Update News

မေကြးႏွင့္ မင္းလွၿမိဳ႕မ်ားမွ မူးယစ္ေဆးေရာင္းခ်သည့္ ကြင္းဆက္မ်ားအား ေဖာ္ထုတ္ ဖမ္းဆီး


မေကြးတုိင္း ေဒသႀကီး ၊ မေကြးၿမိဳ႕ ၊ ကားႀကီးကြင္းႏွင့္ မင္းလွၿမိဳ႕တို႔တြင္ စိတ္ၾကြရူးသြပ္ေဆးျပား ေရာင္းခ် သူမ်ားအား ၾသဂုတ္လ (၁၃)ရက္ေန႔က ေဖာ္ထုတ္ဖမ္းဆီးႏုိင္ခဲ့ေၾကာင္း  မူးယစ္တပ္ဖြဲ႔စု(၁၅)မေကြးမွ သိရသည္။

“ၾသဂုတ္ (၁၃) ရက္ ညေန သံုးနာရီအခ်ိန္ေလာက္မွာ ကားႀကီးကြင္းထဲမွာရိွတဲ႔ စားေသာက္ဆိုင္တစ္ဆိုင္မွာ ပူးေပါင္းအဖဲြ႔ဟာ သတင္းအရ ေစာင္႔ဆိုင္းၿပီး ဘိုဘိုလတ္ ဆိုသူကို စိတ္ၾကြရူးသြပ္ေဆးျပား (၃၇) ျပားနဲ႔အတူ ေတြ႔ရိွဖမ္းဆီးႏိုင္ခဲ႔တာပါ”ဟု မူးယစ္တပ္ဖြဲ႔စု(၁၅)မေကြးမွ ေခတၱ မူးယစ္တပ္ဖဲြ႔စုမွဴး ဒုရဲမွဴးလွေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

 မူးယစ္တပ္ဖြဲ႔စု(၁၅)မေကြးႏွင့္ မေကြးနယ္ေျမရဲစခန္းမွ တပ္ဖဲြ႔ဝင္မ်ား ပါဝင္သည့္ ပူးေပါင္းအဖဲြ႔သည္ ၾသဂုတ္လ (၁၃)ရက္ေန႔တြင္ ဘိုဘိုလတ္ အား ဖမ္းဆီးရမိၿပီးေနာက္ ကြင္းဆက္ တရားခံမ်ားအား ဆက္လက္ ေဖာ္ထုတ္ဖမ္းဆီးရာ မင္းလွၿမိဳ႕မွ ေဇာ္ႀကီး၊ မင္းလွၿမိဳ႕နယ္ ရြာေတာ္ေက်းရြာ၊ မင္းဘူး-မင္းလွ ကားလမ္းမေဘးတြင္ ေနအိမ္ေစ်းဆိုင္ဖြင့္ထားသည့္ မသီတာေအး၊ မင္းလွၿမိဳ႕ ရံုးရပ္ေျမာက္ပိုင္း (၃)လမ္းေန သိန္းလြင္၊ မေကြးၿမိဳ႕ ၊ ရန္မ်ိဳးႏိုင္ရပ္ကြက္(၈)လမ္းေန တင္ေမာင္ဆန္းႏွင့္ ၎၏ေနအိမ္တြင္ ေရာက္ရိွေနသည့္ သန္းႏိုင္ဦး၊ ေအာင္ဝင္း၊ တင္ေမာင္လွႏွင့္ ေက်ာ္ေက်ာ္ၿဖိဳးတို႔အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

ကားႀကီးကြင္းတြင္ ဖမ္းဆီးရမိသည့္ ဘိုဘိုလတ္ထံမွ စိတ္ၾကြရူးသြပ္ေဆးျပား (၃၇)ျပား၊ အဆိုပါ ေဆးျပားမ်ား ေရာင္းခ်လုိက္သည္ဟုဆိုေသာ မင္းလွၿမိဳ႕မွ ေဇာ္ႀကီး၏ ေနအိမ္တြင္ စိတ္ၾကြေဆးျပား ရွာေဖြေတြ႔ရျခင္း မရိွ၊ ရြာေတာ္ေက်းရြာမွ မသီတာေအး၏ေစ်းဆိုင္မွ စိတ္ၾကြေဆးျပား (၄၅)ျပား၊ ရံုးရပ္ေျမာက္ပုိင္းရပ္ကြက္ ၊ သိန္းလြင္ထံမွ စိတ္ၾကြေဆးျပား (၅၀)ျပား၊ မေကြးၿမိဳ႕ ရန္မ်ိဳးႏိုင္ရပ္ကြက္(၈)လမ္းေန တင္ေမာင္ဆန္း ထံမွ စိတ္ၾကြရူးသြပ္ေဆးျပား(၇၆၄)ျပား ႏွင့္ မူးယစ္ေဆးအသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္ ေနအိမ္တြင္ေရာက္ရိွေနသူ ေလးဦးတို႔အား ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိမႈမ်ားႏွင့္ ပတ္သက္၍ ဘိုဘိုလတ္ အား မေကြးၿမိဳ႕ နယ္ေျမရဲစခန္းတြင္ မယ(ပ)၁/၂၀၁၇၊မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၀(က)အရ လည္းေကာင္း၊ သီတာေအးႏွင္႔ သိန္းလြင္တို႔အား မင္းလွၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၂/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ တို႔အရလည္းေကာင္း၊ သိန္းလြင္ႏွင့္ တင္ေမာင္ဆန္းတို႔အား မင္းလွၿမိဳ႕မရဲစခန္းမွ မယ(ပ)၃/၂၀၁၇၊မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ တို႔အရ လည္းေကာင္း၊ တင္ေမာင္ဆန္း၊ သန္းႏိုင္ဦး၊ေအာင္ဝင္း၊ တင္ေမာင္လွ၊ ေက်ာ္ေက်ာ္ၿဖိဳးတို႔အား မေကြးၿမိဳ႕ နယ္ေျမရဲစခန္းမွ မယ(ပ)၂/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၀(က)/၂၁တို႔အရ လည္းေကာင္း အမႈဖြင္႔အေရးယူ ေဆာင္ရြက္ထားေၾကာင္း ရဲစခန္းမွတ္တမ္းအရ သိရသည္။

