အခ်ဳပ္က်ေနသည္႔သားထံ စိတ္ၾကြရူးသြပ္ေဆးျပားသယ္လာေပးသည့္ မိခင္အား အေရးယူထား

အခ်ဳပ္က်ေနသည္႔သားထံ စိတ္ၾကြရူးသြပ္ေဆးျပားသယ္လာေပးသည့္ မိခင္အား အေရးယူထား
သြဂုတ် 3, 2017
By Tachileik News Agency

မေကြးခရိုင္တရားရံုးဝန္း အတြင္းရိွ တရားရံုးရဲအခ်ဳပ္တြင္ သားျဖစ္သူထံသို႔ ၾသဂုတ္(၂)ရက္ေန႔၌ ဧည့္လာေတြ႔သည့္ မိခင္ျဖစ္သူက လက္ဖက္သုပ္ႏွင့္အတူ စိတ္ၾကြရူးသြပ္ေဆးျပားပါ ထည့္သြင္းေပးပို႔သျဖင့္ ႏွစ္ဦးလံုးကို မူး/စိတ္ ပုဒ္မျဖင္႔ ထပ္မံအမႈဖြင္႔ အေရးယူထားေၾကာင္း မေကြးၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ သိရသည္။

“လက္ဖက္သုပ္ အိတ္ထဲက ေတြ႔ရိွရတဲ့ အထုပ္ေသးကို သက္ေသမ်ားရဲ႕ေရွ႕ေမွာက္မွာ စစ္ေဆးတဲ႔အခါ စိတ္ၾကြရူးသြပ္ေဆးျပားလို႔ ယူဆရတဲ႔ 88 စာတမ္းပါ ပန္းေရာင္ေဆးျပား (၂၂) ျပား၊ ပဲ႔ေၾကြေနတာက (၃) ျပား စုစုေပါင္း (၂၅) ျပား ေတြ႔ရိွတဲ႔အတြက္ ရွာေဖြပံုစံနဲ႔သိမ္းဆည္းၿပီး သယ္ေဆာင္လာတဲ႔မိခင္ေရာ သယ္ ခိုင္းတဲ႔သားကိုပါ ထပ္မံအေရးယူေဆာင္ရြက္ထားပါတယ္”ဟု အမႈစစ္တာဝန္ရယူထားသူ ဒုရဲအုပ္ ထန္လိန္ကီး က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးခရိုင္တရားရံုးဝန္း အတြင္းရိွ တရားရံုးရဲအခ်ဳပ္၌ ေခ်ာက္ၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ မယ(ပ)၄/၂၀၁၆၊မူး/စိတ္ ပုဒ္မ ၁၅/၁၉(က)/၂၀(က)/၂၁ တို႔ျဖင္႔ ခ်ဳပ္ေႏွာင္ခံထားရသူ သိန္းေဌးစိုး(ခ)ေပါက္ႀကီးထံသို႔ အသက္(၆၇)ႏွစ္ အရြယ္ မိခင္ျဖစ္သူက ဧည္႔ေတြ႔လာေရာက္ရင္း ေပးပို႔ေသာ လက္ဖက္သုပ္ထည္႔ထားသည္႔ ကၽြတ္ကၽြတ္ အိတ္ကို ရုုံုးထုတ္လံုၿခံဳေရးတာဝန္ခံက မသကၤာ၍ စစ္ေဆးရာ အဆိုပါလက္ဖက္သုပ္အိတ္ထဲမွ အျဖဴေရာင္ ကၽြတ္ကၽြတ္အိတ္အား အနက္ေရာင္တိပ္ျဖင္႔ပတ္ထားေသာ တစ္လကၼခန္႔အရြယ္အထုပ္ေသးကို ေတြ႔ရိွခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင္႔ပတ္သက္၍ သိန္းေဌးစိုး(ခ)ေပါက္ႀကီးႏွင့္ ၎၏မိခင္ျဖစ္သူတို႔အား မေကြးၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၂/၂၀၁၇၊မူး/စိတ္ ပုဒ္မ ၁၅/၁၆(ဂ)/၂၁ တို႔ျဖင္႔ အမႈဖြင္႔ အေရး ယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးခရိုင်တရားရုံးဝန်း အတွင်းရှိ တရားရုံးရဲအချုပ်တွင် သားဖြစ်သူထံသို့ သြဂုတ်(၂)ရက်နေ့၌ ဧည့်လာတွေ့သည့် မိခင်ဖြစ်သူက လက်ဖက်သုပ်နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြားပါ ထည့်သွင်းပေးပို့သဖြင့် နှစ်ဦးလုံးကို မူး/စိတ် ပုဒ်မဖြင့် ထပ်မံအမှုဖွင့် အရေးယူထားကြောင်း မကွေးမြို့ မြို့မရဲစခန်းမှ သိရသည်။

“လက်ဖက်သုပ် အိတ်ထဲက တွေ့ရှိရတဲ့ အထုပ်သေးကို သက်သေများရဲ့ရှေ့မှောက်မှာ စစ်ဆေးတဲ့အခါ စိတ်ကြွရူးသွပ်ဆေးပြားလို့ ယူဆရတဲ့ 88 စာတမ်းပါ ပန်းရောင်ဆေးပြား (၂၂) ပြား၊ ပဲ့ကြွေနေတာက (၃) ပြား စုစုပေါင်း (၂၅) ပြား တွေ့ရှိတဲ့အတွက် ရှာဖွေပုံစံနဲ့သိမ်းဆည်းပြီး သယ်ဆောင်လာတဲ့မိခင်ရော သယ် ခိုင်းတဲ့သားကိုပါ ထပ်မံအရေးယူဆောင်ရွက်ထားပါတယ်”ဟု အမှုစစ်တာဝန်ရယူထားသူ ဒုရဲအုပ် ထန်လိန်ကီး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးခရိုင်တရားရုံးဝန်း အတွင်းရှိ တရားရုံးရဲအချုပ်၌ ချောက်မြို့ မြို့မရဲစခန်းမှ မယ(ပ)၄/၂၀၁၆၊မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ တို့ဖြင့် ချုပ်နှောင်ခံထားရသူ သိန်းဌေးစိုး(ခ)ပေါက်ကြီးထံသို့ အသက်(၆၇)နှစ် အရွယ် မိခင်ဖြစ်သူက ဧည့်တွေ့လာရောက်ရင်း ပေးပို့သော လက်ဖက်သုပ်ထည့်ထားသည့် ကျွတ်ကျွတ် အိတ်ကို ရုံးထုတ်လုံခြုံရေးတာဝန်ခံက မသင်္ကာ၍ စစ်ဆေးရာ အဆိုပါလက်ဖက်သုပ်အိတ်ထဲမှ အဖြူရောင် ကျွတ်ကျွတ်အိတ်အား အနက်ရောင်တိပ်ဖြင့်ပတ်ထားသော တစ်လက္မခန့်အရွယ်အထုပ်သေးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သိန်းဌေးစိုး(ခ)ပေါက်ကြီးနှင့်၎င်း၏မိခင်ဖြစ်သူတို့အား မကွေးမြို့ မြို့မရဲစခန်းတွင် မယ(ပ)၂/၂၀၁၇၊မူး/စိတ် ပုဒ်မ ၁၅/၁၆(ဂ)/၂၁ တို့ဖြင့် အမှုဖွင့် အရေး ယူဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~