နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ အွန်လိုင်းဗီဒီယိုဖြင့် ဆွေးနွေးပွဲ ပြုလုပ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ အွန်လိုင်းဗီဒီယိုဖြင့် ဆွေးနွေးပွဲ ပြုလုပ်
သွဂုတျ 23, 2017
By Tachileik News Agency



မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မကွေးတိုင်းဒေသကြီးအတွင်း ရေနံမြေတစ်ခုတွေ့ရှိထားချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ထံ တင်ပြခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ မြေပြင်အနေအထားအား ကွင်းဆင်း စစ်ဆေးလေ့လာကာ အမြန်ဆုံးဆောင်ရွက်နိုင်ရေး၊ တိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းခံ လယ်ယာမြေများအား သက်ဆိုင်ရာများက ပြန်လည်စွန့်လွှတ်ရန် ကြန့်ကြာမှုများရှိနေသည့်အပေါ် အမြန်ဆုံး ဆောင်ရွက်ပေးရေး၊ မြို့ပြနှင့်အလှမ်းဝေးသည့် ကျေးလက်တောရွာများအနီး၌ တောင်သူ အသုံးပြုယာဉ်များအတွက် အသေးစားပန့်သုံး ဓာတ်ဆီဆိုင်များ ထားရှိ ဖွင့်လှစ်ခွင့်ပြုနိုင်ရေး၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းကြားမှ သတ္တုကြောသိုက်တွေ့ရှိ ထားချက်အပေါ် ပြည်ထောင်စုအစိုးရမှ လိုအပ်သလို စိစစ်၍ သုတေသန ပြုနိုင်ရေးနှင့် ယခင် တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေထဲမှ ပြန်ရခဲ့သော သန်းပေါင်း(၃၂၇၀) ကို သုံးစွဲရန် လျာထားချက်များအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။


ယခင် တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေမှ ပြန်ရငွေဖြင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ အပူပိုင်းစိမ်းလန်း စိုပြည်ရေးဌာန၊ စိုက်ပျိုးရေး ဌာန၊ ပညာရေးဌာနနှင့် FDA ဌာနများအတွက် တိုယိုတာ ပစ်ကပ်ကား(၅)စီး၊ မဟာဓာတ်အားလိုင်းနှင့် အလှမ်းဝေးသည့် ကျေးရွာများ၌ မီးစက်အသုံးပြုရသော တိုက်နယ် ဆေးရုံများ အတွက် ရန်ပုံငွေ၊ e – government စနစ် အကောင်အထည်ဖော်ဆောင်ရန်၊ တိုင်းအတွင်း(၂၅)မြို့နယ်အတွက် ဟိုက်ဒရောလစ်အမှိုက်သိမ်းယာဉ် (၃၃)စီး၊ တိုက်နယ်များ အတွက် မီးသတ်ယာဉ်/ ရေသယ်ယာဉ် (၂၃)စီး ၊ ရွှေ စက်တော်နှင့် ခရိုင်မြို့ကြီးများအတွက် မိလ္လာရေဆိုးစုပ်ယာဉ် (၅)စီးနှင့် ကျေးလက်ဒေသလမ်းပန်း ဆက်သွယ်ရေး၊ ဖွံ့ဖြိုးရေးများအတွက်သုံးရန်လျာထားကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ပြောကြားချက်အရ သိရသည်။

သတင်း - ဖီးနစ်


~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အပါအဝင် တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ သြဂုတ်လ(၂၃)ရက်နေ့က အွန်လိုင်းဗီဒီယိုဖြင့် ဆွေးနွေးပွဲပြုလုပ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

“မနေ့က ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းတွေက အစိုးရအဖွဲ့နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အွန်လိုင်း ဗီဒီယိုကနေ အမေးအဖြေ ပြုလုပ်ကြပြီး ဒီနေ့ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတွေက အစိုးရအဖွဲ့တွေနဲ့ ပြုလုပ်တာဖြစ်ပါတယ်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်လိုတဲ့ အချက်တွေကို တင်ပြခဲ့ပါတယ်”ဟု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မကွေးတိုင်းဒေသကြီးအတွင်း ရေနံမြေတစ်ခုတွေ့ရှိထားချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ထံ တင်ပြခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ မြပြေင်အနေအထားအား ကွင်းဆင်း စစ်ဆေးလေ့လာကာ အမြန်ဆုံးဆောင်ရွက်နိုင်ရေး၊ တိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းခံ လယ်ယာမြေများအား သက်ဆိုင်ရာများက ပြန်လည်စွန့်လွှတ်ရန် ကြန့်ကြာမှုများရှိနေသည့်အပေါ် အမြန်ဆုံး ဆောင်ရွက်ပေးရေး၊ မြို့ပြနှင့်အလှမ်းဝေးသည့် ကျေးလက်တောရွာများအနီး၌ တောင်သူ အသုံးပြုယာဉ်များအတွက် အသေးစားပန့်သုံး ဓာတ်ဆီဆိုင်များ ထားရှိ ဖွင့်လှစ်ခွင့်ပြုနိုင်ရေး၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းကြားမှ သတ္တုကြောသိုက်တွေ့ရှိ ထားချက်အပေါ် ပြည်ထောင်စုအစိုးရမှ လိုအပ်သလို စိစစ်၍ သုတေသန ပြုနိုင်ရေးနှင့် ယခင် တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေထဲမှ ပြန်ရခဲ့သော သန်းပေါင်း(၃၂၇၀) ကို သုံးစွဲရန် လျာထားချက်များအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

“အဲဒီငွေနဲ့ပတ်သက်ပြီး ဘာတွေသုံးမလဲဆိုတာ ပြည်ထောင်စုအစိုးရက မေးထားတာရှိတယ်။ ဘယ်လို သုံးစွဲမယ်ဆိုတာကို တင်ပြထားတာရှိတယ်။ စိစစ်ပြီးတော့ ခွင့်ပြုဖို့ပြောထားပါတယ်”ဟု ဝန်ကြီးချုပ် က ပြောသည်။

ယခင် တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေမှ ပြန်ရငွဖြေင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ အပူပိုင်းစိမ်းလန်း စိုပြည်ရေးဌာန၊ စိုက်ပျိုးရေး ဌာန၊ ပညာရေးဌာနနှင့် FDA ဌာနများအတွက် တိုယိုတာ ပစ်ကပ်ကား(၅)စီး၊ မဟာဓာတ်အားလိုင်းနှင့် အလှမ်းဝေးသည့် ကျေးရွာများ၌ မီးစက်အသုံးပြုရသော တိုက်နယ် ဆေးရုံများ အတွက် ရန်ပုံငွေ၊ e – government စနစ် အကောင်အထည်ဖော်ဆောင်ရန်၊ တိုင်းအတွင်း(၂၅)မြို့နယ်အတွက် ဟိုက်ဒရောလစ်အမှိုက်သိမ်းယာဉ် (၃၃)စီး၊ တိုက်နယ်များ အတွက် မီးသတ်ယာဉ်/ ရေသယ်ယာဉ် (၂၃)စီး၊ ရွှေ စက်တော်နှင့် ခရိုင်မြို့ကြီးများအတွက် မိလ္လာရေဆိုးစုပ်ယာဉ် (၅)စီးနှင့် ကျေးလက်ဒေသလမ်းပန်း ဆက်သွယ်ရေး၊ ဖွံ့ဖြိုးရေးများအတွက်သုံးရန်လျာထားကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ပြောကြားချက်အရ သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~