တာခ်ီလိတ္တြင္ အိုက္စ္ ၁၀၈ ကီလိုအား အိမ္ေစာင့္ႏွင့္အတူ ဖမ္းဆီးရမိသည့္ ေနအိမ္မွ အိမ္ရွင္ႏွစ္ဦး ထြက္ေျပးေန

တာခ်ီလိတ္တြင္ အိုက္စ္ ၁၀၈ ကီလိုအား အိမ္ေစာင့္ႏွင့္အတူ ဖမ္းဆီးရမိသည့္ ေနအိမ္မွ အိမ္ရွင္ႏွစ္ဦး ထြက္ေျပးေန
သြဂုတ် 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕တြင္ ၾသဂုတ္လ(၂၃)ရက္ေန႔က မူးယစ္ေဆးဖမ္းဆီး ရရိွမႈႏွင့္ ဆက္စပ္၍ တာခ်ီလိတ္ၿမိဳ႕၊ ၀ိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့(တြင္း)ရြာရွိ ေနအိမ္အား ရွာေဖြရာ အိုက္စ္ (၁၀၈)ကီလိုႏွင့္ ေမာ္ေတာ္ယာဥ္ (၇)စီးကို အိမ္ေစာင့္ႏွင့္အတူ ရွာေဖြေတြ႔ရွိရေသာ္လည္း အိမ္ရွင္ႏွစ္ဦးမွာ ထြက္ေျပး တိမ္းေရွာင္သြားေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္ႏွင့္ သက္ဆုိင္ရာမ်ား ပါဝင္သည့္ပူးေပါင္းအဖြဲ႕သည္ ၾသဂုတ္လ (၂၃)ရက္ေန႔ ညေန (၆)နာရီခြဲခန္႔တြင္ တာခ်ီလိတ္ၿမိဳ႕၊ ဝိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့ (တြင္း) ရြာမွေနအိမ္အား ဝင္ေရာက္ရွာေဖြရာ အိမ္ရွင္ႏွင့္ဇနီးျဖစ္သူတို႔အား မေတြ႔ရဘဲ အိမ္ေစာင့္ျဖစ္သူကိုသာ ေတြ႔ရေၾကာင္း သိရသည္။

အဆိုပါ ေနအိမ္ ကားဂိုေဒါင္အတြင္း Vigo အျဖဴေရာင္ ေမာ္ေတာ္ယာဥ္ အင္ဂ်င္ခန္းအတြင္းမွ တ႐ုတ္စာတမ္းပါ လက္ဖက္ေျခာက္အိတ္ျဖင့္ထည့္လ်က္ အိုက္စ္ (၈)ကီလိုခန႔္၊ Honda Civic အမ်ိဳးအစား အျဖဴေရာင္ေမာ္ေတာ္ယာဥ္အတြင္း ထိုင္ခုံေနာက္ေက်ာ အံဝွက္အတြင္းမွ တ႐ုတ္စာတမ္းပါ လက္ဖက္ေျခာက္ အိတ္ျဖင့္ထည့္လ်က္ အိုက္စ္ (၅၇)ကီလိုခန႔္၊ Mercedes Benz အမ်ိဳးအစား ခဲေရာင္ေမာ္ေတာ္ယာဥ္ ေနာက္ဖုံးအံဝွက္ ဝဲ/ယာ အတြင္းမွ တ႐ုတ္စာတမ္းပါ လက္ဖက္ေျခာက္ အိတ္ျဖင့္ထည့္လ်က္ အိုက္စ္ (၄၃)ကီလို စုစုေပါင္း အိုက္စ္အေလးခ်ိန္ (၁၀၈)ကီလိုအား ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

