တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရာသီတုပ်ကွေး A (H1 N1 )နှင့် ပတ်သက်၍ လူစည်ကားရာ နေရာများတွင် ကျန်းမာရေး အသိပညာပေး အဓိက လုပ်ဆောင်နေ

တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရာသီတုပ်ကွေး A (H1 N1 )နှင့် ပတ်သက်၍ လူစည်ကားရာ နေရာများတွင် ကျန်းမာရေး အသိပညာပေး အဓိက လုပ်ဆောင်နေ
ဇူလိုငျ 29, 2017
By Tachileik News Agency

မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ရာသီတုပ်ကွေး A (H1 N1 )နှင့် ပတ်သက်၍ လူသူသွားလာ အများဆုံး နေရာများတွင် တာချီလိတ်ခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေး အသိပညာပေးမှုများနှင့် အတူ Mask များ အခမဲ့ ပေးဝေခြင်း နှင့် မှန်ကန်စွာ တပ်ဆင်အသုံးပြုတတ်ရေး စသည်များကို  လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

ဇူလိုင်လ(၂၉)ရက်နေ့တွင် တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ရာသီတုပ်ကွေး A (H1 N1 )နှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းနှင့်အတူ Mask များ ပေးဝေကာ Mask များ သုံးစွဲနည်းကိုလည်း မှန်ကန်စွာ အသုံးပြုနိုင်ရန်အတွက် တစ်ပြိုင်တည်း ပြသပေးခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် ဇူလိုင်လ(၂၉)ရက်နေ့တွင် လူစည်ကားရာနေရာများဖြစ်သည့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်၊ တာလော့ဈေး၊ ဗယ်လင်တိုင်း(ကဖေးနှင့်အအေး)၊ သစ္စာ(ကဖေးနှင့်အအေး)၊ ပါဆတ်ကားလေးကွင်း၊ ဆန်ဆိုင်းဈေး၊ မြို့တွင်းကားဂိတ် နှင့် တာချီလိတ် လေဆိပ်တို့တွင် အသိပညာပေးမှု နှင့် အတူ Mask များ အသုံးပြုရာတွင် မှန်ကန်စွာ အသုံး ပြုတတ်ရန်ကိုလည်း ရှင်းလင်းပြသကာ လက်ကမ်းစာစောင်များကို ပေးဝေခဲ့ကြခြင်း ဖြစ်သည်။

ကဖေးဆိုင်များတွင် လာရောက်စားသုံးသူများအား ကျန်းမာရေးအသိပညာ ရရှိစေရန်အတွက် ရာသီတုပ်ကွေး A (H1 N1 )နှင့် ပတ်သက်၍ အသိပညာပေး CD ခွေများအား ဖွင့်လှစ်ပြသထားရှိရန် ဖြန့်ဝေပေးမှုကိုလည်း လုပ်ဆောင်ပေးခဲ့ကြောင်း နှင့် ဆက်လက်၍ ၀မ်ကောင်းဈေး၊ အာခါဈေး၊ ဘုရင့်နောင်ဈေး နှင့် ရန်အောင်မြေရပ်ကွက် တို့သို့သွားရောက်၍လည်း အသိပညာပေးမှုများ လုပ်ဆောင်သွားရန် စီစဉ်ထားရှိကြောင်း တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်ထံက သိရသည်။


တာချီလိတ်ခရိုင်အနေဖြင့် သက်ဆိုင်ရာ ဌာနများအလိုက် ရာသီတုပ်ကွေး A (H1 N1 )နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရန်နှင့် အသိပညာပေးမှုများအဖြင့် လုပ်ဆောင်နေလျက်ရှိကြောင်း သိရှိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ရာသီတုပ်ကွေး A (H1 N1 )နှင့် ပတ်သက်၍ လူသူသွားလာ အများဆုံး နေရာများတွင် တာချီလိတ်ခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေး အသိပညာပေးမှုများနှင့် အတူ Mask များ အခမဲ့ ပေးဝခြေင်း နှင့် မှန်ကန်စွာ တပ်ဆင်အသုံးပြုတတ်ရေး စသည်များကို လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

ဇူလိုင်လ(၂၉)ရက်နေ့တွင် တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ရာသီတုပ်ကွေး A (H1 N1 )နှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းနှင့်အတူ Mask များ ပေးေဝကာ Mask များ သုံးစွဲနည်းကိုလည်း မှန်ကန်စွာ အသုံးပြုနိုင်ရန်အတွက် တစ်ပြိုင်တည်း ပြသပေးခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြနေ့်ဝပေးခြင်းများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် ဇူလိုင်လ(၂၉)ရက်နေ့တွင် လူစည်ကားရာနေရာများဖြစ်သည့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်၊ တာလော့ဈေး၊ ဗယ်လင်တိုင်း(ကဖေးနှင့်အအေး)၊ သစ္စာ(ကဖေးနှင့်အအေး)၊ ပါဆတ်ကားလေးကွင်း၊ ဆန်ဆိုင်းဈေး၊ မြို့တွင်းကားဂိတ် နှင့် တာချီလိတ် လေဆိပ်တို့တွင် အသိပညာပေးမှု နှင့် အတူ Mask များ အသုံးပြုရာတွင် မှန်ကန်စွာ အသုံး ပြုတတ်ရန်ကိုလည်း ရှင်းလင်းပြသကာ လက်ကမ်းစာစောင်များကို ပေးေဝခဲ့ကြခြင်း ဖြစ်သည်။

ကဖေးဆိုင်များတွင် လာရောက်စားသုံးသူများအား ကျန်းမာရေးအသိပညာ ရရှိစေရန်အတွက် ရာသီတုပ်ကွေး A (H1 N1 )နှင့် ပတ်သက်၍ အသိပညာပေး CD ခွေများအား ဖွင့်လှစ်ပြသထားရှိရန် ဖြနေ့်ဝပေးမှုကိုလည်း လုပ်ဆောင်ပေးခဲ့ကြောင်း နှင့် ဆက်လက်၍ ဝမ်ကောင်းဈေး၊ အာခါဈေး၊ ဘုရင့်နောင်ဈေး နှင့် ရန်အောင်မြေရပ်ကွက် တို့သို့သွားရောက်၍လည်း အသိပညာပေးမှုများ လုပ်ဆောင်သွားရန် စီစဉ်ထားရှိကြောင်း တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်ထံက သိရသည်။

ရာသီတုပ်ကွေး A (H1 N1 )နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရန်နှင့် အများပြည်သူများ သိရှိထားနိုင်ရန်အတွက် ပုန်းထွန်ရပ်ကွက်မှ စ၍ တာချီလိတ်လေဆိပ်အထိ ယာဉ်ဖြင့် အသိပညာပေး အသံဖိုင်အားဖွင့်ကာ လှည့်လည်ခဲ့ကြောင်းလည်း သိရသည်။

တာချီလိတ်ခရိုင်အနဖြေင့် သက်ဆိုင်ရာ ဌာနများအလိုက် ရာသီတုပ်ကွေး A (H1 N1 )နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရန်နှင့် အသိပညာပေးမှုများအဖြင့် လုပ်ဆောင်နေလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~