မိုးရြာသြန္း၍ ေတာင္က်ေရတုိက္စားခံရသည့္ တာေလႏွင့္က်ိဳင္းလပ္လမ္းအား ေန႔ခ်င္းျပဳျပင္ၿပီး၍ ယာဥ္မ်ား သြားလာႏိုင္

မိုးရြာသြန္း၍ ေတာင္က်ေရတုိက္စားခံရသည့္ တာေလႏွင့္က်ိဳင္းလပ္လမ္းအား ေန႔ခ်င္းျပဳျပင္ၿပီး၍ ယာဥ္မ်ား သြားလာႏိုင္
ဇူလိုင် 9, 2017
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ တာေလႏွင့္ က်ဳိင္းလပ္သြားလမ္းတြင္ ဇူလိုင္လ (၉)ရက္ေန႔ နံနက္ပိုင္းက မိုးသည္းထန္၍ ေတာင္က်ေရတုိက္စားသြားသည့္ ေပ(၂၀)အရွည္ လက္ရန္းပါကြန္ကရစ္တံတားအား ေန႔ခ်င္းၿပီးျပင္ဆင္ေနရာ ညေန (၄)နာရီတြင္ ကား၊ဆိုင္ကယ္မ်ား ျဖတ္သန္းသြားႏိုင္ၿပီျဖစ္ေၾကာင္း  သိရသည္။

မိုးသည္းထန္စြာ ရြာသြန္း၍ ေတာင္က်ေရတိုက္စားမႈေၾကာင့္ ဇူလိုင္လ(၉)ရက္ေန႔ နံနက္(၅)နာရီခြဲ၀န္းက်င္အခ်ိန္က ၿပိဳက်ပ်က္စီးသြားသည့္ ဝမ္လန္းရြာအဝင္ ကြန္ကရစ္တံတား ႏွစ္ဘက္ကမ္းကပ္ခံုမ်ားေနရာတြင္ သဲ၊ေက်ာက္ျဖည့္ျခင္းအား လုပ္ေဆာင္ရာ ေျမသားလမ္းၿပီးစီးသြား၍ လမ္းဦးစီးဌာနက ေဘလီတံတားထိုးႏိုင္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

အဆိုပါ လမ္းပိုင္းတြင္ ဆက္သြယ္ေရးမျပတ္ေတာက္ရန္ လမ္းဦးစီးဌာနမွ ဘက္ဟိုး (၃)စီး၊ က်ိဳင္းလပ္ၿမိဳ႕ မီးလင္းေရးမွ ဘက္ဟိုး(၁)စီးျဖင့္ လုပ္ငန္းမ်ားေဆာင္ရြက္ခဲ့ၿပီး ၿမိဳ႕နယ္လမ္းဦးစီးဌာန၊ က်ိဳင္းလပ္ၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴးရံုးႏွင့္ ရံုးအဖြဲ႕မ်ား၊ ရတခမရ(၃၂၉)ႏွင့္ ခမရ (၃၁၆)တို႔မွ တပ္မေတာ္သားမ်ား၊ တာေလျပည္သူ႔စစ္အဖြဲ႕၊ မိုင္းပါလွ်ိဳးေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးႏွင့္ ေက်းရြာသားမ်ား ဝိုင္းဝန္းကူညီေဆာင္ရြက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။





~~~~~~~~⊰❂ unicode ~~~~~~~~

မိုးရွာသွန်း၍ တောင်ကျရေတိုက်စားခံရသည့် တာလေနှင့်ကျိုင်းလပ်လမ်းအား နေ့ချင်းပြုပြင်ပြီး၍ ယာဉ်များ သွားလာနိုင်
******

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေနှင့် ကျိုင်းလပ်သွားလမ်းတွင် ဇူလိုင်လ (၉)ရက်နေ့ နံနက်ပိုင်းက မိုးသည်းထန်၍ တောင်ကျရေတိုက်စားသွားသည့် ပေ(၂၀)အရှည် လက်ရန်းပါကွန်ကရစ်တံတားအား နေ့ချင်းပြီးပြင်ဆင်နေရာ ညနေ (၄)နာရီတွင် ကား၊ဆိုင်ကယ်များ ဖြတ်သန်းသွားနိုင်ပြီဖြစ်ကြောင်း  သိရသည်။

မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေတိုက်စားမှုကြောင့် ဇူလိုင်လ(၉)ရက်နေ့ နံနက်(၅)နာရီခွဲဝန်းကျင်အချိန်က ပြိုကျပျက်စီးသွားသည့် ဝမ်လန်းရွာအဝင် ကွန်ကရစ်တံတား နှစ်ဘက်ကမ်းကပ်ခုံများနေရာတွင် သဲ၊ကျောက်ဖြည့်ခြင်းအား လုပ်ဆောင်ရာ မြေသားလမ်းပြီးစီးသွား၍ လမ်းဦးစီးဌာနက ဘေလီတံတားထိုးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းတွင် ဆက်သွယ်ရေးမပြတ်တောက်ရန် လမ်းဦးစီးဌာနမှ ဘက်ဟိုး (၃)စီး၊ ကျိုင်းလပ်မြို့ မီးလင်းရေးမှ ဘက်ဟိုး(၁)စီးဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး မြို့နယ်လမ်းဦးစီးဌာန၊ ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူးရုံးနှင့် ရုံးအဖွဲ့များ၊ ရတခမရ(၃၂၉)နှင့် ခမရ (၃၁၆)တို့မှ တပ်မတော်သားများ၊ တာလေပြည်သူ့စစ်အဖွဲ့၊ မိုင်းပါလျှိုးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားများ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~