Update News

ေက်ာက္မဲၿမိဳ႕ M II K ေရကူးကန္တြင္ ေရနစ္ေသဆံုးမႈႏွင့္ ပတ္သက္ၿပီး ခ်မွတ္ထားသည့္ လံုၿခံဳေရး စည္းကမ္းခ်က္မ်ားႏွင့္ မညီညႊတ္၍ ယာယီပိတ္ရမည္


ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာနထံမွ ပုဂၢလိက ငွားရမ္း ဖြင့္လွစ္ထားသည့္ ေရကူးကန္တြင္ ဇူလိုင္လ(၁၆)ရက္က လူတစ္ဦး ေရနစ္ေသဆံုးသြားသည့္ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သတ္မွတ္ထားသည့္ လံုၿခံဳေရး စည္းကမ္းခ်က္မ်ားအတိုင္း လုပ္ေဆာင္ၿပီးသည္ အထိ ေရကူးကန္အား ယာယီပိတ္ထားမည္ျဖစ္ေၾကာင္း သိရသည္။

“အဓိက စည္းကမ္းေတြကေတာ့ ကန္ကို သံဇကာ ကာရံထားဖို႔၊ အေစာင့္ထားဖို႔၊ အသက္ကယ္ေဘာထားဖို႔၊ ကေလးငယ္ေတြကို အုပ္ထိန္းသူပါမွခြင့္ျပဳဖို႔စတဲ့ စည္းကမ္းခ်က္ေတြ႐ွိပါတယ္။ ေရကူးကန္ တာဝန္ရွိ သူေတြကို ေခၚယူၿပီးေတာ့ သတိေပး ေဆာင္ရြက္တာေတြလုပ္မွာပါ။ ေသာက္စားမူးယစ္ၿပီး ေရကူးတာမ်ိဳး မလုပ္ဖို႔ သတိေပးစာတန္းေတြျမင္သာတဲ့ေနရာမွာ ထားရွိေစမယ္။ ေရကူးကန္မွာ အေရးေပၚ ေရထုတ္ေပါက္မရွိတာကိုလည္း ျပဳလုပ္ေစမွာပါ။ လိုအပ္တဲ့အခ်က္ေတြအကုန္လံုး စံုလင္သြားတဲ့အခ်ိန္က်မွ ျပန္ၿပီးဖြင့္ခိုင္းမွာျဖစ္ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးျမတ္ခန္႔ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕ အမွတ္(၁)ရပ္ကြက္ သစ္ေတာလမ္းရွိ M II K ေရကူးကန္ႏွင့္ စားေသာက္ဆိုင္ေနရာမ်ားကို ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာနထံမွ ပုဂၢလိကငွားရမ္းဖြင့္လွစ္ထားျခင္းျဖစ္ၿပီး ေရကူးကန္ဖြင့္လွစ္ရန္ ငွားရမ္းစဥ္က သေဘာတူညီခ်က္မ်ားတြင္ ေရကူးသူမ်ား၏အသက္အႏၱရာယ္လံုၿခံဳေရးအတြက္ သတ္မွတ္ေပးထားသည့္ စည္းကမ္းခ်က္မ်ား ပါဝင္ေၾကာင္း သိရသည္။

“ေရကူးကန္ကေတာ့ စည္ပင္နယ္နိမိတ္ထဲမွာ ငွားရမ္းဖြင့္လွစ္ထားတာပါ။ ေရနစ္တဲ့ျဖစ္စဥ္မွာလည္း လံုၿခံဳေရး အေစာင့္ထားရွိတယ္လို႔ ဆိုေပမယ့္ အသက္ကယ္အကၤ် ီေတြ၊ အသက္ကယ္ေဘာကြင္းေတြ အရန္သင့္မရွိတာကို ေတြ႔ရတယ္။ ဒါေၾကာင့္ သတိေပးစာတန္းေတြ ကပ္ထားဖို႔ရယ္၊ အသက္ကယ္ ပစၥည္းေတြ အေရးေပၚကယ္ဆယ္ေရးအေစာင့္ေတြ စနစ္တက်ထားရွိသြားဖို႔ ေရကူးကန္တာဝန္ရွိသူေတြကို သတိေပးတာေတြလုပ္ေဆာင္မွာ ျဖစ္ပါတယ္။ အဲဒါေတြျပည့္စံုတဲ့အထိ ယာယီပိတ္ထားေစမွာျဖစ္ပါတယ္” ဟု ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရး ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးျမတ္ခန္႔ေအးက  ေျပာသည္။

