ဒီးေမာ့ဆိုၿမိဳ႕နယ္၌ မူးယစ္ေဆးခ်က္လုပ္သည့္ ပီႏိုင္းအက္ဆီးတစ္အက္စစ္ (၉၅၀)ကီလိုဂရမ္ သယ္ေဆာင္လာသည့္ ကားအား ဖမ္းဆီးရမိ

ဒီးေမာ့ဆိုၿမိဳ႕နယ္၌ မူးယစ္ေဆးခ်က္လုပ္သည့္ ပီႏိုင္းအက္ဆီးတစ္အက္စစ္ (၉၅၀)ကီလိုဂရမ္ သယ္ေဆာင္လာသည့္ ကားအား ဖမ္းဆီးရမိ
သြဂုတ် 24, 2017
By Tachileik News Agency

မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္အသုံးျပဳသည့္ ပီနိုင္းအက္ဆီးတစ္အက္စစ္ အေလးခ်ိန္(၉၅၀)ကီလိုဂရမ္အား သယ္ေဆာင္လာသည့္ ကားတစ္စီးကို ကယားျပည္နယ္ ၊ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ေဒါတဝီေက်းရြာ၏ အေရွ႕ဘက္ လြိဳင္ေကာ္- ဒီးေမာ့ဆို- ေတာင္ငူ ကားလမ္းတြင္ ၾသဂုတ္လ (၂၃) ရက္ေန႔က ဖမ္းဆီးရမိလိုက္ေၾကာင္းသိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၊ တပ္ဖြဲ႕စု(၂၀)လြိဳင္ေကာ္မွ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ၾသဂုတ္လ (၂၃) ရက္ေန႔ နံနက္ (၁၀)နာရီခြဲခန္႔က ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ေဒါတဝီေက်းရြာ၏ အေရွ႕ဘက္ လြိဳင္ေကာ္-ဒီးေမာ့ဆို- ေတာင္ငူ ကားလမ္းမေပၚတြင္ ဒီးေမာ့ဆိုၿမိဳ႕ဘက္မွ ေတာင္ငူၿမိဳ႕ဘက္သို႔ ဦးေပါလုေမာင္းႏွင္ၿပီး ဇနီးျဖစ္သူ ေဒၚရာစင္းသာ(ခ)ေဒၚအုန္းၾကည္လိုက္ပါလာသည့္ Toyota Hilux ယာဥ္အား စစ္ေဆးရာ မူးယစ္ေဆးဝါး ခ်က္လုပ္ရာတြင္ အသုံးျပဳသည့္ ပီနိုင္းအက္ဆီးတစ္အက္စစ္(၁၉၀)ကီလိုဂရမ္ခန္႔စီပါ သံပီပါ(၅)လုံး၊ စုစုေပါင္း အေလးခ်ိန္(၉၅၀)ကီလိုဂရမ္အား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါပစၥည္းမ်ား၏ ပိုင္ရွင္ျဖစ္သည့္ လြိဳင္ေကာ္ၿမိဳ႕၊ မိုင္းလုံးရပ္ကြက္မွ မစုေလးႏြယ္(ခ) မခင္ေလးႏြယ္(ခ) မေလးႏြယ္၏ ေနအိမ္အား ဆက္လက္ရွာေဖြရာ ေနအိမ္၌ မစုေလးႏြယ္ (ခ) မခင္ေလးႏြယ္ (ခ) မေလးႏြယ္အား ေတြ႕ရွိရေၾကာင္း သိရသည္။

ဦးေပါလု၊ ေဒၚရာစင္းသာႏွင့္ မစုေလးႏြယ္(ခ)မခင္ေလးႏြယ္(ခ)မေလးႏြယ္တို႔(၃)ဦးအား လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃၄/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(ခ)/ ၂၀(က)/၂၁ အရ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပီနိုင်းအက်ဆီးတစ်အက်စစ် အလေးချိန်(၉၅၀)ကီလိုဂရမ်အား သယ်ဆောင်လာသည့် ကားတစ်စီးကို ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတဝီကျေးရွာ၏ အရှေ့ဘက် လွိုင်ကော်- ဒီးမော့ဆို- တောင်ငူ ကားလမ်းတွင် သြဂုတ်လ (၂၃) ရက်နေ့က ဖမ်းဆီးရမိလိုက်ကြောင်းသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၂၀)လွိုင်ကော်မှ ရဲတပ်ဖွဲ့ဝင်များသည် သြဂုတ်လ (၂၃) ရက်နေ့ နံနက် (၁၀)နာရီခွဲခန့်က ဒီးမော့ဆိုမြို့နယ်၊ ဒေါတဝီကျေးရွာ၏ အရှေ့ဘက် လွိုင်ကော်-ဒီးမော့ဆို- တောင်ငူ ကားလမ်းမပေါ်တွင် ဒီးမော့ဆိုမြို့ဘက်မှ တောင်ငူမြို့ဘက်သို့ ဦးပေါလုမောင်းနှင်ပြီး ဇနီးဖြစ်သူ ဒေါ်ရာစင်းသာ(ခ)ဒေါ်အုန်းကြည်လိုက်ပါလာသည့် Toyota Hilux ယာဉ်အား စစ်ဆေးရာ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပီနိုင်းအက်ဆီးတစ်အက်စစ်(၁၉၀)ကီလိုဂရမ်ခန့်စီပါ သံပီပါ(၅)လုံး၊ စုစုပေါင်း အလေးချိန်(၉၅၀)ကီလိုဂရမ်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပစ္စည်းများ၏ ပိုင်ရှင်ဖြစ်သည့် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှ မစုလေးနွယ်(ခ) မခင်လေးနွယ်(ခ) မလေးနွယ်၏ နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်၌ မစုလေးနွယ် (ခ) မခင်လေးနွယ် (ခ) မလေးနွယ်အား တွေ့ရှိရကြောင်း သိရသည်။

ဦးပေါလု၊ ဒေါ်ရာစင်းသာနှင့် မစုလေးနွယ်(ခ)မခင်လေးနွယ်(ခ)မလေးနွယ်တို့(၃)ဦးအား လွိုင်ကော်မြို့မရဲစခန်းတွင် မယ(ပ)၃၄/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)/ ၂၀(က)/၂၁ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~