သတင္း - ဖီးနစ္





~~~~~~~~⊰❂ unicode ~~~~~~~~


မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့၊ ကားကြီးကွင်းနှင့် မင်းလှမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ရောင်းချ သူများအား သြဂုတ်လ (၁၃)ရက်နေ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု(၁၅)မကွေးမှ သိရသည်။

“သြဂုတ် (၁၃) ရက် ညနေ သုံးနာရီအချိန်လောက်မှာ ကားကြီးကွင်းထဲမှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ စောင့်ဆိုင်းပြီး ဘိုဘိုလတ် ဆိုသူကို စိတ်ကြွရူးသွပ်ဆေးပြား (၃၇) ပြားနဲ့အတူ တွေ့ရှိဖမ်းဆီးနိုင်ခဲ့တာပါ”ဟု မူးယစ်တပ်ဖွဲ့စု(၁၅)မကွေးမှ ခေတ္တ မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူးလှဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 မူးယစ်တပ်ဖွဲ့စု(၁၅)မကွေးနှင့် မကွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သြဂုတ်လ (၁၃)ရက်နေ့တွင် ဘိုဘိုလတ် အား ဖမ်းဆီးရမိပြီးနောက် ကွင်းဆက် တရားခံများအား ဆက်လက် ဖော်ထုတ်ဖမ်းဆီးရာ မင်းလှမြို့မှ ဇော်ကြီး၊ မင်းလှမြို့နယ် ရွာတော်ကျေးရွာ၊ မင်းဘူး-မင်းလှ ကားလမ်းမဘေးတွင် နေအိမ်ဈေးဆိုင်ဖွင့်ထားသည့် မသီတာအေး၊ မင်းလှမြို့ ရုံးရပ်မြောက်ပိုင်း (၃)လမ်းနေ သိန်းလွင်၊ မကွေးမြို့၊ ရန်မျိုးနိုင်ရပ်ကွက်(၈)လမ်းနေ တင်မောင်ဆန်းနှင့်၎င်း၏နေအိမ်တွင် ရောက်ရှိနေသည့် သန်းနိုင်ဦး၊ အောင်ဝင်း၊ တင်မောင်လှနှင့် ကျော်ကျော်ဖြိုးတို့အား ဖမ်းဆီးရမိကြောင်း သိရသည်။

ကားကြီးကွင်းတွင် ဖမ်းဆီးရမိသည့် ဘိုဘိုလတ်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၇)ပြား၊ အဆိုပါ ဆေးပြားများ ရောင်းချလိုက်သည်ဟုဆိုသော မင်းလှမြို့မှ ဇော်ကြီး၏ နေအိမ်တွင် စိတ်ကြွဆေးပြား ရှာဖွေတွေ့ရခြင်း မရှိ၊ ရွာတော်ကျေးရွာမှ မသီတာအေး၏ဈေးဆိုင်မှ စိတ်ကြွဆေးပြား (၄၅)ပြား၊ ရုံးရပ်မြောက်ပိုင်းရပ်ကွက်၊ သိန်းလွင်ထံမှ စိတ်ကြွဆေးပြား (၅၀)ပြား၊ မကွေးမြို့ ရန်မျိုးနိုင်ရပ်ကွက်(၈)လမ်းနေ တင်မောင်ဆန်း ထံမှ စိတ်ကြွရူးသွပ်ဆေးပြား(၇၆၄)ပြား နှင့် မူးယစ်ဆေးအသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် နေအိမ်တွင်ရောက်ရှိနေသူ လေးဦးတို့အား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ ဘိုဘိုလတ် အား မကွေးမြို့ နယ်မြေရဲစခန်းတွင် မယ(ပ)၁/၂၀၁၇၊မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)အရ လည်းကောင်း၊ သီတာအေးနှင့် သိန်းလွင်တို့အား မင်းလှမြို့မရဲစခန်းတွင် မယ(ပ)၂/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ တို့အရလည်းကောင်း၊ သိန်းလွင်နှင့် တင်မောင်ဆန်းတို့အား မင်းလှမြို့မရဲစခန်းမှ မယ(ပ)၃/၂၀၁၇၊မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ တို့အရ လည်းကောင်း၊ တင်မောင်ဆန်း၊ သန်းနိုင်ဦး၊အောင်ဝင်း၊ တင်မောင်လှ၊ ကျော်ကျော်ဖြိုးတို့အား မကွေးမြို့ နယ်မြေရဲစခန်းမှ မယ(ပ)၂/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁တို့အရ လည်းကောင်း အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

သတင်း - ဖီးနစ် 
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::