ကယားျပည္နယ္ ၈၈ မ်ိဳးဆက္အင္အားစုမ်ား NLD ပါတီသို႔ ဝင္ေရာက္

ကယားျပည္နယ္ ၈၈ မ်ိဳးဆက္အင္အားစုမ်ား NLD ပါတီသို႔ ဝင္ေရာက္
သြဂုတ် 1, 2017
By Tachileik News Agency

ကယားျပည္နယ္ ၈၈ မ်ိဳးဆက္အင္အားစုမ်ား ဇူလိုင္လ (၃၁) ရက္ေန႔မွစ၍ NLD ပါတီသုိ႔ ပါတီဝင္မ်ား အျဖစ္ ဝင္ေရာက္ေနသျဖင့္ ကယားျပည္နယ္ NLD တြင္ ပါတီဝင္အင္အား ၄၀၀ ခန္႔ ထပ္တိုးလာဖြယ္ရိွေၾကာင္း သိရသည္။

“ဒီအခ်ိန္မွာ ကၽြန္ေတာ္တို႔ ေဟာင္းႏြမ္းတဲ့ အေတြးအေခၚေတြ ထားခဲ့ဖို႔လိုၿပီ။ အခ်င္းခ်င္း ခ်ၾကတာေတြ ထားခဲ့ဖို႔လိုၿပီ။ ေျပာတာေတြမ်ားၿပီးေတာ့ အသံေတြသာ က်ယ္တယ္။ အလုပ္မျဖစ္တာ မ်ားခဲ့ၿပီေပါ့။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ အလုပ္ျဖစ္ေအာင္လုပ္မယ္။ အလုပ္ျဖစ္ေရးကိုပဲ ကၽြန္ေတာ္တို႔ ဦးတည္တယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အမုန္းေတြကို လက္ဆင့္ကမ္းေနရင္ ေရွ႕ကိုေရြ႕မွာမဟုတ္ေတာ့ဘူး။ အျခား အဖြဲ႕အစည္းေတြနဲ႔လည္း ေပါင္းၿပီးေတာ့ ကၽြန္ေတာ္တို႔ ျပည္နယ္ဖြံ႕ၿဖိဳးတိုးတက္ေရးကို လုပ္ၾကဖို႕ ကၽြန္ေတာ္တို႔ စိတ္ကူးေတြ ရွိၾကတယ္။ လာမယ့္ ၂၀၂၀ မွာ လည္း အားျဖည့္ၿပီးသားျဖစ္ေအာင္ အဲဒါေၾကာင့္ ဒီလိုလုပ္ဖို႕ ဆုံးျဖတ္လိုက္တာပါ ”ဟု ကယားျပည္နယ္ ၈၈မ်ိဳးဆက္ အင္အားစုမွအဖြဲ႕ဝင္ ဦးသစ္လြင္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခင္ ကတည္းက ၈၈ မ်ိဳးဆက္အင္အားစုမ်ားအေနျဖင့္ NLD ပါတီကို ဝန္းရံခဲ့ၾကျခင္းျဖစ္ၿပီး တတိယ ပါတီအျဖစ္ သီးသန္႔တည္ေထာင္ပါက ထပ္မံ၍ စည္းလုံးမႈ ၿပိဳကြဲႏိုင္ၿပီး ျပည္နယ္အတြက္ အနာဂတ္ ႏိုင္ငံေရးတြင္ ထိေရာက္စြာပါဝင္ အလုပ္ လုပ္သြားႏိုင္ရန္အတြက္ NLD ပါတီသို႔ ဝင္ေရာက္ျခင္းျဖစ္ေၾကာင္း ၎က ဆုိသည္။

“ကယားျပည္နယ္မွာ တိုင္းရင္းသားပါတီေတြ အျခားပါတီေတြ ရွိတယ္။ NLD လည္းအား ေကာင္းေနတယ္။ အဲဒီေတာ့ လူဦးေရ ႏွစ္သိန္းခုႏွစ္ေသာင္းေလာက္ပဲရွိတဲ့ ျပည္နယ္မွာ ေက်ာင္းသားကလည္း ပါတီတစ္ခု ထပ္ဖြဲ႕စည္းလိုက္ရင္ မဲထပ္ကြဲရုံပဲရွိတယ္။ အဲဒီရွိတဲ့ လူဦးေရေလးကို ထပ္ၿပီး ကြဲစရာအဖြဲ႕ေလး ထပ္ေပၚလာမွာမ်ိဳး ျဖစ္သြားမယ္ေပါ့။ ဒါကိုေသခ်ာ စဥ္းစားၿပီးေတာ့မွ ဒါေတာ့ မျဖစ္ဘူး။ ကိုယ့္ျပည္နယ္ထဲက လူေတြ ျပည္နယ္ေကာင္းက်ိဳးကို ဒီအင္အားရွိတဲ့ ပါတီနဲ႕ ဝိုင္းၿပီးတြန္းရေအာင္ ဆိုၿပီးကူၾကတာ။ အဲဒီေတာ့ အျပင္ကေျပာေနလည္း မထူးဘူး။ အားလုံးဝင္ၿပီးေတာ့ ကူၾကမယ္ေပါ့ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႕ အကုန္လုံးစုၿပီး ဒီပါတီထဲ ဝင္ဖို႕ ဆုံးျဖတ္လိုက္တာေပါ့ ”ဟု ကယားျပည္နယ္ ၈၈မ်ိဳးဆက္အင္အားစုမွ အဖြဲ႕ဝင္ ဦးဘန္နီ ကေျပာသည္။

