လိြဳင္ေကာ္ၿမိဳ႕ရွိ ေနအိမ္တစ္လံုးမွ လက္နက္ခဲယမ္းႏွင့္ မူးယစ္ေဆးမ်ား ဖမ္းဆီးရမိ

လိြဳင္ေကာ္ၿမိဳ႕ရွိ ေနအိမ္တစ္လံုးမွ လက္နက္ခဲယမ္းႏွင့္ မူးယစ္ေဆးမ်ား ဖမ္းဆီးရမိ
ဇူလိုင် 21, 2017
By Tachileik News Agency

မႏၱေလးတုိင္းေဒသႀကီး သာစည္ၿမိဳ႕တြင္ ဖမ္းဆီးရမိသည့္ လက္နက္သယ္ေဆာင္မႈမွ ကြင္းဆက္ဟု ယူဆရသူ၏ လိြဳင္ေကာ္ၿမိဳ႕ေနအိမ္အား ဇူလုိင္လ (၂၀)ရက္ေန႔တြင္ ရွာေဖြရာ လက္နက္ခဲယမ္းမ်ား၊ မူးယစ္ေဆးႏွင့္ ဆက္သြယ္ေရး ပစၥည္းမ်ား ဖမ္းဆီးရမိေၾကာင္း သိရသည္။

သာစည္ၿမိဳ႕တြင္ ေသနတ္(၂၂)လက္ျဖင့္ ဖမ္းဆီးရမိသည့္ အမႈကြင္းဆက္ဟု ယူဆရသည့္ ကယားျပည္နယ္၊ လိိြဳင္ေကာ္ၿမိဳ႕နယ္၊ ပန္ကန္းေက်းရြာအုပ္စု၊ စိုက္ကြင္း(၃)ေက်းရြာ၊ စက/၉၆ ဒါးရယ္၏ ေနအိမ္အား ျပည္နယ္၊ ခရိုင္၊ လိြဳင္ေကာ္ၿမိဳ႕မွ သက္ဆုိင္ရာ ရဲတပ္ဖြဲ႕ဝင္မ်ား၊ တပ္နယ္မွ တာဝန္ရိွသူမ်ားႏွင့္ သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ဇူလုိင္လ (၂၀)ရက္ေန႔ ေန႔လယ္ (၁၁)နာရီ (၃၅)မိနစ္ခန္႔တြင္ ဝင္ေရာက္စစ္ေဆးရာ ဦးဒါးရယ္၏ ဇနီးေဒၚဦးစာႏွင့္ သမီးျဖစ္သူတို႔ကိုသာ ေနအိမ္တြင္ ေတြ႔ရိွရေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

ေနအိမ္အတြင္း ဆက္လက္ စစ္ေဆးရွာေဖြရာ ဘိန္းဆီခဲဟု ယူဆရသည့္ အမဲေရာင္အေစးခဲ (၃)ဂရမ္ခန္႔ပါ(၁)ထုပ္၊ အားျမႇင့္ယမ္း(၂)ေတာင့္၊ ဒီတိုေနတာ (၄)ခု၊ သံတိုသံ (ေဒသႏၱရ လုပ္စပန္နာစ သံုးဆယ္သားခန္႔)၊ လက္နက္ႀကီး အကူယမ္းထုပ္ႏွစ္ထုပ္၊ လက္ပစ္ဗံုး(၂)လံုး၊ ပလတ္စတစ္နင္းမိုင္းအေသး (၄)လံုး၊ M 16 က်ည္အိမ္အရွည္(၃)ခု၊ အတို (၂)ခု၊ က်ည္အိမ္က်ည္ျဖည့္တံ (၆)ေခ်ာင္း၊ စစ္သံုးသံလုိက္ အိမ္ေျမႇာင္ (၁)ခု၊ AK 47 ဘက္နက္ (၁)ေခ်ာင္း၊ က်ည္မ်ိဳးစုံ (၂၄၇)ေတာင့္၊ ပိြဳင့္၅ က်ည္ပံုး(၁)ပံုး၊ RPG က်ည္ေနာက္ဖံုး (၁)ခု၊ ဆက္သြယ္ေရးပစၥည္းတစ္စံု၊ တပ္ရင္း(၉၄၀၃) လက္ေမာင္းဘက္တံဆိပ္မ်ားႏွင့္ တပ္အသုံုးအေဆာင္ပစၥည္းအခ်ိဳ႕၊ ေငြက်ပ္ (၈၉)သိန္းေက်ာ္၊ icom V 8 ဆက္စပ္ပစၥည္းမ်ိဳးစံုပါ (၁)လံုး၊ လက္ကိုင္ဖုန္း(၂)လံုး၊ ကားဂိုေဒါင္အတြင္းမွ ကားတစ္စီးတို႔အား ရွာေဖြေတြ႕ရိွရေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

