တာခ်ီလိတ္မွ သယ္ေဆာင္လာသည့္ ေအးခဲအသားမ်ား က်ဳိင္းတံု ေနာင္ႏြန္းစစ္ေဆးေရး ဂိတ္တြင္ ဖမ္းဆီးရမိ

တာခ်ီလိတ္မွ သယ္ေဆာင္လာသည့္ ေအးခဲအသားမ်ား က်ဳိင္းတံု ေနာင္ႏြန္းစစ္ေဆးေရး ဂိတ္တြင္ ဖမ္းဆီးရမိ
ဇူလိုင် 4, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕မွ က်ဳိင္းတံုသို႔ ေမာ္ေတာ္ယာဥ္ျဖင့္ သယ္ေဆာင္လာသည့္ ေအးခဲ အသားမ်ားကို က်ဳိင္းတံုၿမိဳ႕ရွိ ေနာင္ႏြန္းစစ္ေဆးေရးဂိတ္ သတင္းေပးတိုင္ၾကားခ်က္အရ  ဇူလိုင္လ(၄)ရက္ေန႔ ညေန(၃)နာရီ၀န္းက်င္ အခ်ိန္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

"တရား၀င္ လိုင္စင္မရိွတဲ့ ေအးခဲအသားေတြကို တာခ်ီလိတ္ကေန က်ိဳင္းတုံကို ကားတစ္စီးက သယ္လာမယ္ဆိုၿပီးေတာ့ ကၽြန္ေတာ္တို ့ဆီကို သတင္းေပး တိုင္တန္းတဲ့သူရိွတဲ့အတြက္ ကၽြန္ေတာ္တို ့ ေနာင္ႏြန္းဂိတ္မွာ သြားေစာင့္ျပီး ဖမ္းလိုက္တာပါ။"ဟု က်ိဳင္းတုံခရိုင္ စားသုံးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႔ အတြင္းေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တရား၀င္ လိုင္စင္မရိွသည့္ ေအးခဲအသားမ်ား ျဖစ္သည့္ ၾကက္ေတာင္ပံႀကီး၊ ၾကက္ေတာင္ပံလတ္၊ ၾကက္ေတာင္ပံေသး၊ ၾကက္ရင္အုပ္၊ၾကက္ေပါင္ႏွင့္ ၾကက္ျမစ္မ်ားကို တာခ်ီလိတ္ၿမိဳ႕မွ ၀ယ္ယူလာခဲ့ၿပီး က်ိဳင္းတုံၿမိဳ ့တြင္ ျပန္လည္ေရာင္းခ်ရန္ HONDA FITအမ်ိဳးအစား အိမ္သုံးကားတစ္စီးျဖင့္ သယ္ေဆာင္ လာစဥ္ သတင္းေပး တိုင္တန္းခ်က္အရ ေနာင္ႏြန္းစစ္ေဆးေရးဂိတ္တြင္ ဖမ္းဆီးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိေသာ ေအးခဲအသားမ်ား၏ အေလးခ်ိန္မွာ စုစုေပါင္း ကီလို (၅၀၀)ခန္႔ရွိေၾကာင္း သိရသည္။

"ဒီေန ့ ဖမ္းဆီးရမိတဲ့ ေအးခဲအသားေတြကို ခရိုင္စားသုံးသူေရးရာ အျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႔ရဲ႕ ဆုံးျဖတ္ခ်က္အရ မနက္ျဖန္ (ဇူလိုင္၅) မနက္(၁၁)နာရီခြဲမွာ မီးရထားဘူတာရုံေဟာင္းမွာ မီးရိႈ ့ ဖ်က္ဆီးသြားမွာ ျဖစ္ၿပီးေတာ့ ကားနဲ ့သယ္ေဆာင္လာသူကို ခံ၀န္ထိုးခိုင္းမွာ ျဖစ္ပါတယ္။"ဟု က်ိဳင္းတုံခရိုင္ စားသုံးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႔ အတြင္းေရးမွဴး ဦးသန္းစိုးက ေျပာသည္။

