ကယားျပည္နယ္တြင္ ျပဳလုပ္မည့္ တန္ေလးေထာင္က် ဘိလပ္ေျမစက္ရံုစီမံကိန္းအတြက္ ျပည္နယ္အစိုးရႏွင့္ ကုမၸဏီ အပါအ၀င္ ေဒသခံ၊တို႔ လိြဳင္ေကာ္တြင္ ေတြ႕ဆံုမည္

ကယားျပည္နယ္တြင္ ျပဳလုပ္မည့္ တန္ေလးေထာင္က် ဘိလပ္ေျမစက္ရံုစီမံကိန္းအတြက္ ျပည္နယ္အစိုးရႏွင့္ ကုမၸဏီ အပါအ၀င္ ေဒသခံ၊တို႔ လိြဳင္ေကာ္တြင္ ေတြ႕ဆံုမည္
သြဂုတ် 22, 2017
By Tachileik News Agency

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕နယ္တြင္ တည္ေဆာက္ရန္ ၂၀၁၁ ခုႏွစ္က ခြင့္ျပဳထားသည့္ တန္ေလးေထာင္ ဘိလပ္ေျမ စက္ရံုစီမံကိန္းႏွင့္ ပတ္သက္၍ လူထုဆႏၵရယူရန္ ၾသဂုတ္လ (၂၅) ရက္ေန႔တြင္ လိြဳင္ေကာ္ၿမိဳ႕နယ္ ခန္းမ၌ ျပည္နယ္အစိုးရ၊ လုပ္ငန္းေဖာ္ေဆာင္မည့္ကုမၸဏီႏွင့္ ေဒသခံမ်ား ေတြ႔ဆံု သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ျပည္နယ္လူထုရဲ႕ သေဘာထားဆႏၵပါမွ အစိုးရက ခြင့္ျပဳမွာပါ။ ကန္႔ကြက္တဲ့သူလည္း ရွိမယ္။ ေထာက္ခံတဲ့ သူလည္း ရွိမယ္။ အဲဒါေပၚမူတည္ၿပီးေတာ့ ျပည္နယ္အစိုးရကလည္း ခြင့္ျပဳေပးမွာပါ။ ခြင့္ျပဳခ်က္ေပးတယ္ ဆိုတာထက္ ျမန္မာ့ရင္းႏွီးျမဳွပ္ႏွံမႈေကာ္မရွင္ကို အတည္ျပဳေပးမွာပါ။ ခြင့္ျပဳခ်က္ကလည္း ရၿပီးသားေလ။ အဲဒီေတာ့ ျပည္နယ္အစိုးရရဲ႕ ဆုံးျဖတ္ခ်က္ေပၚမူတည္ၿပီး ကြ်န္ေတာ္တို႔ ဆုံးျဖတ္သြားမွာေပါ့ "ဟု စီမံကိန္းေဖာ္ေဆာင္မည့္ ညီညာစြမ္းအားလုပ္ငန္းစုကုမၸဏီလီမိတက္ (Square Power Group Company Limited) ၏ Operation Director ဦးသက္ေမာင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စီမံကိန္းေဖာ္ေဆာင္မည့္ကုမၸဏီက လိြဳင္ေကာ္ၿမိဳ႕နယ္ ေတာင္သံုးလံုးေဒသ (ပႀကဲ-ေတာင္သံုးလံုးနယ္ေျမ)တြင္ တစ္ေန႔ တန္ေလးေထာင္က် ဘိလပ္ေျမစက္ရုံစီမံကိန္းႏွင့္ပတ္သက္၍ ကယားျပည္နယ္တြင္းရွိ ႏိုင္ငံေရးပါတီမ်ား၊ အရပ္ဖက္အဖြဲ႕အစည္းမ်ားျဖင့္ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ (၁၅)ရက္ေန႔တြင္ လိြဳင္ေကာ္ၿမိဳ႕၌ ေတြ႔ဆံုၿပီးေနာက္ ျပည္နယ္တြင္းမွ အရပ္ဖက္အဖြဲ႕အစည္း (၂၉)ဖြဲ႔ႏွင့္ ကယားျပည္နယ္ ျပင္ပမွ အရပ္ဖက္အဖြဲ႕အစည္း (၆)ဖြဲ႕တို႔က ယင္းေန႔မွာပင္ ထုတ္ျပန္ခ်က္တစ္ေစာင္ျဖင့္ ကန္႔ကြက္ထားၾကသည္။

အဆိိုပါထုတ္ျပန္ခ်က္တြင္ လုပ္ငန္းေဖာ္ေဆာင္မည့္ကုမၸဏီအေနျဖင့္ စီမံကိန္းႏွင့္ပတ္သက္သည့္ EIA၊ SIA၊ CSR တို႔ကို ထုတ္ျပန္မႈမရိွျခင္း၊ ကယားျပည္နယ္အတြင္း ဖြဲ႕စည္းထားသည့္ အစိုးရ လက္မွတ္ ေရးထုိးထားသည့္ EITI အဖြဲ႕ႏွင့္ ေဆြးေႏြးတုိင္ပင္ သေဘာထားရယူမႈမရိွျခင္းတုိ႔အျပင္ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္တြင္ ႏုိင္ငံေရးေဆြးေႏြးေနသည့္ကာလအတြင္း ၾကီးမားသည့္ရင္းႏွီးျမႇပ္ႏွံမႈမ်ား မလုပ္ေဆာင္ရန္ အစိုးရႏွင့္ KNPP ၏ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ရာေရာက္သည္ဟု ေထာက္ျပ ကန္႔ကြက္ထားၾကသည္။

