MCPA QUIZ ႏုိင္ငံအဆင့္ၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္ႏွင့္တနသၤာရီတိုင္းေဒသႀကီး မွ ယခုႏွစ္စတင္ယွဥ္ၿပိဳင္မည္

MCPA QUIZ ႏုိင္ငံအဆင့္ၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္ႏွင့္တနသၤာရီတိုင္းေဒသႀကီး မွ ယခုႏွစ္စတင္ယွဥ္ၿပိဳင္မည္
ဇူလိုင် 26, 2017
By Tachileik News Agency

ျမန္မာႏိုင္ငံကြန္ပ်ဴတာပညာရွင္အသင္း(MCPA)မွ ႏွစ္စဥ္ႀကီးမွဴးက်င္းပလ်က္ရိွသည့္ IT ဆိုင္ရာ ဥာဏ္စမ္းပေဟဠိ (MCPA QUIZ) ႏိုင္ငံအဆင့္ၿပိဳင္ပြဲတြင္ ယခုႏွစ္မွစ၍ ရွမ္းျပည္နယ္ ႏွင့္ တနသၤာရီတိုင္း ေဒသႀကီးမွ ကြန္ပ်ဴတာတကၠသိုလ္ (၆)ခု ပါဝင္ယွဥ္ၿပိဳင္ခြင့္ ရရိွသြားၿပီျဖစ္ေၾကာင္း သိရသည္။

"တနသၤာရီတိုင္းနဲ ့ ရွမ္းျပည္နယ္တို ့မွာရိွတဲ့ ကြန္ပ်ဴတာတကၠသိုလ္ေတြက ဒီႏွစ္ကေနစၿပီးေတာ့ MCPA QUIZ 2017 ၿပိဳင္ပြဲရဲ ့တိုင္းနဲ ့ျပည္နယ္အဆင့္ၿပိဳင္ပြဲေတြကို အြန္လိုင္းကေန ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ရမွာ ျဖစ္ပါတယ္။ က်န္တဲ့ တိုင္းနဲ ့ျပည္နယ္ေတြက ေက်ာင္းေတြမွာလည္း အြန္လိုင္းကေန ေျဖႏိုင္ဖို ့ စဥ္းစားေနတယ္။ ဒါေပမယ့္ အတိအက်ေတာ့ ေျပာလို ့မရေသးဘူး။ ခါတိုင္းႏွစ္ေတြမွာေတာ့ တျခားတိုင္းနဲ ့ျပည္နယ္က ေက်ာင္းေတြမွာ ရိုးရိုး ေရးေျဖ စာေမးပြဲေတြကိုပဲ က်င္းပလာတာ (၃)ႏွစ္ ရိွပါၿပီ။ ဒီႏွစ္ကေတာ့ (၄)ႏွစ္ေျမာက္ျဖစ္ပါတယ္"ဟု ျမန္မာႏိုင္ငံ ကြန္ပ်ဴတာပညာရွင္အသင္းမွ Exam Coordinator ေဒၚသီတာထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ MCPA QUIZ ၿပိဳင္ပြဲကို တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အဆင့္ၿပိဳင္ပြဲ၊ ႏိုင္ငံအဆင့္ၿပိဳင္ပြဲဟူ၍ ႏွစ္မ်ိဳးခြဲျခားထားျခင္းျဖစ္ၿပီး ၾသဂုတ္လ(၁၂)ရက္ေန႔တြင္ က်င္းပမည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အဆင့္ ၿပိဳင္ပြဲမ်ားတြင္ တနသၤာရီတိုင္းေဒသႀကီးရိွ ထား၀ယ္ႏွင့္ ၿမိတ္ ကြန္ပ်ဴတာတကၠသိုလ္မ်ား၊ ရွမ္းျပည္နယ္ အတြင္းမွ ေတာင္ႀကီး၊ လားရိႈး၊ ပင္လုံႏွင့္ က်ိဳင္းတုံ ကြန္ပ်ဴတာတကၠသိုလ္မ်ားက ဝင္ေရာက္ ယွဥ္ၿပိဳင္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ ေက်ာင္းမွာက အခုလို ျမန္မာႏိုင္ငံ ကြန္ပ်ဴတာပညာရွင္အသင္းက ျပဳလုပ္တဲ႔ စာေမးပြဲေတြကို အခုမွ ဝင္ေျဖခြင္႔ရတာပါ။ ဒါေၾကာင့္ ဝင္ေျဖဖို႔ စာရင္းေပးထားပါတယ္။ ၿပီးေတာ့ အသင္းက မွီျငမ္းဖို႔ေပးထားတဲ႔ စာေတြကိုလည္း ေလ႔လာေနပါတယ္။ အြန္လိုင္းကေျဖရမယ္ဆိုေတာ့ အေတြ႔အႀကဳံလည္း ရတာေပါ႔"ဟု ကြန္ပ်ဴတာတကၠသို္လ္ က်ိဳင္းတံုမွ ဝင္ေရာက္ေျဖဆိုမည့္ေမာင္မင္းသန္႔က ေျပာသည္။