က်ိဳင္းတုံၿမိဳ႕တြင္ ဖမ္းဆီးရရွိေသာ တရား၀င္ လိုင္စင္မရိွသည့္ ေအးခဲအသားမ်ားကို ခရိုင္စားသုံးသူ အျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕၏ ဆုံးျဖတ္ခ်က္ျဖင့္ မီးရိႈ႕ဖ်က္ဆီးခဲ့သည္မွာ (၃)ႀကိမ္အထိရိွေနၿပီျဖစ္ၿပီး ၿပီးခဲ့သည့္ တနဂၤေႏြေန႔က ေအးခဲအသား (၉၂၀)ကီလိုကို ေနာက္ဆုံးအႀကိမ္အျဖစ္ မီးရိႈ႕ဖ်က္ဆီးခဲ့ေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့မှ ကျိုင်းတုံသို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် အေးခဲ အသားများကို ကျိုင်းတုံမြို့ရှိ နောင်နွန်းစစ်ဆေးရေးဂိတ် သတင်းပေးတိုင်ကြားချက်အရ ဇူလိုင်လ(၄)ရက်နေ့ ညနေ(၃)နာရီဝန်းကျင် အချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။

"တရားဝင် လိုင်စင်မရှိတဲ့ အေးခဲအသားတွေကို တာချီလိတ်ကနေ ကျိုင်းတုံကို ကားတစ်စီးက သယ်လာမယ်ဆိုပြီးတော့ ကျွန်တော်တို့ဆီကို သတင်းပေး တိုင်တန်းတဲ့သူရှိတဲ့အတွက် ကျွန်တော်တို့ နောင်နွန်းဂိတ်မှာ သွားစောင့်ပြီး ဖမ်းလိုက်တာပါ။"ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရားဝင် လိုင်စင်မရှိသည့် အေးခဲအသားများ ဖြစ်သည့် ကြက်တောင်ပံကြီး၊ ကြက်တောင်ပံလတ်၊ ကြက်တောင်ပံသေး၊ ကြက်ရင်အုပ်၊ကြက်ပေါင်နှင့် ကြက်မြစ်များကို တာချီလိတ်မြို့မှ ဝယ်ယူလာခဲ့ပြီး ကျိုင်းတုံမြို့တွင် ပြန်လည်ရောင်းချရန် HONDA FITအမျိုးအစား အိမ်သုံးကားတစ်စီးဖြင့် သယ်ဆောင် လာစဉ် သတင်းပေး တိုင်တန်းချက်အရ နောင်နွန်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော အေးခဲအသားများ၏ အလေးချိန်မှာ စုစုပေါင်း ကီလို (၅၀၀)ခန့်ရှိကြောင်း သိရသည်။

"ဒီနေ့ ဖမ်းဆီးရမိတဲ့ အေးခဲအသားတွေကို ခရိုင်စားသုံးသူရေးရာ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ မနက်ဖြန် (ဇူလိုင်၅) မနက်(၁၁)နာရီခွဲမှာ မီးရထားဘူတာရုံဟောင်းမှာ မီးရှို့ ဖျက်ဆီးသွားမှာ ဖြစ်ပြီးတော့ ကားနဲ့သယ်ဆောင်လာသူကို ခံဝန်ထိုးခိုင်းမှာ ဖြစ်ပါတယ်။"ဟု ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးသန်းစိုးက ပြောသည်။

ကျိုင်းတုံမြို့တွင် ဖမ်းဆီးရရှိသော တရားဝင် လိုင်စင်မရှိသည့် အေးခဲအသားများကို ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် မီးရှို့ဖျက်ဆီးခဲ့သည်မှာ (၃)ကြိမ်အထိရှိနပြေီဖြစ်ပြီး ပြီးခဲ့သည့် တနင်္ဂေနွနေ့က အေးခဲအသား (၉၂၀)ကီလိုကို နောက်ဆုံးအကြိမ်အဖြစ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~