ်စဉ်ဘဏ်တိုးနဲ့ နယ်ကျောင်းတွေ၊ တောရွာကျောင်းတွေ၊ တကယ့်ဆင်းရဲတဲ့ ကျောင်းတွေမှာ ကျောင်းသူ/ကျောင်းသားတွေ လက်ဝယ်အရောက် လိုက်ပေးတာ။ တစ်နှစ်ကို အယောက် (၁၀၀)ကျော်အတွက် လှူတယ်။ ကျောင်းမှာရှိတဲ့ ကျောင်းသား/ကျောင်းသူ အရေအတွက် ပေါ်လည်း မူတည်တာပေါ့။ ဒီနှစ်ပေးတာကတော့ ကလေးတစ်ယောက်ကို ဗလာစာအုပ်က (၃)ဒါဇင်၊ ခဲတံ (၁)ဒါဇင်၊ ပေတံတစ်ချောင်း၊ ခဲဖျက်တစ်တုံးနှုန်းနဲ့ ပေးတာ။ နားအွန်ကျောင်းမှာတော့ တောင်ကျချောင်းရေကို ဒီတိုင်းသောက်နကြေရလို့ ကလေးတွေအတွက် ရေတွင်းနဲ့ ရေတုံကင်လှူတယ်။ ဦးအောင်ဖြိုးရှိန်ကတော့ ဘတ် (၇၀၀၀)တန် ရေသန့်စက်လှူပေးတယ်”ဟု အဖွဲ့ဝင် မြို့မမြို့ဖတစ်ဦးဖြစ်သည့် ဦးတင်ဝင်းက ပြောသည်။
ပညာဒီပထာဝရအဖွဲ့အား ၂၀၀၃ ခုနှစ်တွင် မြို့မိမြို့ဖများအဖွဲ့နှင့် ဝမ်ကောင်းရပ်ကွက်မှ ဝန်ထမ်းကုန်းကျောင်းတိုက် ဆရာတော်တို့က မတည်ရင်းနှီးငွေစုစုပေါင်း ကျပ် (၅၄) သိန်းဖြင့် ထာဝရ ပဒေသာပင်အဖြစ် ဘဏ်တွင်အပ်နှံပြီး နှစ်စဉ်ရရှိသည့် အတိုးငွဖြေင့် ဝေးလံသည့်ဒေသများရှိ စာသင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား တိုက်ရိုက်လှူဒါန်းနခြေင်းဖြစ်ကြောင်း သိရသည်။
“ကျောင်းတွေရွေးချယ်တာကတော့ သွားလို့လာလို့လွယ်ပြီး နယ်စပ်ကျောင်းတွေ တောရွာကျောင်းတွေ လှူပါတယ်။ တာချီလိတ်ကနေ တာလေ၊ မိုင်းလင်းအထိပေါ့ ဆင်းရဲတဲ့ကျောင်းတွေပဲ လှူဖြစ်တယ်။ မြို့ပေါ်ကျောင်းတွေက ချမ်းသာတယ်လေ”ဟု ဦးတင်ဝင်းက ပြောသည်။
ပညာဒီပထာဝရအဖွဲ့သည် ပန်အန်မူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၇၄)ဦးအတွက် ဗလာစာအုပ် ဒါဇင် (၁၅၀)၊ လက်ရေးလှစာအုပ် (၁၉)ဒါဇင်၊ ခဲတံ (၆၂)ဒါဇင်၊ ပေတံ (၆၂)ချောင်း၊ ချွန်စက် (၆၄)ခု၊ ခဲဖျက်(၁၀၀)ခု နှင့် အရုပ်မျိုးစုံ (၁၆)ခု စုစုပေါင်းတန်ဖိုးငွေ ငါးသိန်းကျော်တို့အား လှူဒါန်းပေးပြီး တောင်ကျချောင်းရေအား သောက်ရေအဖြစ် အသုံးပြုနေရသည့် နားအွန် တာလေ အလယ်တန်းကျောင်း အတွက် သောက်ရေတွင်းနှင့် ရေတုံကင်အတွက် ဘတ် (၁၄၀၀၀)နှင့် ရေသန့်စက်တစ်လုံးတို့အား လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~