အဆိုပါေရကူးကန္တြင္ ဇူလိုင္လ(၁၆)ရက္ေန႔ နံနက္ (၁၀)နာရီ မိနစ္ (၄၀)၀န္းက်င္က ေရလာကူးသည့္ အမ်ိဳးသားႏွစ္ဦးအနက္ အသက္ (၁၉)ႏွစ္အရြယ္အမ်ိဳးသားတစ္ဦးေရနစ္ခ်ိန္တြင္ ေရကူးကန္အနီး၌ အေစာင့္ဝန္ထမ္းရိွမေနဘဲ ေရနစ္ၿပီးတစ္နာရီဝန္းက်င္ခန္႔ၾကာမွ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔ႏွင့္ တာဝန္ရွိသူမ်ား လာေရာက္ ရွာေဖြကယ္ဆယ္မႈျပဳလုပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ေရကူးကန္ႏွင့္ စည္ဘီယာစားေသာက္ဆိုင္ဖြင့္လွစ္ရန္အတြက္ ၿမိဳ႕နယ္စည္ပင္အပိုင္ေနရာအား ပုဂၢလိကအေနျဖင့္ ငွားရမ္းအသံုးျပဳထားျခင္းျဖစ္ၿပီး ေရကူးကန္ဖြင့္လွစ္ရာတြင္ လိုက္နာေဆာင္ရြက္ရမည့္ စည္းကမ္းခ်က္မ်ားအား ငွားရမ္းခြင့္ျပဳစဥ္ကာလကတည္းက ၿမိဳ႕နယ္စည္ပင္မွ သတ္မွတ္ ေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

“ေရနစ္ေသဆံုးတဲ့ျဖစ္စဥ္ကိုေတာ့ ဥပေဒအရ အမႈဖြင့္ထားပါတယ္။ ေသဆံုးသူရဲ့မိသားစုဝင္ေတြက အမႈျပန္လာ ဖြင့္တာေတာ့မရွိေသးပါဘူး။ ေသမႈေသခင္းအေနနဲ႔ အမႈဖြင့္ထားတယ္။ ရင္ခြဲစစ္ေဆးမႈျပဳလုပ္ဖို႔ ျပည္သူ႔ေဆးရံု ကိုပို႔ထားပါတယ္”ဟု ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြ႔ဲမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

အဆိုပါေရနစ္ေသဆံုးမႈျဖစ္စဥ္အား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္(၁၃/၂၀၁၇ )ျဖင့္ အမႈဖြင့္ၿပီး စစ္ေဆးေဆာင္ရြက္ေနေၾကာင္းသိရသည္။

သတင္း၊ဓာတ္ပံု  - ေနၿဖိဳးျမင့္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနထံမှ ပုဂ္ဂလိက ငှါးရမ်း ဖွင့်လှစ်ထားသည့် ရေကူးကန်တွင် ဇူလိုင်လ(၁၆)ရက်က လူတစ်ဦး ရေနစ်သေဆုံးသွားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သတ်မှတ်ထားသည့် လုံခြုံရေး စည်းကမ်းချက်များအတိုင်း လုပ်ဆောင်ပြီးသည် အထိ ရေကူးကန်အား ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

“အဓိက စည်းကမ်းတွေကတော့ ကန်ကို သံဇကာ ကာရံထားဖို့၊ အစောင့်ထားဖို့၊ အသက်ကယ်ဘောထားဖို့၊ ကလေးငယ်တွေကို အုပ်ထိန်းသူပါမှခွင့်ပြုဖို့စတဲ့ စည်းကမ်းချက်တွေရှိပါတယ်။ ရေကူးကန် တာဝန်ရှိ သူတွေကို ခေါ်ယူပြီးတော့ သတိပေး ဆောင်ရွက်တာတွေလုပ်မှာပါ။ သောက်စားမူးယစ်ပြီး ရေကူးတာမျိုး မလုပ်ဖို့ သတိပေးစာတန်းတွမြေင်သာတဲ့နေရာမှာ ထားရှိစေမယ်။ ရေကူးကန်မှာ အရေးပေါ် ရေထုတ်ပေါက်မရှိတာကိုလည်း ပြုလုပ်စေမှာပါ။ လိုအပ်တဲ့အချက်တွေအကုန်လုံး စုံလင်သွားတဲ့အချိန်ကျမှ ပြန်ပြီးဖွင့်ခိုင်းမှာဖြစ်ပါတယ်”ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့ အမှတ်(၁)ရပ်ကွက် သစ်တောလမ်းရှိ M II K ရေကူးကန်နှင့် စားသောက်ဆိုင်နေရာများကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနထံမှ ပုဂ္ဂလိကငှါးရမ်းဖွင့်လှစ်ထားခြင်းဖြစ်ပြီး ရေကူးကန်ဖွင့်လှစ်ရန် ငှါးရမ်းစဉ်က သဘောတူညီချက်များတွင် ရေကူးသူများ၏အသက်အန္တရာယ်လုံခြုံရေးအတွက် သတ်မှတ်ပေးထားသည့် စည်းကမ်းချက်များ ပါဝင်ကြောင်း သိရသည်။

