ေက်ာက္မဲတြင္ ရွစ္ေလးလံုးျပည္သူ႔အေရးေတာ္ပံု (၂၉)ႏွစ္ျပည့္ အထိမ္းအမွတ္ ႏိုင္ငံေရးစကားဝိုင္း ပထမဆံုးအႀကိမ္ က်င္းပ

ေက်ာက္မဲတြင္ ရွစ္ေလးလံုးျပည္သူ႔အေရးေတာ္ပံု (၂၉)ႏွစ္ျပည့္ အထိမ္းအမွတ္ ႏိုင္ငံေရးစကားဝိုင္း ပထမဆံုးအႀကိမ္ က်င္းပ
သြဂုတ် 8, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ ပထမဆံုးအႀကိမ္ က်င္းပသည့္ ရွစ္ေလးလံုး(၈၈၈၈)ျပည္သူ႔အေရးေတာ္ပံု (၂၉)ႏွစ္ျပည့္ အထိမ္းအမွတ္ ႏိုင္ငံေရးစကားဝိုင္းသို႔ လူဦးေရ (၂၅)ဦးခန္႔ တက္ေရာက္ေဆြးေႏြးၾကေၾကာင္း သိရသည္။

“ဒါကိုျပဳလုပ္ရတဲ့ရည္ရြယ္ခ်က္ကေတာ့ အဓိကအေနနဲ႔ ရွစ္ေလးလံုး(၈၈၈၈)အေရးေတာ္ပံုရဲ့ ႀကီးျမတ္မႈကို အားလံုးသိေစခ်င္တာက နံပါတ္တစ္ ရည္ရြယ္ခ်က္ပါ။ နံပါတ္ႏွစ္ ရည္ရြယ္ခ်က္ကေတာ့ ေက်ာက္မဲၿမိဳ႕မွာ ရွစ္ေလးလံုးအေရးေတာ္ပံုနဲ႔ပတ္သက္ၿပီး ဘယ္လိုေတြ ျဖစ္ပ်က္ခဲ့တယ္၊ ဘယ္သူေတြ ပါဝင္ခဲ့တယ္၊ ဘာေတြ ျဖစ္ခဲ့တယ္ဆိုတာေတြကို သိေစခ်င္တယ္။ နံပါတ္သံုး ကေတာ့ လာမယ့္ ဖက္ဒရယ္ျပည္ေထာင္စု အနာဂတ္အတြက္ ဘာေတြလိုအပ္ေနလဲ ၊ ကြ်န္ေတာ္တို႔စိတ္ေတြကို ဘယ္လိုျပင္ဆင္ထားရမလဲ ၊ကြ်န္ေတာ္တို႔ အဖြဲ႔အစည္းေတြ ဘာေတြျပင္ဆင္ထားရမလဲဆိုတာ သိေစခ်င္တဲ့ရည္ရြယ္ခ်က္ေတြနဲ႔ လုပ္ေဆာင္တာ ျဖစ္ပါတယ္”ဟု စကားဝိုင္းျဖစ္ေျမာက္ေရး ဦးေဆာင္သူတစ္ဦးျဖစ္သည့္ ဦးစိုင္းထင္ေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေဆြးေႏြးပြဲအား ေက်ာက္မဲၿမိဳ႕၊ ခိုမုန္းေက်းရြာအုပ္စု၊ ေတာင္ေနာက္ေက်းရြာရွိ အဆင့္ျမင့္သက္ႀကီး ေစာင့္ေရွာက္ေရးစင္တာတြင္ ၾသဂုတ္လ (၈)ရက္ေန႔ နံနက္ပိုင္းက က်င္းပရာ အဆင့္ျမင့္သက္ႀကီး ေစာင့္ေရွာက္ေရးစင္တာမွ တာဝန္ရွိသူမ်ား ၊ ABSDF အဖြဲ႕မွ ေက်ာင္းသားေဟာင္းအခ်ိဳ႕တို႔ ဦးေဆာင္ေဆြးေႏြးၾကၿပီး ေဆြးေႏြးပြဲ တက္ေရာက္လာသူမ်ားအနက္ အေရးအခင္းတြင္ ေက်ာက္မဲမွ ကိုယ္တိုင္ႀကံဳေတြ႔ခဲ့ရသူမ်ား၊ အေရးအခင္းအၿပီး ေထာင္က်ခံခဲ့ရသူမ်ားကလည္း အေရးအခင္းကာလ အေတြ႔အႀကံဳႏွင့္ အျဖစ္အပ်က္မ်ားကို ရွင္းျပၾကေၾကာင္း သိရသည္။

“အရင္ႏွစ္ေတြတုန္းက ေက်ာက္မဲမွာ ဒီလိုအထိမ္းအမွတ္စကားဝိုင္း မလုပ္ဖူးပါဘူး။ ကိုယ့္ၿမိဳ႕မွာ ပထမဆံုး လုပ္ျဖစ္တယ္ဆိုတဲ့အတြက္ ဝမ္းသာပါတယ္။ (၈၈)အေရးေတာ္ပံုစတင္ခဲ့တဲ့အေၾကာင္းေတြနဲ႔ အေရးေတာ္ပံုမွာ ေက်ာင္းသားေတြ ႀကံဳေတြ႔ခဲ့ရတဲ့ အေတြ႔အႀကံဳေတြကို အခုလိုလာၿပီး မွ်ေဝေျပာၾကားေပးသူေတြကိုလည္း ေက်းဇူးတင္ပါတယ္”ဟု စကားဝိုင္းသို႔ တက္ေရာက္လာသူ (၈၈) မ်ိဳးဆက္သစ္ ၿငိမ္းခ်မ္းေရးႏွင့္ပြင့္လင္းလူ႔အဖြဲ႔အစည္းမွ ေဒၚရီရီေဆြက ေျပာသည္။

