၆၆(ဃ)ျဖင့္ အမႈဖြင္႔ခံထားရသည့္ မေကြးတိုင္းမွ သတင္းေထာက္(၂)ဦး ကိုယ္တိုင္ခံဝန္ျဖင့္ အာမခံရရိွ

၆၆(ဃ)ျဖင့္ အမႈဖြင္႔ခံထားရသည့္ မေကြးတိုင္းမွ သတင္းေထာက္(၂)ဦး ကိုယ္တိုင္ခံဝန္ျဖင့္ အာမခံရရိွ
သြဂုတ် 31, 2017
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး ေအာင္လံၿမိဳ႕မရဲစခန္းတြင္ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင္႔ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာ (၇) ရက္ေန႔က တရားစြဲခံထားရသည့္ သတင္းေထာက္(၂)ဦးႏွင့္ ေဒသခံ(၅)ဦးအနက္ သတင္းေထာက္(၂)ဦးမွာ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ(၃၁) ရက္ေန႔တြင္ ကိုယ္တိုင္ခံဝန္ျဖင့္ အာမခံ ရရိွသြားေၾကာင္း သိရသည္။

“ကြ်န္ေတာ္နဲ႔ DVB သတင္း႒ာနက သတင္းေထာက္ဘဦးကို ရဲစခန္းကိုလာေရာက္ဖို႔ အေၾကာင္း ၾကားလာတဲ႔ အတြက္ ဒီေန႔ ေအာင္လံရဲစခန္းမွာ ေရာက္ရိွေနတာျဖစ္ပါတယ္။ ကၽြန္ေတာ္ သတင္းစာရွင္းလင္းပဲြ သတင္းကို မီဒီယာက်င္႔ဝတ္နဲ႔အညီ ရိုက္ကူးခဲ႔ပါတယ္။ ႏွစ္ဖက္အသံ ေဖာ္ျပခဲ႔ ပါတယ္။ ကြ်န္ေတာ့္ အာေဘာ္လည္း လုံးဝ မပါခဲ႔ပါဘူး။ အဲဒီလို သတင္းစာ ရွင္းလင္းပြဲသတင္းကို သတင္းလုပ္တာနဲ႔ အခုလို ဆက္သြယ္ေရးဥပေဒပုဒ္မနဲ႔အမႈဖြင့္ခံရတာ ဘယ္လိုမွ နားမလည္ႏိုင္ပါဘူး”ဟု တရားစြဲခံထားရသည့္ မဇၩိမသတင္းေထာက္ ေဒါင္းလူ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတိုင္းေဒသႀကီး ေအာင္လံၿမိဳ႕နယ္မွ အလယ္တန္းတြင္ ေက်ာင္းသားမိဘမ်ား အခက္အခဲ ႀကံဳေနရေၾကာင္း ေဒသခံမ်ားက ၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာ (၁၁) ရက္ေန႔တြင္ ျမန္မာႏိုင္ငံ သတင္းစာဆရာအသင္း (မေကြးတိုင္းေဒသႀကီး) အသင္းရံုး၌ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ျပည္သူက သူတို႔ႀကံဳေတြ႔ရတဲ႔ အခက္အခဲကို မီဒီယာကတစ္ဆင္႔ သက္ဆိုင္ရာမ်ားနဲ႔ ျပည္သူေတြသိရိွေစဖို႔ မီဒီယာ ရွင္းလင္းပဲြျပဳလုပ္ခ်င္ေၾကာင္း အကူအညီေတာင္းလို႔ မေကြးတိုင္းသတင္းစာဆရာအသင္းရံုးမွာ ျပဳလုပ္ႏိုင္ေအာင္ မီဒီယာသမားတစ္ေယာက္အေနနဲ႔ စီစဥ္ေပးခဲ႔တာပဲရိွပါတယ္။ ဒါကို ဆက္သြယ္ေရး ဥပေဒပုဒ္မနဲ႔ အမႈဖြင္႔တယ္” ဟု သတင္းေထာက္ ဘဦးက ေျပာသည္။