ရွမ္းျပည္နယ္ႏွင့္ တနသၤာရီတုိင္းေဒသႀကီးအတြင္းရွိ ကြန္ပ်ဴတာတကၠသိုလ္မ်ားမွ ၿပိဳင္ပြဲဝင္မ်ားအေနျဖင့္ (၃)ဦးစီပါ၀င္ေသာအဖြဲ႔မ်ားျဖင့္ အြန္လိုင္းမွ တစ္ၿပိဳင္တည္းေျဖဆိုၾကရမည္ျဖစ္ၿပီး က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္လည္း အြန္လိုင္း သို႔မဟုတ္ စာျဖင့္ တစ္ၿပိဳင္တည္းေျဖဆိုသြားၾကမည္ျဖစ္ေၾကာင္း သိရသည္။

"တိုင္းနဲ ့ျပည္နယ္အလိုက္ ေက်ာင္းေတြမွာ ၿပိဳင္လို႔ၿပီးသြားရင္ ကုိယ္ရဲ ့ တိုင္းနဲ ့ျပည္နယ္အလိုက္ အမွတ္အမ်ားဆုံး အဖြဲ ့(၃)ဖြဲ ့ကိုဆုေပးသြားပါမယ္။ ၿပီးရင္ အဲဒီထဲကမွ အမွတ္အမ်ားဆုံးအဖြဲ ့က တိုင္းနဲ ့ျပည္နယ္အလိုက္ ကိုယ္စားျပဳအဖြဲ ့အေနနဲ ့ ရန္ကုန္မွာ ႏိုင္ငံအဆင့္ၿပိဳင္ပြဲကို ထပ္ၿပီးၿပိဳင္ရမွာျဖစ္ပါတယ္။ ဒီႏွစ္မွာေတာ့ ႏိုင္ငံအဆင့္ၿပိဳင္ပြဲမွာ ၿပီးခဲ့တဲ့ႏွစ္ေတြက ၿပိဳင္လာတဲ့ ျပည္နယ္နဲ ့တိုင္း ကိုယ္စားျပဳအဖြဲ ့(၈)ဖြဲ ့နဲ ့ ဒီႏွစ္မွ ထပ္တိုးလိုက္တဲ့ ရွမ္းနဲ ့တနသၤာရီက အဖြဲ ့(၂)ဖြဲ ့ပါ ေပါင္းလိုက္မယ္ဆိုရင္ (၁၀)ဖြဲ ့ရိွမယ္။ တခ်ိဳ ့ အရမ္းေ၀းလံတဲ့ေဒသေတြျဖစ္တဲ့ ကခ်င္ျပည္နယ္နဲ ့ ရခိုင္ျပည္နယ္တို႔ဆိုရင္ ဒီႏွစ္မွာေတာ့ မပါႏိုင္ေသးဘူး" ဟု ျမန္မာႏိုင္ငံ ကြန္ပ်ဴတာပညာရွင္အသင္းမွ Exam Coordinator ေဒၚသီတာထြန္းက ေျပာသည္။