ေဆြးေႏြးပြဲသို႔ ေက်ာက္မဲၿမိဳ႕တြင္ ဖြင့္လွစ္ေနသည့္ အသြင္ကူးေျပာင္းေရးဆိုင္ရာတရားမွ်တမႈသင္တန္းမွ သင္တန္းသူ၊ သင္တန္းသားမ်ား၊ (၈၈) မ်ိဳးဆက္သစ္ ၿငိမ္းခ်မ္းေရးႏွင့္ပြင့္လင္း လူ႔အဖြဲ႔အစည္းမွ အဖြဲ႔ဝင္အခ်ိဳ႕လည္း တက္ေရာက္ၾကၿပီး လာမည့္ႏွစ္မ်ားတြင္လည္း စကားဝိုင္းျပဳလုပ္ႏုိင္ေရး လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း စီစဥ္သူမ်ားထံမွ သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ပထမဆုံးအကြိမ် ကျင်းပသည့် ရှစ်လေးလုံး(၈၈၈၈)ပြည်သူ့အရေးတော်ပုံ (၂၉)နှစ်ပြည့် အထိမ်းအမှတ် နိုင်ငံရေးစကားဝိုင်းသို့ လူဦးရေ (၂၅)ဦးခန့် တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။

“ဒါကိုပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ အဓိကအနေနဲ့ ရှစ်လေးလုံး(၈၈၈၈)အရေးတော်ပုံရဲ့ ကြီးမြတ်မှုကို အားလုံးသိစေချင်တာက နံပါတ်တစ် ရည်ရွယ်ချက်ပါ။ နံပါတ်နှစ် ရည်ရွယ်ချက်ကတော့ ကျောက်မဲမြို့မှာ ရှစ်လေးလုံးအရေးတော်ပုံနဲ့ပတ်သက်ပြီး ဘယ်လိုတွေ ဖြစ်ပျက်ခဲ့တယ်၊ ဘယ်သူတွေ ပါဝင်ခဲ့တယ်၊ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာတွေကို သိစေချင်တယ်။ နံပါတ်သုံး ကတော့ လာမယ့် ဖက်ဒရယ်ပြည်ထောင်စု အနာဂတ်အတွက် ဘာတွေလိုအပ်နေလဲ၊ ကျွန်တော်တို့စိတ်တွေကို ဘယ်လိုပြင်ဆင်ထားရမလဲ၊ကျွန်တော်တို့ အဖွဲ့အစည်းတွေ ဘာတွပြေင်ဆင်ထားရမလဲဆိုတာ သိစေချင်တဲ့ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်”ဟု စကားဝိုင်းဖြစ်မြောက်ရေး ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးစိုင်းထင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဆွေးနွေးပွဲအား ကျောက်မဲမြို့၊ ခိုမုန်းကျေးရွာအုပ်စု၊ တောင်နောက်ကျေးရွာရှိ အဆင့်မြင့်သက်ကြီး စောင့်ရှောက်ရေးစင်တာတွင် သြဂုတ်လ (၈)ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ အဆင့်မြင့်သက်ကြီး စောင့်ရှောက်ရေးစင်တာမှ တာဝန်ရှိသူများ၊ ABSDF အဖွဲ့မှ ကျောင်းသားဟောင်းအချို့တို့ ဦးဆောင်ဆွေးနွေးကြပြီး ဆွေးနွေးပွဲ တက်ရောက်လာသူများအနက် အရေးအခင်းတွင် ကျောက်မဲမှ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများ၊ အရေးအခင်းအပြီး ထောင်ကျခံခဲ့ရသူများကလည်း အရေးအခင်းကာလ အတွေ့အကြုံနှင့် အဖြစ်အပျက်များကို ရှင်းပြကြကြောင်း သိရသည်။

“အရင်နှစ်တွေတုန်းက ကျောက်မဲမှာ ဒီလိုအထိမ်းအမှတ်စကားဝိုင်း မလုပ်ဖူးပါဘူး။ ကိုယ့်မြို့မှာ ပထမဆုံး လုပ်ဖြစ်တယ်ဆိုတဲ့အတွက် ဝမ်းသာပါတယ်။ (၈၈)အရေးတော်ပုံစတင်ခဲ့တဲ့အကြောင်းတွေနဲ့ အရေးတော်ပုံမှာ ကျောင်းသားတွေ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို အခုလိုလာပြီး မျှဝေပြောကြားပေးသူတွေကိုလည်း ကျေးဇူးတင်ပါတယ်”ဟု စကားဝိုင်းသို့ တက်ရောက်လာသူ (၈၈) မျိုးဆက်သစ် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဒေါ်ရီရီဆွေက ပြောသည်။

ဆွေးနွေးပွဲသို့ ကျောက်မဲမြို့တွင် ဖွင့်လှစ်နေသည့် အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုသင်တန်းမှ သင်တန်းသူ၊ သင်တန်းသားများ၊ (၈၈) မျိုးဆက်သစ် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်အချို့လည်း တက်ရောက်ကြပြီး လာမည့်နှစ်များတွင်လည်း စကားဝိုင်းပြုလုပ်နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~