ေတာင္ႀကီးၿမိဳ႕ရိွေစ်းမ်ားတြင္ စားသံုးရန္မသင့္ စားေသာက္ကုန္မ်ားအား ေရွာင္တခင္စစ္ေဆးမႈ အပတ္စဥ္ ေဆာင္ရြက္မည္

ေတာင္ႀကီးၿမိဳ႕ရိွေစ်းမ်ားတြင္ စားသံုးရန္မသင့္ စားေသာက္ကုန္မ်ားအား ေရွာင္တခင္စစ္ေဆးမႈ အပတ္စဥ္ ေဆာင္ရြက္မည္
ဇူလိုင် 22, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ရွိ ေစ်းမ်ားတြင္ စားသံုးရန္မသင့္စားေသာက္ကုန္မ်ား ေရာင္းခ်ျခင္း ရိွ/မရိွအား ေရွာင္တခင္ စစ္ေဆးမႈကို အပတ္စဥ္ ျပဳလုပ္ေနေၾကာင္း ရွမ္းျပည္နယ္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ သိရသည္။

“ ေရွာင္တစ္ခင္စစ္ေဆးမႈကို ကၽြန္ေတာ္တို႔ တစ္ပတ္ကို တစ္ေစ်း လိုက္စစ္မယ္။ စစ္ေဆး ရရွိလာတဲ့ ပစၥည္းေတြကိုလည္း စားသံုးရန္သင့္ /မသင့္ ဆိုတာေတြကို တရား၀င္ေၾကညာသြားမွာပါ”ဟု ရွမ္းျပည္နယ္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ တာဝန္ခံ ေဒါက္တာသန္႔ဇင္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

သက္ဆုိင္ရာဌာနမွ တာဝန္ရိွသူမ်ား ပူးေပါင္းပါဝင္သည့္အဖြဲ႕သည္ ဇူလိုင္လ (၂၀)ရက္ေန႔က ေတာင္ႀကီးၿမိဳ႕ စစ္စံထြန္းေစ်းတြင္ စစ္ေဆးရာ စားသံုးရန္ မသင့္ဟု သံသယရိွသည့္ ပစၥည္း (၁၀)မ်ိဳးအား ေနျပည္ေတာ္သို႔ ပို႔ေဆာင္၍ စစ္ေဆးမႈျပဳလုပ္ေနေၾကာင္း သိရသည္။

“စဝ္စံထြန္းေစ်းမွာ ကၽြန္ေတာ္တို႔ သက္ဆိုင္ရာဌာနေတြနဲ႔ ေရွာင္တခင္စစ္ေဆးပါတယ္။ စားသံုးရန္မသင့္လို႔ သံသယျဖစ္တဲ့ (၁၀)မ်ိဳးကို နမူနာ ေကာက္လာပါတယ္။ ေတာင္ႀကီးမွာက်ေတာ့ အကုန္စစ္လို႔မရဘူး။ ေနျပည္ ေတာ္ကိုပို႔ၿပီး အဲဒီကေနတစ္ဆင့္ အတည္ျပဳတဲ့အခါမွာ အားလံုးကို ေၾကညာသြားမွာပါ”ဟု ေဒါက္တာသန္႔ဇင္က ေျပာသည္။

စဝ္စံထြန္းေစ်းအတြင္း စစ္ေဆးစဥ္က စားသံုးရန္မသင့္တားျမစ္ထားသည္႔ ၉၉၉ ဂ်ံဳေခါက္ဆြဲျမဴစြမ္မ်ား ေရာင္းခ်ေနသည္ကို ေတြ႔ရသျဖင့္ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

သတင္း - ႏိုႏို
ဓာတ္ပံု - အစားအ​ေသာက္​ႏွင္​့​ေဆး၀ါးကြပ္​ကဲ​ေရးဦးစီးဌာန


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ ဈေးများတွင် စားသုံးရန်မသင့်စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိအား ရှောင်တခင် စစ်ဆေးမှုကို အပတ်စဉ် ပြုလုပ်နေကြောင်း ရှမ်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

“ ရှောင်တစ်ခင်စစ်ဆေးမှုကို ကျွန်တော်တို့ တစ်ပတ်ကို တစ်ဈေး လိုက်စစ်မယ်။ စစ်ဆေး ရရှိလာတဲ့ ပစ္စည်းတွေကိုလည်း စားသုံးရန်သင့် /မသင့် ဆိုတာတွေကို တရားဝင်ကြေညာသွားမှာပါ”ဟု ရှမ်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ခံ ဒေါက်တာသန့်ဇင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သည့်အဖွဲ့သည် ဇူလိုင်လ (၂၀)ရက်နေ့က တောင်ကြီးမြို့ စစ်စံထွန်းဈေးတွင် စစ်ဆေးရာ စားသုံးရန် မသင့်ဟု သံသယရှိသည့် ပစ္စည်း (၁၀)မျိုးအား နပြေည်တော်သို့ ပို့ဆောင်၍ စစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။

“စဝ်စံထွန်းဈေးမှာ ကျွန်တော်တို့ သက်ဆိုင်ရာဌာနတွေနဲ့ ရှောင်တခင်စစ်ဆေးပါတယ်။ စားသုံးရန်မသင့်လို့ သံသယဖြစ်တဲ့ (၁၀)မျိုးကို နမူနာ ကောက်လာပါတယ်။ တောင်ကြီးမှာကျတော့ အကုန်စစ်လို့မရဘူး။ နပြေည် တော်ကိုပို့ပြီး အဲဒီကနေတစ်ဆင့် အတည်ပြုတဲ့အခါမှာ အားလုံးကို ကြေညာသွားမှာပါ”ဟု ဒေါက်တာသန့်ဇင်က ပြောသည်။

စဝ်စံထွန်းဈေးအတွင်း စစ်ဆေးစဉ်က စားသုံးရန်မသင့်တားမြစ်ထားသည့် ၉၉၉ ဂျုံခေါက်ဆွဲမြူစွမ်များ ရောင်းချနေသည်ကို တွေ့ရသဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

သတင်း - နိုနို
ဓာတ်ပုံ - အစားအ​သောက်​နှင်​့​ဆေးဝါးကွပ်​ကဲ​ရေးဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~