အဆိုပါ MCPA QUIZ ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံ ကြန္ပ်ဴတာပညာရွင္မ်ားအသင္းမွ ျပည္နယ္ႏွင့္ တိုင္းအသီးသီးရိွ ကြန္ပ်ဴတာတကၠသိုလ္မ်ား၊ နည္းပညာေကာလိပ္မ်ားႏွင့္ တကၠသိုလ္မ်ား၊ အျခား ေကာလိပ္မ်ား၊ တကၠသိုလ္မ်ားႏွင့္ ပုဂၢလိက သင္တန္းေက်ာင္းမ်ားမွ ေက်ာင္သား/ ေက်ာင္းသူမ်ား အေနျဖင့္ ITပညာရပ္မ်ားကို စိတ္၀င္စားမႈ ပိုမိုရရိွလာေစရန္၊ ITဆိုင္ရာ ပညာ ဗဟုသုတမ်ား တိုးပြားလာေစရန္၊ အဖြဲ႕လိုက္ပါ၀င္ေဆာင္ရြက္တတ္ေစရန္၊ ႏိုင္ငံတကာ အသိအမွတ္ျပဳ ITစာေမးပြဲမ်ားကို ေျဖဆိုရာတြင္ အဆင္သင့္ျဖစ္ေစရန္ ရည္ရြယ္ခ်က္မ်ားျဖင့္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

"တကယ္တမ္း ဒီၿပိဳင္ပြဲက MCPA ကေနၿပီးေတာ႔ သူတို႔ကိုယ္တိုင္ ေက်ာင္းေတြထိ လာၿပီးေတာ႔ စာေမးပြဲ စစ္တာျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔မွာက ရွမ္းျပည္နယ္ဘက္လာဖို႔က်ေတာ႔ အခက္အခဲနည္းနည္းရိွလို႔ အခုလို အြန္လိုင္းကေနပဲ စစ္ဖို႔ ျဖစ္သြားတာပါ။ ေျဖတဲ႔အခါမွာ တစ္ဖြဲ႔ကို (၃)ေယာက္ေျဖရမွာပါ။ စက္တစ္လုံးကို (၃)ေယာက္ထိုင္ရမွာေပါ႔"ဟု ကြန္ပ်ဴတာ တကၠသိုလ္ က်ိဳင္းတံုမွ ပါေမာကၡခ်ဳပ္ ေဒါက္တာ တင္ျမတ္ေထြးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာႏိုင္ငံ ကြန္ပ်ဴတာပညာရွင္အသင္းမွ MCPA QUIZ ၿပိဳင္ပြဲမ်ားကို ၂၀၁၄ ခုႏွစ္မွ စတင္ကာ က်င္းပလာခဲ့ျခင္းျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ၿပိဳင္ပြဲတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၱေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ စစ္ကိုင္းတုိုင္းေဒသႀကီး၊ ဧရာ၀တီတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္တို႔မွ ကိုယ္စားျပဳ အသင္း(၈)သင္းက ႏိုင္ငံအဆင့္ ၀င္ေရာက္ ယွဥ္ၿပိဳင္ခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ ITဆိုင္ရာ ဥာဏ္စမ္းပေဟဠိ(MCPA QUIZ) ႏိုင္ငံအဆင့္ၿပိဳင္ပြဲကို ေအာက္တိုဘာလ (၈)ရက္ေန႔တြင္ က်င္းပသြားမည္ျဖစ္ၿပီး အေျဖလႊာမ်ားကို အေျဖမွန္ကန္မႈ၊ သတ္မွတ္ထားေသာ အခ်ိန္အတြင္းေျဖဆိုႏိုင္မႈ ႏွင့္ ရွင္းလင္းပီသစြာ ေျဖဆိုႏုိုင္မႈတို႔အေပၚ မူတည္၍ အမွတ္အမ်ားဆုံး (၃)ဖြဲ႕ကို ဆုခ်ီးျမႇင့္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(MCPA)မှ နှစ်စဉ်ကြီးမှူးကျင်းပလျက်ရှိသည့် IT ဆိုင်ရာ ဉာဏ်စမ်းပဟေဠိ (MCPA QUIZ) နိုင်ငံအဆင့်ပြိုင်ပွဲတွင် ယခုနှစ်မှစ၍ ရှမ်းပြည်နယ် နှင့် တနင်္သာရီတိုင်း ဒေသကြီးမှ ကွန်ပျူတာတက္ကသိုလ် (၆)ခု ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီဖြစ်ကြောင်း သိရသည်။

"တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာရှိတဲ့ ကွန်ပျူတာတက္ကသိုလ်တွေက ဒီနှစ်ကနေစပြီးတော့ MCPA QUIZ 2017 ပြိုင်ပွဲရဲ့တိုင်းနဲ့ပြည်နယ်အဆင့်ပြိုင်ပွဲတွေကို အွန်လိုင်းကနေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေက ကျောင်းတွေမှာလည်း အွန်လိုင်းကနေ ဖြေနိုင်ဖို့ စဉ်းစားနေတယ်။ ဒါပေမယ့် အတိအကျတော့ ပြောလို့မရသေးဘူး။ ခါတိုင်းနှစ်တွေမှာတော့ တခြားတိုင်းနဲ့ပြည်နယ်က ကျောင်းတွေမှာ ရိုးရိုး ရေးဖြေ စာမေးပွဲတွေကိုပဲ ကျင်းပလာတာ (၃)နှစ် ရှိပါပြီ။ ဒီနှစ်ကတော့ (၄)နှစ်မြောက်ဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ Exam Coordinator ဒေါ်သီတာထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ MCPA QUIZ ပြိုင်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲ၊ နိုင်ငံအဆင့်ပြိုင်ပွဲဟူ၍ နှစ်မျိုးခွဲခြားထားခြင်းဖြစ်ပြီး သြဂုတ်လ(၁၂)ရက်နေ့တွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပြိုင်ပွဲများတွင် တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်နှင့် မြိတ် ကွန်ပျူတာတက္ကသိုလ်များ၊ ရှမ်းပြည်နယ် အတွင်းမှ တောင်ကြီး၊ လားရှိုး၊ ပင်လုံနှင့် ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်များက ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ကျောင်းမှာက အခုလို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းက ပြုလုပ်တဲ့ စာမေးပွဲတွေကို အခုမှ ဝင်ဖြေခွင့်ရတာပါ။ ဒါကြောင့် ဝင်ဖြေဖို့ စာရင်းပေးထားပါတယ်။ ပြီးတော့ အသင်းက မှီငြမ်းဖို့ပေးထားတဲ့ စာတွေကိုလည်း လေ့လာနေပါတယ်။ အွန်လိုင်းကဖြေရမယ်ဆိုတော့ အတွေ့အကြုံလည်း ရတာပေါ့"ဟု ကွန်ပျူတာတက္ကသို်လ် ကျိုင်းတုံမှ ဝင်ရောက်ဖြေဆိုမည့်မောင်မင်းသန့်က ပြောသည်။

ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကွန်ပျူတာတက္ကသိုလ်များမှ ပြိုင်ပွဲဝင်များအနဖြေင့် (၃)ဦးစီပါဝင်သောအဖွဲ့များဖြင့် အွန်လိုင်းမှ တစ်ပြိုင်တည်းဖြေဆိုကြရမည်ဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အွန်လိုင်း သို့မဟုတ် စာဖြင့် တစ်ပြိုင်တည်းဖြေဆိုသွားကြမည်ဖြစ်ကြောင်း သိရသည်။

