အေမရိကန္ပညာသင္ဆုအေၾကာင္းရွင္းလင္းပြဲ က်ိဳင္းတံု တိုင္းလိခန္းမတြင္ ယေန႔က်င္းပမည္

အေမရိကန္ပညာသင္ဆုအေၾကာင္းရွင္းလင္းပြဲ က်ိဳင္းတံု တိုင္းလိခန္းမတြင္ ယေန႔က်င္းပမည္
ဇူလိုင် 6, 2017
By 🌸
အေမရိကန္ပညာသင္ဆုမ်ားေလွ်ာက္ထားလိုသည့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕မွ ေက်ာင္းသား ေက်ာင္းသူမ်ားႏွင့္ ဆရာဆရာမမ်ားအား ရန္ကုန္ၿမိဳ႕ရိွ အေမရိကန္သံရုံးမွ တာဝန္ရိွသူက တိုင္းလိခန္းမတြင္ ဇူလိုင္လ(၆)ရက္ေန႔ ညေန (၄)နာရီ၌ ပညာသင္ဆုမ်ားအေၾကာင္း ရွင္းလင္းမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားနွင္႔ ဆရာ၊ဆရာမမ်ားအား နွစ္စဥ္ ေပးအပ္လွ်က္ရိွေသာ ပညာသင္ဆုမ်ားကို ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)မွ လူငယ္မ်ား ပိုမိုေလွ်ာက္ထားေစရန္ ရည္ရြယ္၍ ပညာသင္ဆုမ်ားအေၾကာင္း လာေရာက္ရွင္းလင္းျခင္းျဖစ္ေၾကာင္း  အေမရိကန္သံရုံးမွ YSEALI Coordinator ေဒၚၾကည္ခိုင္သဲသဲထံမွ သိရသည္။

အေမရိကန္ပညာသင္ဆုမ်ားအေၾကာင္းရွင္းလင္းျခင္းကို က်ိဳင္းတံု ကြန္ပ်ဴတာတကၠသိုလ္တြင္ ဇူလိုင္လ (၆)ရက္ နံနက္ (၉)နာရီခြဲကလည္း က်င္းပခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

"ဒီပြဲေလးကို အခုလို လာလုပ္ေပးတာ တကယ္ေကာင္းပါတယ္။ ကၽြန္ေတာ္တို႔ဘက္က လူငယ္ေတြအတြက္က တစ္ျခား ၿမိဳ႕ႀကီးေတြထက္စာရင္ ဒါမ်ိဳးပညာသင္ဆုေတြ ေလွ်ာက္ဖို႔အတြက္ ကြန္ရက္ေတြကျပတ္ေနတဲ႔အတြက္ အခြင္႔အလမ္းပိုနည္းတယ္ေလ။ အခုလို အစီအစဥ္ေတြ ရိွေနတာသိရေတာ႔ လူငယ္ေတြၾကားမွာ ပိုၿပီးႀကိဳးစားလာခ်င္မွာေတာ႔ အမွန္ပါပဲ"ဟု ကြန္ပ်ဴတာ တကၠသိုလ္(က်ိဳင္းတံု)မွ တတိယနွစ္ေက်ာင္းသား ကိုေကာင္းျမတ္စံက ေျပာသည္။

က်ိဳင္းတံုကြန္ပ်ဴတာတကၠသိုလ္တြင္ အေမရိကန္ပညာသင္ဆုအေၾကာင္း ရွင္းလင္းျခင္းအခမ္းအနားသို႔ အေမရိကန္သံရုံးမွ YSEALI Coordinator ေဒၚၾကည္ခိုင္သဲသဲနွင္႔ ကြန္ပ်ဴတာ တကၠသိုလ္(က်ိဳင္းတံု)မွ ပါေမာကၡခ်ဳပ္(တာဝန္) ေဒၚတင္ျမတ္ေထြးနွင္႔ ဆရာ၊ဆရာမ်ား၊ ေက်ာင္းသား၊ေက်ာင္းသူ စုစုေပါင္း (၁၀၀)ခန္႔တက္ေရာက္ခဲ႔ၾကေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~

အမေရိကန်ပညာသင်ဆုအကြောင်းရှင်းလင်းပွဲ ကျိုင်းတုံ တိုင်းလိခန်းမတွင် ယနေ့ကျင်းပမည်
****************
အမေရိကန်ပညာသင်ဆုများလျှောက်ထားလိုသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာဆရာမများအား ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ တာဝန်ရှိသူက တိုင်းလိခန်းမတွင် ဇူလိုင်လ(၆)ရက်နေ့ ညနေ (၄)နာရီ၌ ပညာသင်ဆုများအကြောင်း ရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများအား နှစ်စဉ် ပေးအပ်လျှက်ရှိသော ပညာသင်ဆုများကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ လူငယ်များ ပိုမိုလျှောက်ထားစေရန် ရည်ရွယ်၍ ပညာသင်ဆုများအကြောင်း လာရောက်ရှင်းလင်းခြင်းဖြစ်ကြောင်း  အမေရိကန်သံရုံးမှ YSEALI Coordinator ဒေါ်ကြည်ခိုင်သဲသဲထံမှ သိရသည်။

အမေရိကန်ပညာသင်ဆုများအကြောင်းရှင်းလင်းခြင်းကို ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်တွင် ဇူလိုင်လ (၆)ရက် နံနက် (၉)နာရီခွဲကလည်း ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။

"ဒီပွဲလေးကို အခုလို လာလုပ်ပေးတာ တကယ်ကောင်းပါတယ်။ ကျွန်တော်တို့ဘက်က လူငယ်တွေအတွက်က တစ်ခြား မြို့ကြီးတွေထက်စာရင် ဒါမျိုးပညာသင်ဆုတွေ လျှောက်ဖို့အတွက် ကွန်ရက်တွေကပြတ်နေတဲ့အတွက် အခွင့်အလမ်းပိုနည်းတယ်လေ။ အခုလို အစီအစဉ်တွေ ရှိနေတာသိရတော့ လူငယ်တွေကြားမှာ ပိုပြီးကြိုးစားလာချင်မှာတော့ အမှန်ပါပဲ"ဟု ကွန်ပျူတာ တက္ကသိုလ်(ကျိုင်းတုံ)မှ တတိယနှစ်ကျောင်းသား ကိုကောင်းမြတ်စံက ပြောသည်။

ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်တွင် အမေရိကန်ပညာသင်ဆုအကြောင်း ရှင်းလင်းခြင်းအခမ်းအနားသို့ အမေရိကန်သံရုံးမှ YSEALI Coordinator ဒေါ်ကြည်ခိုင်သဲသဲနှင့် ကွန်ပျူတာ တက္ကသိုလ်(ကျိုင်းတုံ)မှ ပါမောက္ခချုပ်(တာဝန်) ဒေါ်တင်မြတ်ထွေးနှင့် ဆရာ၊ဆရာများ၊ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၀၀)ခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~