တာခ်ီလိတ္တြင္ ေနအိမ္တစ္အိမ္အား ဝင္ေရာက္ရွာေဖြရာ ဘိန္းျဖဴႏွင့္စိတ္ၾကြေဆးမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ေနအိမ္တစ္အိမ္အား ဝင္ေရာက္ရွာေဖြရာ ဘိန္းျဖဴႏွင့္စိတ္ၾကြေဆးမ်ား ဖမ္းဆီးရမိ
ဇူလိုင် 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္၊ မဂၤလာကုန္းေန အားထူ၏ ေနအိမ္အား ပူးေပါင္းအဖြဲ႕ျဖင့္ ဇူလိုင္လ (၂၄)ရက္ေန႔က ဝင္ေရာက္စစ္ေဆးရာ ဘိန္းျဖဴႏွင့္စိတ္ၾကြေဆးမ်ား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)မွတာခ်ီလိတ္မွ တပ္ဖြဲ႔ဝင္မ်ားႏွင့္ ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ႏွင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႕သည္ နံနက္(၈)နာရီခြဲခန္႔တြင္ အဆိုပါ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ အားထူအား ေနအိမ္ အိပ္ခန္းတြင္ေတြ႔ရၿပီး အခန္းအတြင္းမွ အိုက္စ္ အျဖဴေရာင္ပုံေဆာင္ခဲ အေလးခ်ိန္ (၃၅)ဂရမ္ခန္႔၊ ဘိန္းျဖဴအေလးခ်ိန္ (၁.၅)ဂရမ္ခန္႔ ၊ ပန္းေရာင္ စိတ္ႂကြေဆးမႈန့္ (၁)ဂရမ္ခန္႔ႏွင့္ ထိုင္းဘတ္ေငြ (၂၁၀၀)တို႔အား စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားနွင့္အတူ ဖမ္းဆီးရမိသည့္ အားထူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၄၁/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/ ၂၀(က) အရ အမႈဖြင့္အေရးယူေဆာင္ရြက္ေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ မင်္ဂလာကုန်းနေ အားထူ၏ နေအိမ်အား ပူးပေါင်းအဖွဲ့ဖြင့် ဇူလိုင်လ (၂၄)ရက်နေ့က ဝင်ရောက်စစ်ဆေးရာ ဘိန်းဖြူနှင့်စိတ်ကြွဆေးများ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)မှတာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နံနက်(၈)နာရီခွဲခန့်တွင် အဆိုပါ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အားထူအား နေအိမ် အိပ်ခန်းတွင်တွေ့ရပြီး အခန်းအတွင်းမှ အိုက်စ် အဖြူရောင်ပုံဆောင်ခဲ အလေးချိန် (၃၅)ဂရမ်ခန့်၊ ဘိန်းဖြူအလေးချိန် (၁.၅)ဂရမ်ခန့်၊ ပန်းရောင် စိတ်ကြွဆေးမှုန့် (၁)ဂရမ်ခန့်နှင့် ထိုင်းဘတ်ငွေ (၂၁၀၀)တို့အား စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အားထူအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၄၁/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၀(က) အရ အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~