ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္တြင္ A(H1N1) ရာသီတုပ္ေကြး ကာကြယ္ေရး အသိပညာေပးဆိုင္းဘုတ္မ်ား တပ္ဆင္ကာ Mask မ်ား စနစ္တက် တပ္ဆင္ေရး ပူးေပါင္းေဆာင္ရြက္ေန

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္တြင္ A(H1N1) ရာသီတုပ္ေကြး ကာကြယ္ေရး အသိပညာေပးဆိုင္းဘုတ္မ်ား တပ္ဆင္ကာ Mask မ်ား စနစ္တက် တပ္ဆင္ေရး ပူးေပါင္းေဆာင္ရြက္ေန
သြဂုတ် 7, 2017
By Tachileik News Agency

ျမန္မာႏိုင္ငံအတြင္း အခ်ဳိ႕ေနရာမ်ားတြင္ ျဖစ္ပြားေနသည့္ H1N1 ႏွင့္ ပတ္သက္၍ ျမန္မာ - ထိုင္း နယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ A(H1N1) ရာသီတုပ္ေကြးေရာဂါလကၡဏာမ်ားဆိုင္ရာ အသိပညာေပး သတိေပး ဆိုင္းဘုတ္ တပ္ဆင္ျခင္းႏွင့္အတူ Mask မ်ား ေပးေ၀မႈကို ၾသဂုတ္လ(၇)ရက္ေန႔ နံနက္ပိုင္းက တာ၀န္ရွိသူမ်ားမွ ပူးေပါင္းလုပ္ေဆာင္ေၾကာင္း သိရသည္။

အဆိုပါ အသိပညာေပး ဆိုင္းဘုတ္မ်ားအား လူသူသြားလာမႈမ်ားေသာ ေနရာမ်ားျဖစ္သည့္ ရွမ္းရိုးမေကြးေရွ႕တြင္(၁)ခု၊ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတားအနီး မယ္ေခါင္ေခ်ာင္း တံတားအနီးတြင္ (၁)ခု စုစုေပါင္း (၂)ခု တပ္ဆင္ထားရွိၿပီး လမ္းသြား လမ္းလာမ်ားအား ရာသီတုပ္ေကြး ေရာဂါလကၡဏာမ်ားႏွင့္ ပတ္သက္၍ သတိထား ဆင္ျခင္ႏိုင္ရန္ အသိပညာေပး လက္ကမ္း စာေစာင္မ်ားကိုလည္း ေပးေ၀ကာ Mask မ်ားကို စနစ္တက် တပ္ဆင္အသံုးျပဳႏိုင္ရန္အတြက္ လက္ေတြ႕ျပသ တပ္ဆင္ေပးမႈမ်ားကို ျပဳလုပ္ေပးေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(က်ဳိင္းတံု) ဒုတိယျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏိုင္၊ ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ ခရိုင္အုပ္ေရးခ်ဳပ္မွဴး ဦးတင္၀င္းေရႊႏွင့္ ေကာ္မတီ၀င္မ်ား၊ တာခ်ီလိတ္ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ ဦးထြန္း၀င္းေအာင္ႏွင့္ ေကာ္မတီ၀င္မ်ား၊ တာခ်ီလိတ္ခ႐ိုင္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ခရိုင္ေဆးရုံအုပ္ႀကီး ေဒါက္တာ ဇင္ကိုကိုေအာင္ႏွင့္ က်န္းမာေရးဌာနမွ တာ၀န္ရွိသူမ်ား၊ အမ်ဳိးသမီးေရးရာ အဖြဲ႔ ႏွင့္ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္း၀င္မ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ ၾကက္ေျခနီ ႏွင့္ မီးသတ္တပ္ဖြဲ႔၀င္မ်ား စသည့္ ပူးေပါင္းအဖြဲ႔က က်န္းမာေရးအသိပညာေပး လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ျခင္ေဆးေတြကိုေတာ့ ရပ္ကြက္အလိုက္  ေန႔စဥ္  အခ်ိန္ဇယားအလိုက္ ျဖန္းေပးေနပါတယ္၊ ေသြးလြန္ တုပ္ေကြးျဖစ္တယ္လို႔ ၾကားတဲ့ ရပ္ကြက္ေတြ ရြာေတြဆိုရင္လည္း ကြ်န္ေတာ္တို႔ ခ်က္ခ်င္းသြားေရာက္ၿပီး၊ လိုတာအပ္တာေတြ ေဆာင္ရြက္ေပးေနပါတယ္။"ဟု တာခ်ီလိတ္ခ႐ိုင္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ခရိုင္ေဆးရုံအုပ္ႀကီး ေဒါက္တာ ဇင္ကိုကိုေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္တြင္ A(H1N1) ရာသီတုပ္ေကြးႏွင့္ ပတ္သက္၍ အသိပညာေပးမႈမ်ားကို သက္ဆိုင္ရာဌာနမ်ားက နယ္ပယ္အသီးသီးအလိုက္ လုပ္ေဆာင္ေနေႀကာင္းႏွင့္ ၿမိဳ႕ေပၚရပ္ကြက္အခ်ဳိ႕တြင္ ေန႔စဥ္အလွည့္က် ျခင္ေဆးဖ်န္းမႈမ်ားကိုလည္း လုပ္ေဆာင္ေနေၾကာင္း ႏွင့္ စာသင္ေက်ာင္းမ်ားတြင္လည္း ေက်ာင္းပိတ္ရက္မ်ားကို ေရြးခ်ယ္၍ လုပ္ေဆာင္ခဲ့ၿပီးေၾကာင္း သိရသည္။




