က်ိဳင္းတံုတြင္ ပထမဆံုးအေနျဖင့္ လူငယ္မ်ား ဦးေဆာင္သည့္ အာဇာနည္ေန႔ အခမ္းအနားသို႔ လူဦးေရ တစ္ေထာင္ခန္႔ ပူးေပါင္း ပါဝင္

က်ိဳင္းတံုတြင္ ပထမဆံုးအေနျဖင့္ လူငယ္မ်ား ဦးေဆာင္သည့္ အာဇာနည္ေန႔ အခမ္းအနားသို႔ လူဦးေရ တစ္ေထာင္ခန္႔ ပူးေပါင္း ပါဝင္
ဇူလိုင် 19, 2017
By 🌸
ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕ရိွ လြတ္လပ္ေရးေက်ာက္တိုင္တြင္ ပထမဆုံးအႀကိမ္အျဖစ္ က်င္းပသည့္ အာဇာနည္ေန ့အေလးျပဳအခမ္းအနားသို ့ ေက်ာင္းသား/ေက်ာင္းသူမ်ားႏွင့္ျပည္သူလူထု အင္အား (၁၀၀၀)ခန္ ့ ခ်ီတက္အေလးျပဳၾကေၾကာင္း သိရသည္။

ဇူလိုင္လ (၁၉)ရက္ေန ့တြင္ က်ေရာက္သည့္ ႏွစ္(၇၀)ျပည့္ အာဇာနည္ေန႔ အခမ္းအနားအား လူငယ္မ်ား ဦးေဆာင္မႈျဖင့္ က်ိဳင္းတံုၿမိဳ႕ လြတ္လပ္ေရးေက်ာက္တုိင္ေရွ႕တြင္ ပထမဆံုးအႀကိမ္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

" က်ိဳင္းတုံမွာ ဒါမ်ိဳးအခမ္းအနားက တစ္ခါမွ မလုပ္ဖူးဘူးဆိုေတာ့ ဒီကလူငယ္ေတြက စုေပါင္းၿပီး ဦးေဆာင္ၾကတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေက်ာင္းေပါင္းစုံေတြက လူငယ္ေတြကလည္း သူတို႔ အသိစိတ္ဓာတ္နဲ႔ သူတို ့လာၿပီးပူးေပါင္းတဲ့အတြက္လည္း ၀မ္းသာပါတယ္"ဟု ႏွစ္(၇၀)ျပည့္ အာဇာနည္ေန ့ ခ်ီတက္အေလးျပဳပြဲ ျဖစ္ေျမာက္ေရးအဖြဲ႔တြင္ပါဝင္သည့္ အမ်ိဳးသမီးတစ္ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

မြို့မစျေးရှေ ့တွင် နံနက်(၉)နာရီမှစတင်၍ လူငယ်များ လာရောက်စုဝေးခဲ့ခြင်းဖြစ်ကာ စျေးမြောက်ဘက်မှ တစ်ဆင့် လွတ်လပ်ရေးကျောက်တိုင်ရှေ့အထိ လမ်းလျှောက်ချီတက်ကြပြီး နံနက်(၁၀)နာရီ (၃၇)မိနစ်တွင် လူထုစုပေါင်း၍ အလေးပြုခဲ့ခြင်း ဖြစ်သည်။

" ဒီပြဲေလး စီစဥ္ေပးတဲ့ အဖြဲ ့အစည္း အားလုံးကိုလည္း ေက်းဇူးတင္ပါတယ္။ ဒီလို အခမ္းအနားေတြက က်ိဳင္းတုံမွာ တစ္ခါမွ မရိွခဲ့ဖူးပါဘူး။ အခုမွ ၾကဳံရတာပါ။ ဒါေၾကာင့္ ကၽြန္ေတာ္တို ့ ေက်ာင္းအေနနဲ ့ အခုလုိ ပါ၀င္ခြင့္ရတာ အမ်ားႀကီး ဂုဏ္ယူပါတယ္။ ၿပီးရင္ ဒီေန ့ တျခားေက်ာင္းက ေက်ာင္းသား/ေက်ာင္းသူ ေတြလည္း အမ်ားႀကီး လာၿပီး ပူးေပါင္းတဲ့အတြက္ ထင္မထားေလာက္ေအာင္ လူမ်ားပါတယ္"ဟု နည္းပညာတကၠသိုလ္ က်ိဳင္းတုံမွ ေက်ာင္းသားတစ္ဦးျဖစ္သည့္ ကိုေနမင္းႏိုင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အာဇာနည္ေန ့ အေလးျပဳအခမ္းအနားသို ့ လာေရာက္ပူးေပါင္းပါ၀င္သူမ်ားကို Super Coffee မွ ေကာ္ဖီဒါနျပဳျခင္း၊ ကြန္ပ်ဴတာတကၠသိုလ္ က်ိဳင္းတုံမွ ပဲျပဳတ္ႏွင့္နံျပားကို ဒါနျပဳျခင္း၊ အျခားအလွဴရွင္မ်ားက အေအးႏွင့္ေရသန္ ့ ဒါနျပဳျခင္းမ်ားအျပင္ က်ိဳင္းတုံၿမိဳ႕မွ Miss ၿပိဳင္ပြဲမ်ားတြင္ ဆုအသီးသီးရရိွထားသည့္ အလွမယ္မ်ားကလည္း လာေရာက္ပူးေပါင္းပါ၀င္ၾကေၾကာင္း သိရသည္။