"တိုင်းနဲ့ပြည်နယ်အလိုက် ကျောင်းတွေမှာ ပြိုင်လို့ပြီးသွားရင် ကိုယ်ရဲ့ တိုင်းနဲ့ပြည်နယ်အလိုက် အမှတ်အများဆုံး အဖွဲ့(၃)ဖွဲ့ကိုဆုပေးသွားပါမယ်။ ပြီးရင် အဲဒီထဲကမှ အမှတ်အများဆုံးအဖွဲ့က တိုင်းနဲ့ပြည်နယ်အလိုက် ကိုယ်စားပြုအဖွဲ့အနေနဲ့ ရန်ကုန်မှာ နိုင်ငံအဆင့်ပြိုင်ပွဲကို ထပ်ပြီးပြိုင်ရမှာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ နိုင်ငံအဆင့်ပြိုင်ပွဲမှာ ပြီးခဲ့တဲ့နှစ်တွေက ပြိုင်လာတဲ့ ပြည်နယ်နဲ့တိုင်း ကိုယ်စားပြုအဖွဲ့(၈)ဖွဲ့နဲ့ ဒီနှစ်မှ ထပ်တိုးလိုက်တဲ့ ရှမ်းနဲ့တနင်္သာရီက အဖွဲ့(၂)ဖွဲ့ပါ ပေါင်းလိုက်မယ်ဆိုရင် (၁၀)ဖွဲ့ရှိမယ်။ တချို့ အရမ်းေဝးလံတဲ့ဒေသတွဖြေစ်တဲ့ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ဆိုရင် ဒီနှစ်မှာတော့ မပါနိုင်သေးဘူး" ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ Exam Coordinator ဒေါ်သီတာထွန်းက ပြောသည်။

အဆိုပါ MCPA QUIZ ပြိုင်ပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်းမှ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာကောလိပ်များနှင့် တက္ကသိုလ်များ၊ အခြား ကောလိပ်များ၊ တက္ကသိုလ်များနှင့် ပုဂ္ဂလိက သင်တန်းကျောင်းများမှ ကျောင်သား/ ကျောင်းသူများ အနဖြေင့် ITပညာရပ်များကို စိတ်ဝင်စားမှု ပိုမိုရရှိလာစေရန်၊ ITဆိုင်ရာ ပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ အဖွဲ့လိုက်ပါဝင်ဆောင်ရွက်တတ်စေရန်၊ နိုင်ငံတကာ အသိအမှတ်ပြု ITစာမေးပွဲများကို ဖြေဆိုရာတွင် အဆင်သင့်ဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

"တကယ်တမ်း ဒီပြိုင်ပွဲက MCPA ကနပြေီးတော့ သူတို့ကိုယ်တိုင် ကျောင်းတွေထိ လာပြီးတော့ စာမေးပွဲ စစ်တာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာက ရှမ်းပြည်နယ်ဘက်လာဖို့ကျတော့ အခက်အခဲနည်းနည်းရှိလို့ အခုလို အွန်လိုင်းကနေပဲ စစ်ဖို့ ဖြစ်သွားတာပါ။ ဖြေတဲ့အခါမှာ တစ်ဖွဲ့ကို (၃)ယောက်ဖြေရမှာပါ။ စက်တစ်လုံးကို (၃)ယောက်ထိုင်ရမှာပေါ့"ဟု ကွန်ပျူတာ တက္ကသိုလ် ကျိုင်းတုံမှ ပါမောက္ခချုပ် ဒေါက်တာ တင်မြတ်ထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ MCPA QUIZ ပြိုင်ပွဲများကို ၂၀၁၄ ခုနှစ်မှ စတင်ကာ ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှ ကိုယ်စားပြု အသင်း(၈)သင်းက နိုင်ငံအဆင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ITဆိုင်ရာ ဉာဏ်စမ်းပဟေဠိ(MCPA QUIZ) နိုင်ငံအဆင့်ပြိုင်ပွဲကို အောက်တိုဘာလ (၈)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး အဖြေလွှာများကို အဖြေမှန်ကန်မှု၊ သတ်မှတ်ထားသော အချိန်အတွင်းဖြေဆိုနိုင်မှု နှင့် ရှင်းလင်းပီသစွာ ဖြေဆိုနိုင်မှုတို့အပေါ် မူတည်၍ အမှတ်အများဆုံး (၃)ဖွဲ့ကို ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~