ေပါက္ၿမိဳ႕နယ္ရွိ ကပစ(၂၄)ဧရိယာအား ပုဒ္မ ၁၄၄ ထုတ္ျပန္ၿပီးေနာက္ ေက်းရြာ(၅)ရြာက ဆႏၵေဖာ္ထုတ္

ေပါက္ၿမိဳ႕နယ္ရွိ ကပစ(၂၄)ဧရိယာအား ပုဒ္မ ၁၄၄ ထုတ္ျပန္ၿပီးေနာက္ ေက်းရြာ(၅)ရြာက ဆႏၵေဖာ္ထုတ္
သြဂုတ် 18, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ၊ ေပါက္ၿမိဳ႕နယ္ရိွ အမွတ္ (၂၄) ကာကြယ္ေရးပစၥည္းစက္ရံု (ကပစ)ဧရိယာအား ပုဒ္မ (၁၄၄)အရ ျဖတ္သန္း သြားလာခြင့္မျပဳေၾကာင္း တားျမစ္ထုတ္ျပန္လုိက္ၿပီးေနာက္ အဆိုပါဧရိယာအတြင္း လုပ္ကိုင္စားေသာက္ေနသည့္ ေက်းရြာ(၅)ရြာမွ လူထုက ၾသဂုတ္(၁၈)ရက္ေန႔တြင္ ေပါက္ၿမိဳ႕၌ ဆႏၵထုတ္ေဖာ္ၾကေၾကာင္း သိရသည္။

“ပုဒ္မ ၁၄၄ က ေဒသခံေတြကို ရည္ရြယ္တာမဟုတ္ဘူးလို႔ဆိုေပမယ့္ သစ္ဝါးမခုတ္ရ၊ မွ်စ္မခ်ိဳးရ၊ ငါးမမွ်ားရ၊ မီးေသြးမဖုတ္ရ၊ ႏြားမေက်ာင္းရစတဲ႔ ေဒသခံေတြရဲ႕ အလုပ္မွန္သမွ်ကို တားျမစ္ထားတဲ႔အတြက္ မေက်နပ္လို႔ အခုလို ဆႏၵေဖာ္ထုတ္ၾကရတာပါ”ဟု မွ်ားပိုင္းေက်းရြာမွ ဦးေအာင္ထူးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ေပါက္ၿမိဳ႕နယ္အတြင္း မွ်ားပိုင္းေက်းရြာအနီးရိွ ဧရိယာ (၃၆၈၂၇) ဧက အက်ယ္အဝန္းအား တပ္ပိုင္ေျမ အျဖစ္ သတ္မွတ္ၿပီး အမွတ္ (၂၄) ကာကြယ္ေရးပစၥည္းစက္ရံုက စီမံကိန္းလုပ္ငန္းမ်ား အေကာင္အထည္ ေဖာ္ေနျခင္းျဖစ္ရာ အဆိုပါ တပ္ေျမဧရိယာအတြင္း က်ေရာက္ေနသည့္ မွ်ားပိုင္းေက်းရြာ၊ ခင္ေအးေက်းရြာ၊ အုန္းမွင္ေက်းရြာ၊ ထန္းပင္ေခ်ာင္းေက်းရြာမ်ားႏွင့္ ၎တို႔၏ ဝင္လမ္း/ထြက္လမ္း၊ အဆိုပါ ေက်းရြာမ်ား၏ ဝန္းက်င္ဧရိယာတစ္ဝိုက္ စုစုေပါင္း (၂၉၁၀၈.၂၅)ဧကအားခ်န္လွပ္၍ က်န္ဧရိယာမ်ားတြင္ ျပစ္မႈဆိုင္ရာ က်င့္ထံုးဥပေဒပုဒ္မ (၁၄၄)အရ ျဖတ္သန္းသြားလာခြင့္မျပဳေၾကာင္း တားျမစ္ထုတ္ျပန္လုိက္ျခင္းျဖစ္သည္။