"ကၽြန္မတို ့ ေက်ာင္းအေနနဲ ့က ေက်ာင္းသား/ေက်ာင္းသူ (၇၀)ေလာက္လာၿပီး ပူးေပါင္းပါတယ္။ ၿပီးေတာ့ အာဇာနည္ေတြကို သတိရေသာအားျဖင့္ ပန္းျခင္းနဲ ့ လြမ္းသူ ့ပန္းေခြတို ့ကိုလည္း ေက်ာက္တိုင္မွာခ်ပါတယ္။ ဒီေန ့ လာေရာက္ပူးေပါင္းတဲ့ အျခားအဖြဲ ့ေတြကိုလည္း ကၽြန္မတို ့ ေက်ာင္းအေနနဲ ့ ဗုိလ္ခ်ဳပ္ႀကိဳက္တဲ့ ပဲျပဳတ္နဲ ့နံျပား ဒါနျပဳခဲ့ပါတယ္။ ကၽြန္မတို ့အေနနဲ ့ အခုလို ပူးေပါင္းပါ၀င္ရတာကို ၀မ္းသာဂုဏ္ယူသလို ႏွစ္စဥ္ႏွစ္တိုင္း ဒီအစဥ္အလာေလးကို မပ်က္ေစခ်င္ေတာ့ပါဘူး”ဟု ကြန္ပ်ဴတာတကၠသိုလ္ က်ိဳင္းတုံမွ မၿဖိဳးမဒီၿငိမ္းခ်မ္းက ေျပာသည္။

အဆုိပါ ခ်ီတက္အေလးျပဳပြဲကို က်ိဳင္းတုံတကၠသိုလ္၊ နည္းပညာတကၠသိုလ္၊ ကြန္ပ်ဴတာတကၠသိုလ္၊ လားဟူႏွစ္ျခင္း က်မ္းစာေက်ာင္း၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ ့ခ်ဳပ္ပါတီ၀င္မ်ားႏွင့္ ျပည္သူလူထုမ်ား အပါအ၀င္ စုစုေပါင္း အင္အား(၁၀၀၀)ခန္ ့ တက္ေရာက္ခဲ့ၾကၿပီး ၿမိဳ ့ေတာ္ခန္းမတြင္လည္း က်ိဳင္းတုံၿမိဳ ့ရိွ ဌာနဆိုင္ရာမ်ားမွ စုေပါင္း၍ ၀ါဆိုသကၤန္းဆက္ကပ္လွဴဒါန္းပြဲႏွင့္ အာဇာနည္ေန ့ အထိမ္းအမွတ္ ဆြမ္းဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ လွတ်လပ်ရေးကျောက်တိုင်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် အာဇာနည်နေ့အလေးပြုအခမ်းအနားသို့ ကျောင်းသား/ကျောင်းသူများနှင့်ပြည်သူလူထု အင်အား (၁၀၀၀)ခန့် ချီတက်အလေးပြုကြကြောင်း သိရသည်။

ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်သည့် နှစ်(၇၀)ပြည့် အာဇာနည်နေ့ အခမ်းအနားအား လူငယ်များ ဦးဆောင်မှုဖြင့် ကျိုင်းတုံမြို့ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

" ကျိုင်းတုံမှာ ဒါမျိုးအခမ်းအနားက တစ်ခါမှ မလုပ်ဖူးဘူးဆိုတော့ ဒီကလူငယ်တွေက စုပေါင်းပြီး ဦးဆောင်ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းပေါင်းစုံတွေက လူငယ်တွေကလည်း သူတို့ အသိစိတ်ဓာတ်နဲ့ သူတို့လာပြီးပူးပေါင်းတဲ့အတွက်လည်း ဝမ်းသာပါတယ်"ဟု နှစ်(၇၀)ပြည့် အာဇာနည်နေ့ ချီတက်အလေးပြုပွဲ ဖြစ်မြောက်ရေးအဖွဲ့တွင်ပါဝင်သည့် အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