မူးယစ္ေဆးမ်ား ဝွက္ထားသည့္ ကားသံုးစီးအျပင္ ဂိုေဒါင္အတြင္းမွ Lexus အျဖဴေရာင္ ေမာ္ေတာ္ယာဥ္ (၁)စီး၊ Vigo အျဖဴေရာင္ ေမာ္ေတာ္ယာဥ္ (၁)စီး၊ Toyota Succeed အနက္ေရာင္ ေမာ္ေတာ္ယာဥ္ (၁)စီး၊ Toyota Crown အျဖဴေရာင္ ေမာ္ေတာ္ယာဥ္ (၁)စီး၊ Honda PCX-150 ျဖဴ/နီေရာင္ ဆိုင္ကယ္ (၁)စီး၊ Honda PCX-150 ျဖဴ/မဲေရာင္ ဆိုင္ကယ္(၁)စီးႏွင့္ ေနအိမ္အိပ္ခန္းအတြင္းရွိ မီးခံေသတၱာ (၂)လုံးအတြင္းမွ ထိုင္းဘတ္ေငြ (၃)သိန္းႏွင့္ ျမန္မာက်ပ္ေငြ (၂)သိန္းတို႔အား စစ္ေဆးေတြ႔ရိွရေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ၿခံေစာင့္ျဖစ္သူႏွင့္ ထြက္ေျပးတိမ္းေရွာင္ေနသည့္ အိမ္ရွင္ႏွစ္ဦး တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၄၇/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အေရးယူ ေဆာင္ရြက္ထားရွိၿပီး ဆက္စပ္တရားခံမ်ား ဖမ္းဆီးရမိေရးအတြက္ ဆက္လက္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် သြဂုတ်လ(၂၃)ရက်နေ့က မူးယစ်ဆေးဖမ်းဆီး ရရှိမှုနှင့် ဆက်စပ်၍ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)ရွာရှိ နေအိမ်အား ရှာဖွေရာ အိုက်စ် (၁၀၈)ကီလိုနှင့် မော်တော်ယာဉ် (၇)စီးကို အိမ်စောင့်နှင့်အတူ ရှာဖွေတွေ့ရှိရသော်လည်း အိမ်ရှင်နှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် သက်ဆိုင်ရာများ ပါဝင်သည့်ပူးပေါင်းအဖွဲ့သည် သြဂုတ်လ (၂၃)ရက်နေ့ ညနေ (၆)နာရီခွဲခန့်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ (တွင်း) ရွာမှနေအိမ်အား ဝင်ရောက်ရှာဖွေရာ အိမ်ရှင်နှင့်ဇနီးဖြစ်သူတို့အား မတွေ့ရဘဲ အိမ်စောင့်ဖြစ်သူကိုသာ တွေ့ရကြောင်း သိရသည်။

အဆိုပါ နေအိမ် ကားဂိုဒေါင်အတွင်း Vigo အဖြူရောင် မော်တော်ယာဉ် အင်ဂျင်ခန်းအတွင်းမှ တရုတ်စာတမ်းပါ လက်ဖက်ခြောက်အိတ်ဖြင့်ထည့်လျက် အိုက်စ် (၈)ကီလိုခန့်၊ Honda Civic အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အတွင်း ထိုင်ခုံနောက်ကျော အံဝှက်အတွင်းမှ တရုတ်စာတမ်းပါ လက်ဖက်ခြောက် အိတ်ဖြင့်ထည့်လျက် အိုက်စ် (၅၇)ကီလိုခန့်၊ Mercedes Benz အမျိုးအစား ခဲရောင်မော်တော်ယာဉ် နောက်ဖုံးအံဝှက် ဝဲ/ယာ အတွင်းမှ တရုတ်စာတမ်းပါ လက်ဖက်ခြောက် အိတ်ဖြင့်ထည့်လျက် အိုက်စ် (၄၃)ကီလို စုစုပေါင်း အိုက်စ်အလေးချိန် (၁၀၈)ကီလိုအား ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

မူးယစ်ဆေးများ ဝှက်ထားသည့် ကားသုံးစီးအပြင် ဂိုဒေါင်အတွင်းမှ Lexus အဖြူရောင် မော်တော်ယာဉ် (၁)စီး၊ Vigo အဖြူရောင် မော်တော်ယာဉ် (၁)စီး၊ Toyota Succeed အနက်ရောင် မော်တော်ယာဉ် (၁)စီး၊ Toyota Crown အဖြူရောင် မော်တော်ယာဉ် (၁)စီး၊ Honda PCX-150 ဖြူ/နီရောင် ဆိုင်ကယ် (၁)စီး၊ Honda PCX-150 ဖြူ/မဲရောင် ဆိုင်ကယ်(၁)စီးနှင့် နေအိမ်အိပ်ခန်းအတွင်းရှိ မီးခံသေတ္တာ (၂)လုံးအတွင်းမှ ထိုင်းဘတ်ငွေ (၃)သိန်းနှင့် မြန်မာကျပ်ငွေ (၂)သိန်းတို့အား စစ်ဆေးတွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ခြံစောင့်ဖြစ်သူနှင့် ထွက်ပြေးတိမ်းရှောင်နေသည့် အိမ်ရှင်နှစ်ဦး တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၄၇/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အရေးယူ ဆောင်ရွက်ထားရှိပြီး ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးအတွက် ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~