လက္ရွိတြင္ ကယားျပည္နယ္ရွိ ၿမိဳ႕နယ္အသီးသီးမွ ၈၈ မ်ိဳးဆက္ အင္အားစုမ်ားႏွင့္ ခ်ိတ္ဆက္ လုပ္ေဆာင္ေနၿပီး ဇူလုိင္လ (၃၁)ရက္ေန႕တြင္ ၈၈ မ်ိဳးဆက္အင္အားစုမ်ားႏွင့္ အျခားသူမ်ား စုစုေပါင္း (၁၀၀)ေက်ာ္ NLD ပါတီသို႔ ဝင္ေရာက္လာျခင္းျဖစ္ၿပီး ၾသဂုတ္လ (၇) ရက္ေန႔ထိ ပါတီဝင္မ်ားကို လက္ခံသြားမည္ ျဖစ္ေၾကာင္း သိရသည္။

“ဒီမွာရွိတဲ့ ပါတီ အသီးသီးမွာလည္း ကၽြန္ေတာ္တို႕ သူငယ္ခ်င္းေတြ လုပ္ေဖာ္ကိုင္ဖက္ေတြ ရွိၾကတယ္။ ဒီလမ္းေၾကာင္းကို ေရြးလိုက္တယ္ဆိုတာ သူတို႕ကို ၿပိဳင္ဖို႕ ဆိုင္ဖို႕ၿပိဳင္ဖက္အေနနဲ႕ အဲဒီလို သေဘာမ်ိဳး ေရြးခ်ယ္ၿပီးေတာ့ လုပ္တာမ်ိဳးမဟုတ္ဘူး။ ျပည္နယ္အတြက္ အလုပ္လုပ္ခ်င္လို႕ ဒီပါတီထဲဝင္တာ။ ေလာေလာဆယ္က ဒီပါတီက အာဏာရပါတီေလ။ ျပည္နယ္အတြက္လည္း အလုပ္လုပ္ခ်င္လို႕ ဒီပါတီထဲ ဝင္ၾကတာ ”ဟု ဦးဘန္နီက ေျပာသည္။

ကယားျပည္နယ္အတြင္း NLD ပါတီဝင္ လူဦးေရ(၄၀၀)ေက်ာ္ ထပ္တိုးလာဖြယ္ရိွေနၿပီး ၾသဂုတ္ လ(၉) ရက္ေန႕တြင္ ပါတီဝင္အဆိုျပဳလႊာေပးအပ္ပြဲအား အခမ္းအနားျဖင့္ လုပ္ေဆာင္သြားႏိုင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစုများ ဇူလိုင်လ (၃၁) ရက်နေ့မှစ၍ NLD ပါတီသို့ ပါတီဝင်များ အဖြစ် ဝင်ရောက်နေသဖြင့် ကယားပြည်နယ် NLD တွင် ပါတီဝင်အင်အား ၄၀၀ ခန့် ထပ်တိုးလာဖွယ်ရှိကြောင်း သိရသည်။

“ဒီအချိန်မှာ ကျွန်တော်တို့ ဟောင်းနွမ်းတဲ့ အတွေးအခေါ်တွေ ထားခဲ့ဖို့လိုပြီ။ အချင်းချင်း ချကြတာတွေ ထားခဲ့ဖို့လိုပြီ။ ပြောတာတွေများပြီးတော့ အသံတွေသာ ကျယ်တယ်။ အလုပ်မဖြစ်တာ များခဲ့ပြီပေါ့။ အဲဒီတော့ ကျွန်တော်တို့ အလုပ်ဖြစ်အောင်လုပ်မယ်။ အလုပ်ဖြစ်ရေးကိုပဲ ကျွန်တော်တို့ ဦးတည်တယ်။ တစ်ယောက်နဲ့တစ်ယောက် အမုန်းတွေကို လက်ဆင့်ကမ်းနေရင် ရှေ့ကိုရွေ့မှာမဟုတ်တော့ဘူး။ အခြား အဖွဲ့အစည်းတွေနဲ့လည်း ပေါင်းပြီးတော့ ကျွန်တော်တို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ကြဖို့ ကျွန်တော်တို့ စိတ်ကူးတွေ ရှိကြတယ်။ လာမယ့် ၂၀၂၀ မှာ လည်း အားဖြည့်ပြီးသားဖြစ်အောင် အဲဒါကြောင့် ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ ”ဟု ကယားပြည်နယ် ၈၈မျိုးဆက် အင်အားစုမှအဖွဲ့ဝင် ဦးသစ်လွင်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခင် ကတည်းက ၈၈ မျိုးဆက်အင်အားစုများအနဖြေင့် NLD ပါတီကို ဝန်းရံခဲ့ကြခြင်းဖြစ်ပြီး တတိယ ပါတီအဖြစ် သီးသန့်တည်ထောင်ပါက ထပ်မံ၍ စည်းလုံးမှု ပြိုကွဲနိုင်ပြီး ပြည်နယ်အတွက် အနာဂတ် နိုင်ငံရေးတွင် ထိရောက်စွာပါဝင် အလုပ် လုပ်သွားနိုင်ရန်အတွက် NLD ပါတီသို့ ဝင်ရောက်ခြင်းဖြစ်ကြောင်း၎င်းက ဆိုသည်။