“ၾသဂုတ္လ (၃) ရက္ေန႔မွာ သတိေပးဆိုင္းဘုတ္လာေထာင္မွ ပုဒ္မ ၁၄၄ ထုတ္ျပန္တာ သိရပါတယ္။ မူလအသံုးျပဳခဲ႔တဲ႔ ထန္းပင္ေခ်ာင္းလမ္းက စက္ရံုဧရိယာထဲပါသြားလို႔ အပိတ္ခံလိုက္ရတာေၾကာင္႔ ခင္ေအး- မွ်ားပိုင္း ဆက္သြယ္တဲ႔လမ္းကို ကိုယ္ထူကိုယ္ထ ေဖာက္လုပ္ခဲ႔ရတာမွာလည္း ကင္းသံုးခုေလာက္ထားရိွလို႔ အစစ္ေဆးခံၿပီးမွ ျဖတ္သန္းသြားလာရတာေတြရိွပါတယ္”ဟု ဦးေအာင္ထူးက ေျပာသည္။

အဆိုပါ ကပစ ဧရိယာအတြင္း တရားမဝင္က်ဴးေက်ာ္ဝင္ေရာက္ေနထုိင္ျခင္း၊ ဓာတ္ပံု၊ ဗီဒီယိုရိုက္ကူးျခင္း၊ အသံဖမ္းယူျခင္း၊ ေျမပံုေရးဆြဲျခင္း၊ ထပ္ကူးေျမပံုေရးဆြဲျခင္း၊ သစ္ခုတ္ျခင္း၊ ေမ်ာခုတ္ျခင္း၊ ဝါးခုတ္ျခင္း၊ မွ်စ္ခ်ိဳးျခင္း၊ မီးေသြးဖုတ္ျခင္း၊ သစ္ေတာထြက္ပစၥည္းမ်ား ထုတ္ယူျခင္း၊ ေရနံတူးျခင္း၊ ေက်ာက္မီးေသြး တူးျခင္း၊ ေျမေပၚေျမေအာက္သယံဇာတမ်ားထုတ္ယူျခင္း၊ ေက်ာက္ထုတ္ျခင္း၊ ေျမတူးျခင္း၊ ငါးဖမ္းျခင္း၊ အမဲလုိက္ျခင္း၊ ပ်ားဖြပ္ျခင္း၊ ေတာင္ယာခုတ္ျခင္း၊ ေတာမီးရိႈ႕ျခင္း၊ စိုက္ပ်ိဳးေျမဧကမ်ား ေဖာ္ထုတ္ျခင္း၊ ခ်ဲ႕ထြင္လုပ္ကိုင္ ေဆာင္ရြက္ျခင္း၊ ကၽြဲႏြားတိရစၦာန္မ်ား လႊတ္ေက်ာင္းျခင္းစသည္တို႔ကို လံုးဝမျပဳလုပ္ေရး အတြက္ ျပစ္မႈဆိုင္ရာ က်င့္ထံုးဥပေဒ (၁၄၄)ကို ၂၀၁၇ ခုႏွစ္ ဇြန္လ (၁)ရက္ေန႔ ညေန (၄)နာရီမွစ၍ တရားဥပေဒႏွင့္အညီ တားျမစ္မိန္႔ထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး အမ်ားျမင္သာေစရန္ ဗီႏိုင္းမ်ားခ်ိတ္ဆြဲ အသိေပးျခင္းကို ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ (၃) ရက္ေန႔မွစ၍ လုပ္ေဆာင္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်းရြာ(၅)ရြာက အဆိုပါကိစၥႏွင့္ပတ္သက္၍ ဆႏၵေဖာ္ထုတ္ရန္ ေပါက္ၿမိဳ႕နယ္ ရဲတပ္ဖဲြ႔မွဴးရံုးသို႔ ခြင္႔ျပဳခ်က္တင္ခဲ႔ၿပီး သက္ဆုိင္ရာ၏ခြင့္ျပဳခ်က္ရယူေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေပါက္ၿမိဳ႕နယ္ မွ်ားပိုင္းေက်းရြာအုပ္စု မွ်ားပိုင္း၊ ေလးပင္အိုင္၊ ထန္းပင္ေခ်ာင္း၊ အုန္းပင္၊ ခင္ေအးရြာမ်ားမွ ေဒသခံအင္အား(၄၀၀)ခန္႔သည္ ၾသဂုတ္လ(၁၈)ရက္ နံနက္(၉)နာရီအခ်ိန္တြင္ ေပါက္ၿမိဳ႕ရိွ ေပါက္ေခ်ာင္းအနီးတြင္ စတင္စုေဝးကာ ဗိုလ္ခ်ဳပ္လမ္း - ဘုရင္႔ေနာင္လမ္းအတိုင္း ခ်ီတက္ၿပီး ဓမၼာရံုဝိုင္းတြင္ လူစုခဲြခဲ႔ ၾကေၾကာင္း သိရသည္။

