ရွမ္းျပည္နယ္ေတာင္ပိုင္း ၿမိဳ႕နယ္သံုးခု၏ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးလုပ္ငန္းစဥ္ ညိႇႏိႈင္းေဆြးေႏြး

ရွမ္းျပည္နယ္ေတာင္ပိုင္း ၿမိဳ႕နယ္သံုးခု၏ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးလုပ္ငန္းစဥ္ ညိႇႏိႈင္းေဆြးေႏြး
ဇူလိုင် 3, 2017
By 🌸
က်န္းမာေရး၀န္ႀကီးဌာနႏွင့္ Relief Interational (RI)တို႔ ရွမ္းျပည္နယ္(ေတာင္ပိုင္း) သံုးၿမိဳ႕နယ္တြင္ ပူးေပါင္းေဆာင္ရြက္ေနသည့္ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးလုပ္ငန္းစဥ္ ညိႇႏိႈင္းေဆြးေႏြးပြဲအား ဇူလိုင္လ (၃)ရက္ေန႔က ေတာင္ႀကီးၿမိဳ႕ ျပည္သူ႔က်န္းမာေရးဦးစီးဌာန အစည္းအေဝးခန္းမတြင္ က်င္းပသည္။

“လုပ္ငန္းေဆာင္ရြက္ၿပီးစီးမႈေတြကို ျပန္လည္သံုးသပ္တဲ့ ေဆြးေႏြးပြဲပါ။ ေရွ႕ဆက္လုပ္မယ့္ လုပ္ငန္းစဥ္ေတြ ေဆြးေႏြးမယ္။ ကၽြန္ေတာ္တို႔ လုပ္ေနတဲ့လုပ္ငန္းစဥ္ေတြကေတာ့ ကိုယ္ဝန္ေဆာင္သည္ေတြ မီးဖြားတဲ့ အခ်ိန္ေတြနဲ႔ ကေလးေတြအတြက္ အာဟာရျပည့္၀ေအာင္ ကူညီေထာက္ပံ့ေပးတာပါ။ ေရွ႕ဆက္မယ့္ လုပ္ငန္းစဥ္ေတြကို ညိႇႏိႈင္းေဆြးေႏြးသြားမွာပါ” ဟု ျပည္နယ္က်န္းမာေရးဦးစီးဌာနမွ ေဒါက္တာစိုင္းဝင္းေဇာ္လိႈင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေထာင္စုႏွစ္ဖြံ႕ၿဖိဳးတိုးတက္ေရး ရည္မွန္းခ်က္(၃)ခု ရန္ပံုေငြျဖင့္ က်န္းမာေရး၀န္ႀကီးဌာနႏွင့္ Relief Interational (RI) အဖြဲ႕တို႔က ရွမ္းျပည္နယ္ေတာင္ပိုင္း ဆီဆိုင္၊ လဲခ်ားႏွင့္ ေမာက္မယ္ၿမိဳ႕နယ္သံုးခုတြင္ ရည္မွန္းခ်က္ ရန္ပံုေငြျဖင့္ စီမံကိန္းေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေဒသမ်ားတြင္ ကိုယ္ဝန္ေဆာင္ေစာင့္ေရွာက္ေရး၊ အေရးေပၚကေလးေမြးႀကိဳ ျပဳလုပ္ေပးျခင္း၊ အာဟာရျပည့္ဝျခင္းလုပ္ငန္း၊ ႏွစ္လျပည့္ကေလးငယ္မ်ား ကာကြယ္ေဆးထိုးႏွံျခင္းလုပ္ငန္းမ်ားအား ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ႏိုႏို



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်သုံးခု၏ မိခင်နှင့်ကလေးစောင့်ရှောက်ရေးလုပ်ငန်းစဉ် ညှိနှိုင်းဆွေးနွေး
**********
ကျန်းမာရေးဝန်ကြီးဌာနနှင့် Relief Interational (RI)တို့ ရှမ်းပြည်နယ်(တောင်ပိုင်း) သုံးမြို့နယ်တွင် ပူးပေါင်းဆောင်ရွက်နေသည့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးလုပ်ငန်းစဉ် ညှိနှိုင်းဆွေးနွေးပွဲအား ဇူလိုင်လ (၃)ရက်နေ့က တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

“လုပ်ငန်းဆောင်ရွက်ပြီးစီးမှုတွေကို ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲပါ။ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေ ဆွေးနွေးမယ်။ ကျွန်တော်တို့ လုပ်နေတဲ့လုပ်ငန်းစဉ်တွေကတော့ ကိုယ်ဝန်ဆောင်သည်တွေ မီးဖွားတဲ့ အချိန်တွေနဲ့ ကလေးတွေအတွက် အာဟာရပြည့်ဝအောင် ကူညီထောက်ပံ့ပေးတာပါ။ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေကို ညှိနှိုင်းဆွေးနွေးသွားမှာပါ” ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုင်းဝင်းဇော်လှိုင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်(၃)ခု ရန်ပုံငွေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် Relief Interational (RI) အဖွဲ့တို့က ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ လဲချားနှင့် မောက်မယ်မြို့နယ်သုံးခုတွင် ရည်မှန်းချက် ရန်ပုံငွေဖြင့် စီမံကိန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဒေသများတွင် ကိုယ်ဝန်ဆောင်စောင့်ရှောက်ရေး၊ အရေးပေါ်ကလေးမွေးကြို ပြုလုပ်ပေးခြင်း၊ အာဟာရပြည့်ဝခြင်းလုပ်ငန်း၊ နှစ်လပြည့်ကလေးငယ်များ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~