"ကြ်န္ေတာ္တို႔နဲ႕ေဆြးေႏြးတဲ့ ဒီကုမၸဏီမွာ ပ်က္ကြက္မႈေတြအမ်ားႀကီး ရွိတယ္။ ဒီစီမံကိန္းနဲ႔ ပတ္သက္တဲ႕ မွတ္ခ်က္ေတြ ခ်ျပတာေတြမရွိဘူး။ ေနာက္တစ္ခုက လုပ္ငန္းပူးေပါင္းေဆာင္ရြက္တဲေ့နရာမွာ KNPP နဲ႔ ျပည္နယ္အစိုးရေရာ၊ ျပည္ေထာင္စုအစိုးရေရာ သေဘာတူလက္မွတ္ထိုးထားတာေတြ ရွိတယ္။ အဲဒီ သေဘာတူညီခ်က္ေတြထဲမွာမွ ဖြံ႕ျဖိဳးေရးလုပ္ငန္းေတြ လုပ္တဲ့ေနရာမွာ KNPP ကိုအသိေပးရမယ္။ ပူးေပါင္း ေဆာင္ရြက္မႈေတြ ရွိရမယ္။ ဒါ့အျပင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကာလမွာ ရင္းႏွီးျမဳွပ္ႏွံမႈအႀကီးစားေတြ မလုပ္ေသးဖို႕ သေဘာတူညီထားတာေတြ ရွိတယ္။ အဲဒါေတြကို ကုမၸဏီဖက္က ပ်က္ကြက္တယ္"ဟု ကယန္းအမ်ိဳးသားပါတီဥကၠဌ ခြန္ဘီထူးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ဘိလပ္ေျမစက္ရုံအား ျမန္မာ့ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ၂၀၁၁ ခုႏွစ္ ႏုိဝင္ဘာလ (၈)ရက္ေန႔တြင္ လည္းေကာင္း၊ ကယားျပည္နယ္အစိုးရက ၂၀၁၁ ခုႏွစ္ ႏိုဝင္ဘာလ (၁၁)ရက္ေန႔တြင္လည္းေကာင္း ခြင့္ျပဳခဲ့ျခင္းျဖစ္ၿပီး ပႀကဲေဒသရွိ ခ်ိကယ္ေက်းရြာအုပ္စုဆယ္စုမွ ေဒသခံမ်ားက ေထာက္ခံမဲ (၅၀၄)မဲ၊ ကန္႕ကြက္မဲ (၁၉၂)မဲ ျဖင့္ သေဘာတူအတည္ျပဳထားသျဖင့္ စက္ရံုတည္ေဆာက္မည့္ ပႀကဲ - ေတာင္သုံးလုံး ေဒသမွ ေျမဧက (၉၈.၀၉)ႏွင့္ ထုံးေက်ာက္ ထုတ္လုပ္မည့္ ေျမဧက ( ၂၉၁ .၈၀)တို႔အတြက္ ေျမယာေလ်ာ္ေၾကးႏွင့္ ေတာင္ယာေျပာင္းေရႊ႕စရိတ္မ်ားကို ၂၀၁၃ ခုႏွစ္ ဒီဇင္ဘာလ (၁၇)ရက္ေန႔တြင္ ေတာင္သူမ်ားထံ ေပးအပ္ထားၿပီးျဖစ္ေၾကာင္း အဆိုပါ ကုမၸဏီက ထုတ္ျပန္ထားသည္။

သတင္း #ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် တည်ဆောက်ရန် ၂၀၁၁ ခုနှစ်က ခွင့်ပြုထားသည့် တန်လေးထောင် ဘိလပ်မြေ စက်ရုံစီမံကိန်းနှင့် ပတ်သက်၍ လူထုဆန္ဒရယူရန် သြဂုတ်လ (၂၅) ရက်နေ့တွင် လွိုင်ကော်မြို့နယ် ခန်းမ၌ ပြည်နယ်အစိုးရ၊ လုပ်ငန်းဖော်ဆောင်မည့်ကုမ္ပဏီနှင့် ဒေသခံများ တွေ့ဆုံ သွားမည်ဖြစ်ကြောင်း သိရသည်။