~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံအတွင်း အချို့နေရာများတွင် ဖြစ်ပွားနေသည့် H1N1 နှင့် ပတ်သက်၍ မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် A(H1N1) ရာသီတုပ်ကွေးရောဂါလက္ခဏာများဆိုင်ရာ အသိပညာပေး သတိပေး ဆိုင်းဘုတ် တပ်ဆင်ခြင်းနှင့်အတူ Mask များ ပေးေဝမှုကို သြဂုတ်လ(၇)ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ပူးပေါင်းလုပ်ဆောင်ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဆိုင်းဘုတ်များအား လူသူသွားလာမှုများသော နေရာများဖြစ်သည့် ရှမ်းရိုးမကွေးရှေ့တွင်(၁)ခု၊ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားအနီး မယ်ခေါင်ချောင်း တံတားအနီးတွင် (၁)ခု စုစုပေါင်း (၂)ခု တပ်ဆင်ထားရှိပြီး လမ်းသွား လမ်းလာများအား ရာသီတုပ်ကွေး ရောဂါလက္ခဏာများနှင့် ပတ်သက်၍ သတိထား ဆင်ခြင်နိုင်ရန် အသိပညာပေး လက်ကမ်း စာစောင်များကိုလည်း ပေးေဝကာ Mask များကို စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရန်အတွက် လက်တွေ့ပြသ တပ်ဆင်ပေးမှုများကို ပြုလုပ်ပေးကြောင်း သိရသည်။

ရှမ်းပြည်နယ်(ကျိုင်းတုံ) ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ခရိုင်အုပ်ရေးချုပ်မှူး ဦးတင်ဝင်းရွှေနှင့် ကော်မတီဝင်များ၊ တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးထွန်းဝင်းအောင်နှင့် ကော်မတီဝင်များ၊ တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ အဖွဲ့ နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီ နှင့် မီးသတ်တပ်ဖွဲ့ဝင်များ စသည့် ပူးပေါင်းအဖွဲ့က ကျန်းမာရေးအသိပညာပေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ခြင်ဆေးတွေကိုတော့ ရပ်ကွက်အလိုက် နေ့စဉ် အချိန်ဇယားအလိုက် ဖြန်းပေးနေပါတယ်၊ သွေးလွန် တုပ်ကွေးဖြစ်တယ်လို့ ကြားတဲ့ ရပ်ကွက်တွေ ရွာတွေဆိုရင်လည်း ကျွန်တော်တို့ ချက်ချင်းသွားရောက်ပြီး၊ လိုတာအပ်တာတွေ ဆောင်ရွက်ပေးနေပါတယ်။"ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်တွင် A(H1N1) ရာသီတုပ်ကွေးနှင့် ပတ်သက်၍ အသိပညာပေးမှုများကို သက်ဆိုင်ရာဌာနများက နယ်ပယ်အသီးသီးအလိုက် လုပ်ဆောင်နေကြောင်းနှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် နေ့စဉ်အလှည့်ကျ ခြင်ဆေးဖျန်းမှုများကိုလည်း လုပ်ဆောင်နေကြောင်း နှင့် စာသင်ကျောင်းများတွင်လည်း ကျောင်းပိတ်ရက်များကို ရွေးချယ်၍ လုပ်ဆောင်ခဲ့ပြီးကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~