အမႈဖြင္႔ခံရသည့္ ေဒသခံ(၅)ဦးအနက္ (၂)ဦးမွာ ၾသဂုတ္လ(၂၉)ရက္ ညေနပိုင္းတြင္ ဖမ္းဆီးခံခဲ႔ရၿပီး ၾသဂုတ္လ(၃၀)ရက္ေန႔တြင္ အာမခံရခဲ႔ေၾကာင္း သိရသည္။

“ကၽြန္မတို႔အေနနဲ႔ အဲဒီေက်ာင္းအုပ္ဆရာႀကီးနဲ႔ပတ္သက္ၿပီး သက္ဆိုင္ရာကိုတိုင္တန္းခဲ႔တာမွာ သတိ ေပးရံုပဲေပးခဲ႔တဲ႔အတြက္ ေနာက္ထပ္ တိုင္စာေတြေပးပို႔ခဲ႔ပါတယ္။ အဲဒီတိုင္စာေတြအေပၚ အေရးယူမႈမရိွလို႔ သတင္းစာရွင္းလင္းပဲြျပဳလုပ္ခဲ႔တာပါ။ အဲဒီလိုသတင္းစာရွင္းလင္းပဲြျပဳလုပ္လို႔ဆိုၿပီး သတင္းေထာက္ ႏွစ္ေယာက္နဲ႔ ကၽြန္မတို႔ကို ဆက္သြယ္ေရးဥပေဒနဲ႔ အမႈဖြင္႔ခံရတာပါ။ ကၽြန္မနဲ႔အတူ အဖမ္းခံရတဲ႔ ကိုအုန္းေရႊဆို သတင္းစာရွင္းလင္းပဲြေန႔က ဘုရားဖူးဖို႔လိုက္လာတာပါ”ဟု တရားစြဲခံထားရသည့္ မဥမၼာက ေျပာသည္။

ေဒသခံမ်ားက သတင္းစာရွင္းလင္းပြဲျပဳလုပ္သည့္ အလယ္တန္းေက်ာင္း၏ ေက်ာင္းအုပ္က ၎အား မမွန္မကန္ စြပ္စဲြေျပာဆို၍ ဆက္သြယ္ေရးကြန္ရက္ျဖစ္ေသာ အင္တာနက္လူမႈကြန္ရက္တြင္ ေဒါင္းလူ အေကာင္႔မွ တစ္ဆင္႔ ျဖန္႔ေဝျခင္းျပဳပါသျဖင္႔ ထိုသို႔ေဆာင္ရြက္ခဲ႔သူ ဦးသိန္းစိုးႏွင္႔ အေပါင္းအပါမ်ားကို ဥပေဒအရအေရးယူေပးပါရန္ ၂၀၁၆ခုႏွစ္ ဒီဇင္ဘာ(၇)ရက္ေန႔တြင္ တိုင္တန္းသျဖင္႔ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ) ျဖင့့္ အမႈဖြင္႔ခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး အောင်လံမြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ (၇) ရက်နေ့က တရားစွဲခံထားရသည့် သတင်းထောက်(၂)ဦးနှင့် ဒေသခံ(၅)ဦးအနက် သတင်းထောက်(၂)ဦးမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ(၃၁) ရက်နေ့တွင် ကိုယ်တိုင်ခံဝန်ဖြင့် အာမခံ ရရှိသွားကြောင်း သိရသည်။