မြို့မဈေးရှေ့တွင် နံနက်(၉)နာရီမှစတင်ကာ လူငယ်များ လာရောက်စေုဝးခဲ့ခြင်းဖြစ်ပြီး ဈေးမြောက်ဘက်မှ တစ်ဆင့် လွတ်လပ်ရေးကျောက်တိုင်ရှေ့အထိ လမ်းလျှောက်ချီတက်ကြပြီး နံနက်(၁၀)နာရီ (၃၇)မိနစ်တွင် လူထုစုပေါင်း၍ အလေးပြုခဲ့ခြင်း ဖြစ်သည်။

" ဒီပွဲလေး စီစဉ်ပေးတဲ့ အဖွဲ့အစည်း အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလို အခမ်းအနားတွေက ကျိုင်းတုံမှာ တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ အခုမှ ကြုံရတာပါ။ ဒါကြောင့် ကျွန်တော်တို့ ကျောင်းအနေနဲ့ အခုလို ပါဝင်ခွင့်ရတာ အများကြီး ဂုဏ်ယူပါတယ်။ ပြီးရင် ဒီနေ့ တခြားကျောင်းက ကျောင်းသား/ကျောင်းသူ တွေလည်း အများကြီး လာပြီး ပူးပေါင်းတဲ့အတွက် ထင်မထားလောက်အောင် လူများပါတယ်"ဟု နည်းပညာတက္ကသိုလ် ကျိုင်းတုံမှ ကျောင်းသားတစ်ဦးဖြစ်သည့် ကိုနေမင်းနိုင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အာဇာနည်နေ့ အလေးပြုအခမ်းအနားသို့ လာရောက်ပူးပေါင်းပါဝင်သူများကို Super Coffee မှ ကော်ဖီဒါနပြုခြင်း၊ ကွန်ပျူတာတက္ကသိုလ် ကျိုင်းတုံမှ ပဲပြုတ်နှင့်နံပြားကို ဒါနပြုခြင်း၊ အခြားအလှူရှင်များက အအေးနှင့်ရေသန့် ဒါနပြုခြင်းများအပြင် ကျိုင်းတုံမြို့မှ Miss ပြိုင်ပွဲများတွင် ဆုအသီးသီးရရှိထားသည့် အလှမယ်များကလည်း လာရောက်ပူးပေါင်းပါဝင်ကြကြောင်း သိ်ရသည်။

"ကျွန်မတို ့ ကျောင်းအနေနဲ ့က ကျောင်းသား/ကျောင်းသူ (၇၀)လောက်လာပြီး ပူးပေါင်းပါတယ်။ ပြီးတော့ အာဇာနည်တွေကို သတိရသောအားဖြင့် ပန်းခြင်းနဲ ့ လွမ်းသူ ့ပန်းခွေတို ့ကိုလည်း ကျောက်တိုင်မှာချပါတယ်။ ဒီနေ ့ လာရောက်ပူးပေါင်းတဲ့ အခြားအဖွဲ ့တွေကိုလည်း ကျွန်မတို ့ ကျောင်းအနေနဲ ့ ဗိုလ်ချုပ်ကြိုက်တဲ့ ပဲပြုတ်နဲ ့နံပြား ဒါနပြုခဲ့ပါတယ်။ ကျွန်မတို ့အနေနဲ ့ အခုလို ပူးပေါင်းပါ၀င်ရတာကို ၀မ်းသာဂုဏ်ယူသလို နှစ်စဉ်နှစ်တိုင်း ဒီအစဉ်အလာလေးကို မပျက်စေချင်တော့ပါဘူး”ဟု ကွန်ပျူတာတက္ကသိုလ် ကျိုင်းတုံမှ မဖြိုးမဒီငြိမ်းချမ်းက ပြောသည်။

အဆိုပါ ချီတက်အလေးပြုပွဲကို ကျိုင်းတုံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ လားဟူနှစ်ခြင်း ကျမ်းစာကျောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များနှင့် ပြည်သူလူထုများ အပါအဝင် စုစုပေါင်း အင်အား(၁၀၀၀)ခန့် တက်ရောက်ခဲ့ကြပြီး မြို့တော်ခန်းမတွင်လည်း ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာများမှ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~