ေနအိမ္တြင္ မေတြ႔ရသည့္ ကလလတအဖြဲ႕ ခြဲမွဴးအဆင့္ရိွ ဦးဒါးရယ္ႏွင့္ ေနအိမ္တြင္ ဖမ္းဆီးရမိသည့္ ၎၏ ဇနီးျဖစ္သူ ေဒၚဦးစာတို႔အား လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၂၇/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(၈)/၂၁ အရလည္းေကာင္း၊ (ပ)၉၂/၂၀၁၇၊ ေပါက္ကြဲေစတတ္ေသာဝတၳဳပစၥည္းမ်ား အက္ဥပေဒပုဒ္မ ၅ အရလည္းေကာင္း၊ (ပ)၉၃/၂၀၁၇၊ ၁၉၀၈ ခုႏွစ္ ေပါက္ကြဲေစတတ္ေသာဝတၳဳပစၥည္းမ်ား အက္ဥပေဒပုဒ္မ ၅ အရလည္းေကာင္း၊ (ပ)၉၄/၂၀၁၇၊ လက္နက္ ၁၉ (စ)အရလည္းေကာင္း၊ (ပ)၉၅/၂၀၁၇၊ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၇ အရ လည္းေကာင္း အမႈဖြင့္လွစ္ေဆာင္ရြက္ေနၿပီး ဆက္လက္ စိစစ္မႈမ်ား လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး သာစည်မြို့တွင် ဖမ်းဆီးရမိသည့် လက်နက်သယ်ဆောင်မှုမှ ကွင်းဆက်ဟု ယူဆရသူ၏ လွိုင်ကော်မြို့နေအိမ်အား ဇူလိုင်လ (၂၀)ရက်နေ့တွင် ရှာဖွေရာ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးနှင့် ဆက်သွယ်ရေး ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သိရသည်။

သာစည်မြို့တွင် သေနတ်(၂၂)လက်ဖြင့် ဖမ်းဆီးရမိသည့် အမှုကွင်းဆက်ဟု ယူဆရသည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာအုပ်စု၊ စိုက်ကွင်း(၃)ကျေးရွာ၊ စက/၉၆ ဒါးရယ်၏ နေအိမ်အား ပြည်နယ်၊ ခရိုင်၊ လွိုင်ကော်မြို့မှ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ တပ်နယ်မှ တာဝန်ရှိသူများနှင့် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ (၂၀)ရက်နေ့ နေ့လယ် (၁၁)နာရီ (၃၅)မိနစ်ခန့်တွင် ဝင်ရောက်စစ်ဆေးရာ ဦးဒါးရယ်၏ ဇနီးဒေါ်ဦးစာနှင့် သမီးဖြစ်သူတို့ကိုသာ နေအိမ်တွင် တွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

နေအိမ်အတွင်း ဆက်လက် စစ်ဆေးရှာဖွေရာ ဘိန်းဆီခဲဟု ယူဆရသည့် အမဲရောင်အစေးခဲ (၃)ဂရမ်ခန့်ပါ(၁)ထုပ်၊ အားမြှင့်ယမ်း(၂)တောင့်၊ ဒီတိုနေတာ (၄)ခု၊ သံတိုသံ (ဒေသန္တရ လုပ်စပန်နာစ သုံးဆယ်သားခန့်)၊ လက်နက်ကြီး အကူယမ်းထုပ်နှစ်ထုပ်၊ လက်ပစ်ဗုံး(၂)လုံး၊ ပလတ်စတစ်နင်းမိုင်းအသေး (၄)လုံး၊ M 16 ကျည်အိမ်အရှည်(၃)ခု၊ အတို (၂)ခု၊ ကျည်အိမ်ကျည်ဖြည့်တံ (၆)ချောင်း၊ စစ်သုံးသံလိုက် အိမ်မြှောင် (၁)ခု၊ AK 47 ဘက်နက် (၁)ချောင်း၊ ကျည်မျိုးစုံ (၂၄၇)တောင့်၊ ပွိုင့်၅ ကျည်ပုံး(၁)ပုံး၊ RPG ကျည်နောက်ဖုံး (၁)ခု၊ ဆက်သွယ်ရေးပစ္စည်းတစ်စုံ၊ တပ်ရင်း(၉၄၀၃) လက်မောင်းဘက်တံဆိပ်များနှင့် တပ်အသုံးအဆောင်ပစ္စည်းအချို့၊ ငွေကျပ် (၈၉)သိန်းကျော်၊ icom V 8 ဆက်စပ်ပစ္စည်းမျိုးစုံပါ (၁)လုံး၊ လက်ကိုင်ဖုန်း(၂)လုံး၊ ကားဂိုဒေါင်အတွင်းမှ ကားတစ်စီးတို့အား ရှာဖွေတွေ့ရှိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

နေအိမ်တွင် မတွေ့ရသည့် ကလလတအဖွဲ့ ခွဲမှူးအဆင့်ရှိ ဦးဒါးရယ်နှင့် နေအိမ်တွင် ဖမ်းဆီးရမိသည့်၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဦးစာတို့အား လွိုင်ကော်မြို့မရဲစခန်းတွင် မယ(ပ)၂၇/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(၈)/၂၁ အရလည်းကောင်း၊ (ပ)၉၂/၂၀၁၇၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၅ အရလည်းကောင်း၊ (ပ)၉၃/၂၀၁၇၊ ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၅ အရလည်းကောင်း၊ (ပ)၉၄/၂၀၁၇၊ လက်နက် ၁၉ (စ)အရလည်းကောင်း၊ (ပ)၉၅/၂၀၁၇၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ အရ လည်းကောင်း အမှုဖွင့်လှစ်ဆောင်ရွက်နပြေီး ဆက်လက် စိစစ်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~