ေလယာဥ္ေပၚတြင္ ေဆးလိပ္ေသာက္သည့္ ျမန္မာနိုင္ငံသား ဝန္ခံကတိလက္မွတ္ေရးထိုးရ

ေလယာဥ္ေပၚတြင္ ေဆးလိပ္ေသာက္သည့္ ျမန္မာနိုင္ငံသား ဝန္ခံကတိလက္မွတ္ေရးထိုးရ
သြဂုတ် 25, 2017
By Tachileik News Agency

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ထိုင္းနိုင္ငံသုဝဏၰဘူမိ ေလဆိပ္မွ ၾသဂုတ္လ (၂၄)ရက္ေန႔ နံနက္ (၉)နာရီခြဲက ပ်ံသန္းလာသည့္ ဘန္ေကာက္ေလေၾကာင္းလိုင္းျဖင့္ လုိက္ပါလာေသာ ျမန္မာနိုင္ငံသား တစ္ဦးမွ ေလယာဥ္ေပၚတြင္ ေဆးလိပ္ေသာက္သျဖင့္ ဝန္ခံကတိျပဳ လက္မွတ္ေရးထိုးခဲ့ရေၾကာင္း သိရသည္။

ေလယာဥ္ဆင္းသက္ရန္ မိနစ္(၃၀)ခန္႔အလိုတြင္ ေလယာဥ္အိမ္သာအတြင္း ေဆးလိပ္ေသာက္ေနသည့္ ျမန္မာႏုိင္ငံသား အမ်ိဳးသားတစ္ဦးကို ေတြ႕ရွိသျဖင့္ ေလယာဥ္မယ္က ေလေၾကာင္းရဲတပ္ဖြဲ႕ခြဲ (၁) (ရန္ကုန္)သို႔ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဘန္ေကာက္ေလေၾကာင္းလိုင္းမွ အမႈဖြင့္ေဆာင္ရြက္ျခင္းမရွိေၾကာင္းႏွင့္ ေလယာဥ္ေပၚ ေဆးလိပ္ေသာက္ျခင္းကို တင္းၾကပ္စြာတားျမစ္ထားသည့္ စည္းကမ္းျဖစ္၍ ဝန္ခံကတိျပဳ လက္မွတ္ေရးထိုးေစလိုေၾကာင္း ေလေၾကာင္းရဲတပ္ဖြဲ႕ခြဲ (၁) (ရန္ကုန္)သို႔ ညႇိႏိႈင္းအေၾကာင္းၾကားခဲ့ရာ နံနက္ (၁၀)နာရီ (၁၀)မိနစ္အခ်ိန္တြင္ ေလေၾကာင္းရဲတပ္ဖြဲ႕ခြဲ (၁) (ရန္ကုန္)၌ အဆိုပါခရီးသည္ ဦးသက္နိုင္စိုးအား ေနာင္အလားတူ ျဖစ္ရပ္မ်ိဳး မျဖစ္ေစရန္ ႏွင့္ လိုက္နာေဆာင္ရြက္ျခင္းမရွိပါက အေရးယူေဆာင္ရြက္မည္ကို သိရွိေၾကာင္း ဝန္ခံကတိလက္မွတ္ေရးထိုးေစခဲ့ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထိုင်းနိုင်ငံသုဝဏ္ဏဘူမိ လေဆိပ်မှ သြဂုတ်လ (၂၄)ရက်နေ့ နံနက် (၉)နာရီခွဲက ပျံသန်းလာသည့် ဘန်ကောက်လေကြောင်းလိုင်းဖြင့် လိုက်ပါလာသော မြန်မာနိုင်ငံသား တစ်ဦးမှ လေယာဉ်ပေါ်တွင် ဆေးလိပ်သောက်သဖြင့် ဝန်ခံကတိပြု လက်မှတ်ရေးထိုးခဲ့ရကြောင်း သိရသည်။

လေယာဉ်ဆင်းသက်ရန် မိနစ်(၃၀)ခန့်အလိုတွင် လေယာဉ်အိမ်သာအတွင်း ဆေးလိပ်သောက်နေသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို တွေ့ရှိသဖြင့် လေယာဉ်မယ်က လေကြောင်းရဲတပ်ဖွဲ့ခွဲ (၁) (ရန်ကုန်)သို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဘန်ကောက်လေကြောင်းလိုင်းမှ အမှုဖွင့်ဆောင်ရွက်ခြင်းမရှိကြောင်းနှင့် လေယာဉ်ပေါ် ဆေးလိပ်သောက်ခြင်းကို တင်းကြပ်စွာတားမြစ်ထားသည့် စည်းကမ်းဖြစ်၍ ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေလိုကြောင်း လေကြောင်းရဲတပ်ဖွဲ့ခွဲ (၁) (ရန်ကုန်)သို့ ညှိနှိုင်းအကြောင်းကြားခဲ့ရာ နံနက် (၁၀)နာရီ (၁၀)မိနစ်အချိန်တွင် လေကြောင်းရဲတပ်ဖွဲ့ခွဲ (၁) (ရန်ကုန်)၌ အဆိုပါခရီးသည် ဦးသက်နိုင်စိုးအား နောင်အလားတူ ဖြစ်ရပ်မျိုး မဖြစ်စေရန် နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်မည်ကို သိရှိကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~