ေတာင္ႀကီးၿမိဳ႕လမ္းမ်ား အဆင့္ျမႇင့္ရန္ လမ္းဧရိယာမလြတ္သည့္ သစ္ပင္မ်ားရွင္းလင္း

ေတာင္ႀကီးၿမိဳ႕လမ္းမ်ား အဆင့္ျမႇင့္ရန္ လမ္းဧရိယာမလြတ္သည့္ သစ္ပင္မ်ားရွင္းလင္း
ဇူလိုင် 3, 2017
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕လမ္းမ်ား ယာဥ္အႏၱရာယ္ကင္းရွင္းေရးအတြက္ လမ္းအဆင့္ျမႇင့္မည္ျဖစ္ရာ သတ္မွတ္ထားသည့္လမ္းဧရိယာႏွင့္ မလြတ္သည့္ သစ္ပင္မ်ားရွင္းလင္းျခင္းလုပ္ငန္းကို ဇူလိုင္လဆန္း၌ စတင္ေဆာင္ရြက္ေနေၾကာင္း ေတာင္ႀကီးၿမိဳ႕ လမ္းဦးစီးဌာနမွ သိရသည္။

“၂၀၁၇- ၂၀၁၈ ဘ႑ာေရးႏွစ္မွာ ေတာင္ႀကီးၿမိဳ႕တြင္း ကတၱရာေအစီလမ္းခင္းဖို႔ရိွပါတယ္။ ေအစီစက္ေတြလည္း စထိုင္ၿပီး လုပ္ေနပါတယ္။ ပြင့္လင္းရာသီမွာလုပ္တဲ့အခါမွာ လမ္းခ်ဲ႕ၿပီးေတာ့ ေဆာင္ရြက္ရမွာျဖစ္ပါတယ္။ အဲဒီေနရာေတြမွာ ေအစီလမ္းခင္းဖို႔အတြက္ သတ္မွတ္လမ္းအက်ယ္အရကို ေဆာင္ရြက္တာျဖစ္တယ္”ဟု ေတာင္ႀကီးၿမိဳ႕ လမ္းဦးစီးဌာန ညႊန္ၾကားေရးမႈး (ၿမိဳ႕ျပ) ဦးေက်ာ္သီဟက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေတာင္ႀကီးၿမိဳ႕၏ အဓိကလမ္းမႀကီးျဖစ္သည့္ ဗိုလ္ခ်ဳပ္လမ္းအား တစ္ဖက္လွ်င္ (၃၆)ေပစီျဖင့္ အက်ယ္ (၇၂)ေပႏွင့္ က်န္သည့္လမ္းပိုင္းအခ်ိဳ႕အား တစ္ဖက္လွ်င္ ( ၂၄) ေပစီျဖင့္ လမ္းအက်ယ္ (၅၈)ေပ လမ္းမ်ားအျဖစ္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လမ္းအဆင့္ျမႇင့္မည့္အပိုင္းျဖစ္သည့္ က်ားေခါင္းလမ္းမွ ေဆးတကၠသိုလ္အထိ (၁၁၆)မုိင္ကို ေနမင္းေရာင္ကုမၸဏီက တာဝန္ယူကာ ကရင္မေရထြက္မွ က်ားေခါင္းအထိကို ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးအဖြဲ႕က တာဝန္ယူမည္ျဖစ္ၿပီး  ယာဥ္အစီးေရေပါင္း ငါးေထာင္ခန္႔ ေန႔စဥ္ျဖတ္သန္းေနသည့္ ေတာင္ႀကီးႏွင့္ ဟဲဟိုးလမ္းကိုလည္း အဆင့္ျမႇင့္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

 “လက္ရွိမွာက ေအစီကတၱရာႀကိဳစက္ေတြနဲ႕ လမ္းျပဳျပင္ဖို႔စခန္းေတြတည္ေနပါၿပီ။ လိုအပ္တဲ့ လမ္းလႊာဒီဇိုင္း၊ လမ္းအက်ယ္၊ လမ္းအထူ၊ လမ္းပံုစံအေကြ႕ေတြကို တိုင္းတာၿပီး ပံုထုတ္သြားမွာပါ။ ပြင့္လင္းကာလက်ရင္ေတာ့ တစ္ခါတည္း ေဆာင္ရြက္သြားမွာပါ။ အဓိကကေတာ့ ယာဥ္သြားလာမႈတိုးတက္ဖို႔အတြက္ ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။ ဟဲဟိုးနဲ႕ ေတာင္ႀကီးၾကားက လမး္ေတြကိုလည္း လုပ္ေနပါတယ္။ အခုလက္ရွိ (၂၄) ေပလမ္းနဲ႕ အဆင္မေျပေတာ့ဘူး။ ယာဥ္သြားတဲ့အစီးေရေပၚမူတည္ၿပီးေတာ့ ယာဥ္အႏၱရာယ္ကင္းရွင္းဖို႔ လိုခ်င္တဲ့ခရီးတစ္ခုကို အဆင္ေျပေျပေရာက္ေအာင္ ေဘးကင္းေအာင္ ခ်ဲ႕သြားမွာပါ”ဟု ေတာင္ႀကီးၿမိဳ႕ လမ္းဦးစီးဌာန ညႊန္ၾကားေရးမႈး (ၿမိဳ႕ျပ) ဦးေက်ာ္သီဟက ေျပာသည္။