"ပြည်နယ်လူထုရဲ့ သဘောထားဆန္ဒပါမှ အစိုးရက ခွင့်ပြုမှာပါ။ ကန့်ကွက်တဲ့သူလည်း ရှိမယ်။ ထောက်ခံတဲ့ သူလည်း ရှိမယ်။ အဲဒါပေါ်မူတည်ပြီးတော့ ပြည်နယ်အစိုးရကလည်း ခွင့်ပြုပေးမှာပါ။ ခွင့်ပြုချက်ပေးတယ် ဆိုတာထက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို အတည်ပြုပေးမှာပါ။ ခွင့်ပြုချက်ကလည်း ရပြီးသားလေ။ အဲဒီတော့ ပြည်နယ်အစိုးရရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ကျွန်တော်တို့ ဆုံးဖြတ်သွားမှာပေါ့ "ဟု စီမံကိန်းဖော်ဆောင်မည့် ညီညာစွမ်းအားလုပ်ငန်းစုကုမ္ပဏီလီမိတက် (Square Power Group Company Limited)၏ Operation Director ဦးသက်မောင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စီမံကိန်းဖော်ဆောင်မည့်ကုမ္ပဏီက လွိုင်ကော်မြို့နယ် တောင်သုံးလုံးဒေသ (ပကြဲ-တောင်သုံးလုံးနယ်မြေ)တွင် တစ်နေ့ တန်လေးထောင်ကျ ဘိလပ်မြေစက်ရုံစီမံကိန်းနှင့်ပတ်သက်၍ ကယားပြည်နယ်တွင်းရှိ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများဖြင့် ၂၀၁၇ ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့တွင် လွိုင်ကော်မြို့၌ တွေ့ဆုံပြီးနောက် ပြည်နယ်တွင်းမှ အရပ်ဖက်အဖွဲ့အစည်း (၂၉)ဖွဲ့နှင့် ကယားပြည်နယ် ပြင်ပမှ အရပ်ဖက်အဖွဲ့အစည်း (၆)ဖွဲ့တို့က ယင်းနေ့မှာပင် ထုတ်ပြန်ချက်တစ်စောင်ဖြင့် ကန့်ကွက်ထားကြသည်။

အဆိုပါထုတ်ပြန်ချက်တွင် လုပ်ငန်းဖော်ဆောင်မည့်ကုမ္ပဏီအနဖြေင့် စီမံကိန်းနှင့်ပတ်သက်သည့် EIA၊ SIA၊ CSR တို့ကို ထုတ်ပြန်မှုမရှိခြင်း၊ ကယားပြည်နယ်အတွင်း ဖွဲ့စည်းထားသည့် အစိုးရ လက်မှတ် ရေးထိုးထားသည့် EITI အဖွဲ့နှင့် ဆွေးနွေးတိုင်ပင် သဘောထားရယူမှုမရှိခြင်းတို့အပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် နိုင်ငံရေးဆွေးနွေးနေသည့်ကာလအတွင်း ကြီးမားသည့်ရင်းနှီးမြှပ်နှံမှုများ မလုပ်ဆောင်ရန် အစိုးရနှင့် KNPP၏ သဘောတူညီချက်ကို ချိုးဖောက်ရာရောက်သည်ဟု ထောက်ပြ ကန့်ကွက်ထားကြသည်။

"ကျွန်တော်တို့နဲ့ဆွေးနွေးတဲ့ ဒီကုမ္ပဏီမှာ ပျက်ကွက်မှုတွေအများကြီး ရှိတယ်။ ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ မှတ်ချက်တွေ ချပြတာတွေမရှိဘူး။ နောက်တစ်ခုက လုပ်ငန်းပူးပေါင်းဆောင်ရွက်တေဲ့နရာမှာ KNPP နဲ့ ပြည်နယ်အစိုးရရော၊ ပြည်ထောင်စုအစိုးရရော သဘောတူလက်မှတ်ထိုးထားတာတွေ ရှိတယ်။ အဲဒီ သဘောတူညီချက်တွေထဲမှာမှ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တဲ့နေရာမှာ KNPP ကိုအသိပေးရမယ်။ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိရမယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလမှာ ရင်းနှီးမြှုပ်နှံမှုအကြီးစားတွေ မလုပ်သေးဖို့ သဘောတူညီထားတာတွေ ရှိတယ်။ အဲဒါတွေကို ကုမ္ပဏီဖက်က ပျက်ကွက်တယ်"ဟု ကယန်းအမျိုးသားပါတီဥက္ကဌ ခွန်ဘီထူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဘိလပ်မြေစက်ရုံအား မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် လည်းကောင်း၊ ကယားပြည်နယ်အစိုးရက ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့တွင်လည်းကောင်း ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပကြဲဒေသရှိ ချိကယ်ကျေးရွာအုပ်စုဆယ်စုမှ ဒေသခံများက ထောက်ခံမဲ (၅၀၄)မဲ၊ ကန့်ကွက်မဲ (၁၉၂)မဲ ဖြင့် သဘောတူအတည်ပြုထားသဖြင့် စက်ရုံတည်ဆောက်မည့် ပကြဲ - တောင်သုံးလုံး ဒေသမှ မြေဧက (၉၈.ဝ၉)နှင့် ထုံးကျောက် ထုတ်လုပ်မည့် မြေဧက ( ၂၉၁ .၈၀)တို့အတွက် မြေယာလျော်ကြေးနှင့် တောင်ယာပြောင်းရွှေ့စရိတ်များကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် တောင်သူများထံ ပေးအပ်ထားပြီးဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်ထားသည်။

သတင်း #ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~