“ရေကူးကန်ကတော့ စည်ပင်နယ်နိမိတ်ထဲမှာ ငှါးရမ်းဖွင့်လှစ်ထားတာပါ။ ရေနစ်တဲ့ဖြစ်စဉ်မှာလည်း လုံခြုံရေး အစောင့်ထားရှိတယ်လို့ ဆိုပေမယ့် အသက်ကယ်အင်္ကျီတွေ၊ အသက်ကယ်ဘောကွင်းတွေ အရန်သင့်မရှိတာကို တွေ့ရတယ်။ ဒါကြောင့် သတိပေးစာတန်းတွေ ကပ်ထားဖို့ရယ်၊ အသက်ကယ် ပစ္စည်းတွေ အရေးပေါ်ကယ်ဆယ်ရေးအစောင့်တွေ စနစ်တကျထားရှိသွားဖို့ ရေကူးကန်တာဝန်ရှိသူတွေကို သတိပေးတာတွေလုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒါတွပြေည့်စုံတဲ့အထိ ယာယီပိတ်ထားစေမှာဖြစ်ပါတယ်” ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက ပြောသည်။

အဆိုပါရေကူးကန်တွင် ဇူလိုင်လ(၁၆)ရက်နေ့ နံနက် (၁၀)နာရီ မိနစ် (၄၀)ဝန်းကျင်က ရေလာကူးသည့် အမျိုးသားနှစ်ဦးအနက် အသက် (၁၉)နှစ်အရွယ်အမျိုးသားတစ်ဦးရေနစ်ချိန်တွင် ရေကူးကန်အနီး၌ အစောင့်ဝန်ထမ်းရှိမနေဘဲ ရေနစ်ပြီးတစ်နာရီဝန်းကျင်ခန့်ကြာမှ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများ လာရောက် ရှာဖွေကယ်ဆယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ရေကူးကန်နှင့် စည်ဘီယာစားသောက်ဆိုင်ဖွင့်လှစ်ရန်အတွက် မြို့နယ်စည်ပင်အပိုင်နေရာအား ပုဂ္ဂလိကအနဖြေင့် ငှါးရမ်းအသုံးပြုထားခြင်းဖြစ်ပြီး ရေကူးကန်ဖွင့်လှစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ငှါးရမ်းခွင့်ပြုစဉ်ကာလကတည်းက မြို့နယ်စည်ပင်မှ သတ်မှတ် ပေးထားပြီးဖြစ်ကြောင်း သိရသည်။

“ရေနစ်သေဆုံးတဲ့ဖြစ်စဉ်ကိုတော့ ဥပဒေအရ အမှုဖွင့်ထားပါတယ်။ သေဆုံးသူရဲ့မိသားစုဝင်တွေက အမှုပြန်လာ ဖွင့်တာတော့မရှိသေးပါဘူး။ သေမှုသေခင်းအနေနဲ့ အမှုဖွင့်ထားတယ်။ ရင်ခွဲစစ်ဆေးမှုပြုလုပ်ဖို့ ပြည်သူ့ဆေးရုံ ကိုပို့ထားပါတယ်”ဟု ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါရေနစ်သေဆုံးမှုဖြစ်စဉ်အား ကျောက်မဲမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်(၁၃/၂၀၁၇ )ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်နေကြောင်းသိရသည်။

သတင်း၊ဓာတ်ပုံ - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::