“ကယားပြည်နယ်မှာ တိုင်းရင်းသားပါတီတွေ အခြားပါတီတွေ ရှိတယ်။ NLD လည်းအား ကောင်းနေတယ်။ အဲဒီတော့ လူဦးရေ နှစ်သိန်းခုနှစ်သောင်းလောက်ပဲရှိတဲ့ ပြည်နယ်မှာ ကျောင်းသားကလည်း ပါတီတစ်ခု ထပ်ဖွဲ့စည်းလိုက်ရင် မဲထပ်ကွဲရုံပဲရှိတယ်။ အဲဒီရှိတဲ့ လူဦးရေလေးကို ထပ်ပြီး ကွဲစရာအဖွဲ့လေး ထပ်ပေါ်လာမှာမျိုး ဖြစ်သွားမယ်ပေါ့။ ဒါကိုသေချာ စဉ်းစားပြီးတော့မှ ဒါတော့ မဖြစ်ဘူး။ ကိုယ့်ပြည်နယ်ထဲက လူတွေ ပြည်နယ်ကောင်းကျိုးကို ဒီအင်အားရှိတဲ့ ပါတီနဲ့ ဝိုင်းပြီးတွန်းရအောင် ဆိုပြီးကူကြတာ။ အဲဒီတော့ အပြင်ကပြောနေလည်း မထူးဘူး။ အားလုံးဝင်ပြီးတော့ ကူကြမယ်ပေါ့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အကုန်လုံးစုပြီး ဒီပါတီထဲ ဝင်ဖို့ ဆုံးဖြတ်လိုက်တာပေါ့ ”ဟု ကယားပြည်နယ် ၈၈မျိုးဆက်အင်အားစုမှ အဖွဲ့ဝင် ဦးဘန်နီ ကပြောသည်။

လက်ရှိတွင် ကယားပြည်နယ်ရှိ မြို့နယ်အသီးသီးမှ ၈၈ မျိုးဆက် အင်အားစုများနှင့် ချိတ်ဆက် လုပ်ဆောင်နပြေီး ဇူလိုင်လ (၃၁)ရက်နေ့တွင် ၈၈ မျိုးဆက်အင်အားစုများနှင့် အခြားသူများ စုစုပေါင်း (၁၀၀)ကျော် NLD ပါတီသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး သြဂုတ်လ (၇) ရက်နေ့ထိ ပါတီဝင်များကို လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီမှာရှိတဲ့ ပါတီ အသီးသီးမှာလည်း ကျွန်တော်တို့ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေ ရှိကြတယ်။ ဒီလမ်းကြောင်းကို ရွေးလိုက်တယ်ဆိုတာ သူတို့ကို ပြိုင်ဖို့ ဆိုင်ဖို့ပြိုင်ဖက်အနေနဲ့ အဲဒီလို သဘောမျိုး ရွေးချယ်ပြီးတော့ လုပ်တာမျိုးမဟုတ်ဘူး။ ပြည်နယ်အတွက် အလုပ်လုပ်ချင်လို့ ဒီပါတီထဲဝင်တာ။ လောလောဆယ်က ဒီပါတီက အာဏာရပါတီလေ။ ပြည်နယ်အတွက်လည်း အလုပ်လုပ်ချင်လို့ ဒီပါတီထဲ ဝင်ကြတာ ”ဟု ဦးဘန်နီက ပြောသည်။

ကယားပြည်နယ်အတွင်း NLD ပါတီဝင် လူဦးရေ(၄၀၀)ကျော် ထပ်တိုးလာဖွယ်ရှိနပြေီး သြဂုတ် လ(၉) ရက်နေ့တွင် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအား အခမ်းအနားဖြင့် လုပ်ဆောင်သွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~