ဆႏၵထုတ္ေဖာ္သူမ်ားက ပုဒ္မ ၁၄၄ ထုတ္ျပန္သည့္ကိစၥအား ရွင္းလင္းေပးရန္၊ အဆိုပါဧရိယာအတြင္း ယခင္က ၎တို႔ကို စိုက္ပ်ိဳးလုပ္ကိုင္ခြင့္မတားျမစ္မီက စိုက္ပ်ိဳးထားသည့္ ေျမယာမ်ားအေရး ေျဖရွင္း ေပးရန္၊ စက္ရံုမွစြန္႔ပစ္ေရမ်ား ေခ်ာင္းထဲ စြန္႔ပစ္ျခင္းမျပဳရန္စသည္တို႔ကို ေတာင္းဆိုခဲ့ၾကေၾကာင္း သိရသည္။

သတင္း - ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)ဧရိယာအား ပုဒ်မ (၁၄၄)အရ ဖြတ်သန်း သွားလာခွင့်မပြုကြောင်း တားမြစ်ထုတ်ပြန်လိုက်ပြီးနောက် အဆိုပါဧရိယာအတွင်း လုပ်ကိုင်စားသောက်နေသည့် ကျေးရွာ(၅)ရွာမှ လူထုက သြဂုတ်(၁၈)ရက်နေ့တွင် ပေါက်မြို့၌ ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

“ပုဒ်မ ၁၄၄ က ဒေသခံတွေကို ရည်ရွယ်တာမဟုတ်ဘူးလို့ဆိုပေမယ့် သစ်ဝါးမခုတ်ရ၊ မျှစ်မချိုးရ၊ ငါးမမျှားရ၊ မီးသွေးမဖုတ်ရ၊ နွားမကျောင်းရစတဲ့ ဒေသခံတွေရဲ့ အလုပ်မှန်သမျှကို တားမြစ်ထားတဲ့အတွက် မကျေနပ်လို့ အခုလို ဆန္ဒဖော်ထုတ်ကြရတာပါ”ဟု မျှားပိုင်းကျေးရွာမှ ဦးအောင်ထူးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ပေါက်မြို့နယ်အတွင်း မျှားပိုင်းကျေးရွာအနီးရှိ ဧရိယာ (၃၆၈၂၇) ဧက အကျယ်အဝန်းအား တပ်ပိုင်မြေ အဖြစ် သတ်မှတ်ပြီး အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံက စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်နခြေင်းဖြစ်ရာ အဆိုပါ တပ်မြေဧရိယာအတွင်း ကျရောက်နေသည့် မျှားပိုင်းကျေးရွာ၊ ခင်အေးကျေးရွာ၊ အုန်းမှင်ကျေးရွာ၊ ထန်းပင်ချောင်းကျေးရွာများနှင့်၎င်းတို့၏ ဝင်လမ်း/ထွက်လမ်း၊ အဆိုပါ ကျေးရွာများ၏ ဝန်းကျင်ဧရိယာတစ်ဝိုက် စုစုပေါင်း (၂၉၁၀၈.၂၅)ဧကအားချန်လှပ်၍ ကျန်ဧရိယာများတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄)အရ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း တားမြစ်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“သြဂုတ်လ (၃) ရက်နေ့မှာ သတိပေးဆိုင်းဘုတ်လာထောင်မှ ပုဒ်မ ၁၄၄ ထုတ်ပြန်တာ သိရပါတယ်။ မူလအသုံးပြုခဲ့တဲ့ ထန်းပင်ချောင်းလမ်းက စက်ရုံဧရိယာထဲပါသွားလို့ အပိတ်ခံလိုက်ရတာကြောင့် ခင်အေး- မျှားပိုင်း ဆက်သွယ်တဲ့လမ်းကို ကိုယ်ထူကိုယ်ထ ဖောက်လုပ်ခဲ့ရတာမှာလည်း ကင်းသုံးခုလောက်ထားရှိလို့ အစစ်ဆေးခံပြီးမှ ဖြတ်သန်းသွားလာရတာတွေရှိပါတယ်”ဟု ဦးအောင်ထူးက ပြောသည်။

