
ဇူလိုငျ 3, 2017
By 🌸
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးလိုသူများ     အတွက် ပျိုးပင်များအား မိုင်းဖြတ်မြို့မဈေးရှေ့၌  မိုင်းဖြတ်မြို့နယ် မြို့နယ်သစ်တောဦးစီးဌာနက  ဇူလိုင်လ (၃)ရက်နေ့တွင် အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။
“ ကျွန်တော်တို့ သစ်တောဦးစီးဌာနအနေနဲ့ တစ်နိုင်ငံလုံး စိမ်းလန်းစိုပြေစေဖို့အတွက် သစ်ပင်တွေ စိုက်ပျိုးနိုင်ရန် ရည်ရွယ်ပြီးတော့ မိဘပြည်သူတွေကို ကျွန်တော်တို့ မြို့နယ်သစ်တောဦးစီးဌာနပိုင်ပျိုးခင်းမှာ စိုက်ပျိုးထားတဲ့ ပျိုးပင်တွေထဲက ပျိုးပင်(၆)မျိုး အပင်ပေါင်း(၁၅၀၀)ကို လာရောက်ဖြန့်ဝေပေးနေတာဖြစ်ပါတယ် “ဟု မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးစောတင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သတင်း၊ဓါတ်ပုံ #ကိုသာ
~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖြတ်မြို့နယ်သစ်တောဦးစီးဌာနက ဒေသခံများအား ပျိုးပင် ၁၅၀၀ အခမဲ့ဖြန့်ဝေ
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးလိုသူများအတွက် ပျိုးပင်များအား မိုင်းဖြတ်မြို့မစျေးရှေ့၌ မိုင်းဖြတ်မြို့နယ် မြို့နယ်သစ်တောဦးစီးဌာနက  ဇူလိုင်လ (၃)ရက်နေ့တွင် အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။
“ ကျွန်တော်တို့ သစ်တောဦးစီးဌာနအနေနဲ့ တစ်နိုင်ငံလုံး စိမ်းလန်းစိုပြေစေဖို့အတွက် သစ်ပင်တွေ စိုက်ပျိုးနိုင်ရန် ရည်ရွယ်ပြီးတော့ မိဘပြည်သူတွေကို ကျွန်တော်တို့ မြို့နယ်သစ်တောဦးစီးဌာနပိုင်ပျိုးခင်းမှာ စိုက်ပျိုးထားတဲ့ ပျိုးပင်တွေထဲက ပျိုးပင်(၆)မျိုး အပင်ပေါင်း(၁၅၀၀)ကို လာရောက်ဖြန့်ဝေပေးနေတာဖြစ်ပါတယ် “ဟု မို့နယ်သစ်တောဦးစီးဌာနမှူး ဦးစောတင်မြင့်က တာချီလိိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဒေသခံများအား ကျွန်းပင်(၅၀၀)၊ ပျဉ်းကတိုးပင်(၂၀၀)၊ မယ်ဇလီပင်(၅၀၀)၊ ထောပတ်ပင်(၁၀၀)၊ ဒညင်းပင်(၁၀၀)၊ သြဇာပင်(၁၀၀) စုစုပေါင်းပျိုးပင်ပေါင်း(၁၅၀၀) အခမဲ့ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတငျး၊ဓါတျပုံ #ကိုသာ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~