“ကျွန်တော်နဲ့ DVB သတင်းဋ္ဌာနက သတင်းထောက်ဘဦးကို ရဲစခန်းကိုလာရောက်ဖို့ အကြောင်း ကြားလာတဲ့ အတွက် ဒီနေ့ အောင်လံရဲစခန်းမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ ကျွန်တော် သတင်းစာရှင်းလင်းပွဲ သတင်းကို မီဒီယာကျင့်ဝတ်နဲ့အညီ ရိုက်ကူးခဲ့ပါတယ်။ နှစ်ဖက်အသံ ဖော်ပြခဲ့ ပါတယ်။ ကျွန်တော့် အာဘော်လည်း လုံးဝ မပါခဲ့ပါဘူး။ အဲဒီလို သတင်းစာ ရှင်းလင်းပွဲသတင်းကို သတင်းလုပ်တာနဲ့ အခုလို ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့အမှုဖွင့်ခံရတာ ဘယ်လိုမှ နားမလည်နိုင်ပါဘူး”ဟု တရားစွဲခံထားရသည့် မဇ္ဈိမသတင်းထောက် ဒေါင်းလူ က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှ အလယ်တန်းတွင် ကျောင်းသားမိဘများ အခက်အခဲ ကြုံနေရကြောင်း ဒေသခံများက ၂၀၁၆ ခုနှစ် နိုဝင်ဘာ (၁၁) ရက်နေ့တွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (မကွေးတိုင်းဒေသကြီး) အသင်းရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူက သူတို့ကြုံတွေ့ရတဲ့ အခက်အခဲကို မီဒီယာကတစ်ဆင့် သက်ဆိုင်ရာများနဲ့ ပြည်သူတွေသိရှိစေဖို့ မီဒီယာ ရှင်းလင်းပွဲပြုလုပ်ချင်ကြောင်း အကူအညီတောင်းလို့ မကွေးတိုင်းသတင်းစာဆရာအသင်းရုံးမှာ ပြုလုပ်နိုင်အောင် မီဒီယာသမားတစ်ယောက်အနေနဲ့ စီစဉ်ပေးခဲ့တာပဲရှိပါတယ်။ ဒါကို ဆက်သွယ်ရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့်တယ်” ဟု သတင်းထောက် ဘဦးက ပြောသည်။

အမှုဖွင့်ခံရသည့် ဒေသခံ(၅)ဦးအနက် (၂)ဦးမှာ သြဂုတ်လ(၂၉)ရက် ညနေပိုင်းတွင် ဖမ်းဆီးခံခဲ့ရပြီး သြဂုတ်လ(၃၀)ရက်နေ့တွင် အာမခံရခဲ့ကြောင်း သိရသည်။

“ကျွန်မတို့အနေနဲ့ အဲဒီကျောင်းအုပ်ဆရာကြီးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကိုတိုင်တန်းခဲ့တာမှာ သတိ ပေးရုံပဲပေးခဲ့တဲ့အတွက် နောက်ထပ် တိုင်စာတွေပေးပို့ခဲ့ပါတယ်။ အဲဒီတိုင်စာတွေအပေါ် အရေးယူမှုမရှိလို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။ အဲဒီလိုသတင်းစာရှင်းလင်းပွဲပြုလုပ်လို့ဆိုပြီး သတင်းထောက် နှစ်ယောက်နဲ့ ကျွန်မတို့ကို ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ခံရတာပါ။ ကျွန်မနဲ့အတူ အဖမ်းခံရတဲ့ ကိုအုန်းရွှေဆို သတင်းစာရှင်းလင်းပွဲနေ့က ဘုရားဖူးဖို့လိုက်လာတာပါ”ဟု တရားစွဲခံထားရသည့် မဥမ္မာက ပြောသည်။

ဒေသခံများက သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် အလယ်တန်းကျောင်း၏ ကျောင်းအုပ်က၎င်းအား မမှန်မကန် စွပ်စွဲပြောဆို၍ ဆက်သွယ်ရေးကွန်ရက်ဖြစ်သော အင်တာနက်လူမှုကွန်ရက်တွင် ဒေါင်းလူ အကောင့်မှ တစ်ဆင့် ဖြန့်ဝခြေင်းပြုပါသဖြင့် ထိုသို့ဆောင်ရွက်ခဲ့သူ ဦးသိန်းစိုးနှင့် အပေါင်းအပါများကို ဥပဒေအရအရေးယူပေးပါရန် ၂၀၁၆ခုနှစ် ဒီဇင်ဘာ(၇)ရက်နေ့တွင် တိုင်တန်းသဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~