အဆိုပါ ကပစ ဧရိယာအတွင်း တရားမဝင်ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်း၊ အသံဖမ်းယူခြင်း၊ မြေပုံရေးဆွဲခြင်း၊ ထပ်ကူးမြေပုံရေးဆွဲခြင်း၊ သစ်ခုတ်ခြင်း၊ မျောခုတ်ခြင်း၊ ဝါးခုတ်ခြင်း၊ မျှစ်ချိုးခြင်း၊ မီးသွေးဖုတ်ခြင်း၊ သစ်တောထွက်ပစ္စည်းများ ထုတ်ယူခြင်း၊ ရေနံတူးခြင်း၊ ကျောက်မီးသွေး တူးခြင်း၊ မြေပေါ်မြေအောက်သယံဇာတများထုတ်ယူခြင်း၊ ကျောက်ထုတ်ခြင်း၊ မြေတူးခြင်း၊ ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်း၊ ပျားဖွပ်ခြင်း၊ တောင်ယာခုတ်ခြင်း၊ တောမီးရှို့ခြင်း၊ စိုက်ပျိုးမြေဧကများ ဖော်ထုတ်ခြင်း၊ ချဲ့ထွင်လုပ်ကိုင် ဆောင်ရွက်ခြင်း၊ ကျွဲနွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်းစသည်တို့ကို လုံးဝမပြုလုပ်ရေး အတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ (၁၄၄)ကို ၂၀၁၇ ခုနှစ် ဇွန်လ (၁)ရက်နေ့ ညနေ (၄)နာရီမှစ၍ တရားဥပဒေနှင့်အညီ တားမြစ်မိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အများမြင်သာစေရန် ဗီနိုင်းများချိတ်ဆွဲ အသိပေးခြင်းကို ၂၀၁၇ ခုနှစ် သြဂုတ်လ (၃) ရက်နေ့မှစ၍ လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာ(၅)ရွာက အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ရန် ပေါက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ခွင့်ပြုချက်တင်ခဲ့ပြီး သက်ဆိုင်ရာ၏ခွင့်ပြုချက်ရယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်မြို့နယ် မျှားပိုင်းကျေးရွာအုပ်စု မျှားပိုင်း၊ လေးပင်အိုင်၊ ထန်းပင်ချောင်း၊ အုန်းပင်၊ ခင်အေးရွာများမှ ဒေသခံအင်အား(၄၀၀)ခန့်သည် သြဂုတ်လ(၁၈)ရက် နံနက်(၉)နာရီအချိန်တွင် ပေါက်မြို့ရှိ ပေါက်ချောင်းအနီးတွင် စတင်စုဝေးကာ ဗိုလ်ချုပ်လမ်း - ဘုရင့်နောင်လမ်းအတိုင်း ချီတက်ပြီး ဓမ္မာရုံဝိုင်းတွင် လူစုခွဲခဲ့ ကြကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်သူများက ပုဒ်မ ၁၄၄ ထုတ်ပြန်သည့်ကိစ္စအား ရှင်းလင်းပေးရန်၊ အဆိုပါဧရိယာအတွင်း ယခင်က၎င်းတို့ကို စိုက်ပျိုးလုပ်ကိုင်ခွင့်မတားမြစ်မီက စိုက်ပျိုးထားသည့် မြေယာများအရေး ဖြေရှင်း ပေးရန်၊ စက်ရုံမှစွန့်ပစ်ရေများ ချောင်းထဲ စွန့်ပစ်ခြင်းမပြုရန်စသည်တို့ကို တောင်းဆိုခဲ့ကြကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~