အဆိုပါလမ္းျပဳျပင္ေရးအတြက္ သက္ဆိုင္ရာဌာနမ်ားႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးတို႔ ညိႇႏိႈင္းအစည္းအေဝး ျပဳလုပ္ၿပီး ျပည္နယ္အစိုးရထံ မတ္လ (၁၆) ရက္ေန႔က တင္ျပခြင့္ျပဳခ်က္ေတာင္းခံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လမ္းအဆင့္ျမႇင့္တင္ျခင္းအား ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ အဆိုပါလမ္းပိုင္းမ်ားအား BOD စနစ္ျဖင့္ လုပ္ကိုင္ခြင့္ ႏွစ္ (၄၀) ရရိွထားသည့္ ကုမၸဏီမ်ားက ပူးေပါင္းေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ႏိုႏို
ဓါတ္ပံု #ဦးတိုး

~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီးမြို့လမ်းများ အဆင့်မြှင့်ရန် လမ်းဧရိယာမလွတ်သည့် သစ်ပင်များရှင်းလင်း
**********
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့လမ်းများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လမ်းအဆင့်မြှင့်မည်ဖြစ်ရာ သတ်မှတ်ထားသည့်လမ်းဧရိယာနှင့် မလွတ်သည့် သစ်ပင်များရှင်းလင်းခြင်းလုပ်ငန်းကို ဇူလိုင်လဆန်း၌ စတင်ဆောင်ရွက်နေကြောင်း တောင်ကြီးမြို့ လမ်းဦးစီးဌာနမှ သိရသည်။

“၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ တောင်ကြီးမြို့တွင်း ကတ္တရာအေစီလမ်းခင်းဖို့ရှိပါတယ်။ အေစီစက်တွေလည်း စထိုင်ပြီး လုပ်နေပါတယ်။ ပွင့်လင်းရာသီမှာလုပ်တဲ့အခါမှာ လမ်းချဲ့ပြီးတော့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ အေစီလမ်းခင်းဖို့အတွက် သတ်မှတ်လမ်းအကျယ်အရကို ဆောင်ရွက်တာဖြစ်တယ်”ဟု တောင်ကြီးမြို့ လမ်းဦးစီးဌာန ညွှန်ကြားရေးမှုး (မြို့ပြ) ဦးကျော်သီဟက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တောင်ကြီးမြို့၏ အဓိကလမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်လမ်းအား တစ်ဖက်လျှင် (၃၆)ပေစီဖြင့် အကျယ် (၇၂)ပေနှင့် ကျန်သည့်လမ်းပိုင်းအချို့အား တစ်ဖက်လျှင် ( ၂၄) ပေစီဖြင့် လမ်းအကျယ် (၅၈)ပေ လမ်းများအဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

လမ်းအဆင့်မြှင့်မည့်အပိုင်းဖြစ်သည့် ကျားခေါင်းလမ်းမှ ဆေးတက္ကသိုလ်အထိ (၁၁၆)မိုင်ကို နေမင်းရောင်ကုမ္ပဏီက တာဝန်ယူကာ ကရင်မရေထွက်မှ ကျားခေါင်းအထိကို တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးအဖွဲ့က တာဝန်ယူမည်ဖြစ်ပြီး  ယာဉ်အစီးရေပေါင်း ငါးထောင်ခန့် နေ့စဉ်ဖြတ်သန်းနေသည့် တောင်ကြီးနှင့် ဟဲဟိုးလမ်းကိုလည်း အဆင့်မြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

 “လက်ရှိမှာက အေစီကတ္တရာကြိုစက်တွေနဲ့ လမ်းပြုပြင်ဖို့စခန်းတွေတည်နေပါပြီ။ လိုအပ်တဲ့ လမ်းလွှာဒီဇိုင်း၊ လမ်းအကျယ်၊ လမ်းအထူ၊ လမ်းပုံစံအကွေ့တွေကို တိုင်းတာပြီး ပုံထုတ်သွားမှာပါ။ ပွင့်လင်းကာလကျရင်တော့ တစ်ခါတည်း ဆောင်ရွက်သွားမှာပါ။ အဓိကကတော့ ယာဉ်သွားလာမှုတိုးတက်ဖို့အတွက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဟဲဟိုးနဲ့ တောင်ကြီးကြားက လမး်တွေကိုလည်း လုပ်နေပါတယ်။ အခုလက်ရှိ (၂၄) ပေလမ်းနဲ့ အဆင်မပြေတော့ဘူး။ ယာဉ်သွားတဲ့အစီးရေပေါ်မူတည်ပြီးတော့ ယာဉ်အန္တရာယ်ကင်းရှင်းဖို့ လိုချင်တဲ့ခရီးတစ်ခုကို အဆင်ပြေပြေရောက်အောင် ဘေးကင်းအောင် ချဲ့သွားမှာပါ”ဟု တောင်ကြီးမြို့ လမ်းဦးစီးဌာန ညွှန်ကြားရေးမှုး (မြို့ပြ) ဦးကျော်သီဟက ပြောသည်။

အဆိုပါလမ်းပြုပြင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး ပြည်နယ်အစိုးရထံ မတ်လ (၁၆) ရက်နေ့က တင်ပြခွင့်ပြုချက်တောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လမ်းအဆင့်မြှင့်တင်ခြင်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အဆိုပါလမ်းပိုင်းများအား BOD စနစ်ဖြင့် လုပ်ကိုင်ခွင့် နှစ် (၄၀) ရရှိထားသည့် ကုမ္ပဏီများက ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သတင်း #နိုနို
ဓါတ်ပုံ #ဦးတိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~