တာခ်ီလိတ္ၿမိဳ႕ေပၚ လူေနရပ္ကြက္ (၁၁)ခုတြင္ ထိန္းသိမ္းျခင္း မရိွသည့္ ၿခံဳထူထပ္ ၿခံဝန္းမ်ားေၾကာင့္ ပတ္ဝန္းက်င္ အေႏွာင့္အယွက္ျဖစ္ေန

တာခ်ီလိတ္ၿမိဳ႕ေပၚ လူေနရပ္ကြက္ (၁၁)ခုတြင္ ထိန္းသိမ္းျခင္း မရိွသည့္ ၿခံဳထူထပ္ ၿခံဝန္းမ်ားေၾကာင့္ ပတ္ဝန္းက်င္ အေႏွာင့္အယွက္ျဖစ္ေန
ဇူလိုင် 29, 2017
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္မ်ားရွိ လူမေနသည့္ ၿခံဝန္းမ်ားအား ထိန္းသိမ္းျခင္းမရိွ ပစ္ထားျခင္းမ်ားေၾကာင့့္ ၿမိဳ႕အဂၤါရပ္ႏွင့္မညီသည့္ အဆိုပါ ၿခံ၀န္းမ်ားတြင္ ၿခံဳႏြယ္သစ္ပင္မ်ား ေပါက္ေရာက္ ထူထပ္လာသည့္ အေျခအေနမ်ားေၾကာင့္  ပတ္ဝန္းက်င္ လူေနအိမ္မ်ားအတြက္ အေႏွာင့္အယွက္ ျဖစ္ေနသျဖင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးရံုးမ်ား အေနျဖင့္ အဆိုပါကိစၥအား ေျဖရွင္းလိုေသာ္လည္း အခက္အခဲ ရိွေနေၾကာင္း သိရသည္။

“တကယ္လို႔ ပိုင္ရွင္ကို သိတယ္ဆိုရင္ေတာ့ ပိုင္ရွင္ကိုဆက္သြယ္ၿပီး ရွင္းခိုင္းလု႔ိ ရပါတယ္။ အမ်ား အားျဖင့္ေတာ့ ပိုင္ရွင္ဘယ္သူဆိုတာ မသိဘူး ခင္ဗ်။ ေနာက္ဆံုး ရပ္ကြက္မွာ မျဖစ္မေန ရွင္းရမယ္ဆိုရင္ ပတ္ဝန္းက်င္ အနီးအနားက အိမ္ေတြ အကူအညီနဲ႔ ကၽြန္ေတာ္တုိ႔ ရံုးနဲ႔ ပူးေပါင္းရွင္းလင္းရပါတယ္။ ကုန္က်စရိတ္က ကိုယ္တိုင္ပဲ က်ခံရတယ္။ ရန္ပံုေငြလည္း မရိွဘူး။ ဒါေၾကာင့္ လုပ္ခ်င္ေပမယ့္ လ်စ္လ်ဴရႈ ထားရတာပဲ”ဟု တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္းဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း ရပ္ကြက္တုိင္းတြင္ လူမေနသည့္ အိမ္ၿခံဝန္းမ်ားရိွေနၿပီး ပိုင္ရွင္အမ်ားစုက ျပဳျပင္ ထိန္းသိမ္းျခင္း မရိွသျဖင့္ မိုးရာသီတြင္ ျမက္ပင္ၿခံဳပင္မ်ား၊ ေရဝပ္အိုင္မ်ားေၾကာင့္ ပတ္ဝန္းက်င္ ေနအိမ္မ်ားအေနျဖင့္ ကေလးငယ္မ်ား က်န္းမာေရးအတြက္ စိုးရိမ္ရေၾကာင္း ေဒသခံမ်ားက ဆိုသည္။

“ၿမိဳ႕လယ္ျဖစ္တဲ့ ရွမ္းရိုးမကြင္းနား ဆိုရင္ေတာင္ ေျမကြက္ေတြက ေျမလည္းဖို႔တာမရိွ၊ ၿခံလည္းမရွင္း၊ အေဆာက္အဦလည္း မေဆာက္ပစ္ထားေတာ့ ၿခံဳေတြ၊ ျမက္ေတြနဲ႔ မိုးရာသီဆိုရင္ ျခင္ေတြ၊ ဗြက္ေတြနဲ႔ ေႏြရာသီဆိုရင္လည္း မီးေဘးအႏၱရာယ္ စိတ္ပူေနရတယ္။ ပါလ်ံွမွာဆို ကၽြန္ေတာ့္အိမ္ မ်က္ႏွာခ်င္းဆိုင္မွာကိုပဲ ၿခံဝန္းတစ္ခု ေမြးျမဴေရးေျမအျဖစ္ ခြင့္ျပဳမိန္႔က်ထားတာ။ ၿခံဳေတြ ျမက္ေတြလည္း မရွင္း၊ ေျမအသံုးခ်မႈလည္း မရိွ။ တခ်ိဳ႕ကေတာ့ လူမေနေပမယ့္ ၿခံရွင္း၊ ေျမဖို႔လုပ္ထားေတာ့ ပတ္ဝန္းက်င္ကို မထိခိုက္ေစဘူးေပါ့။ ဒါေတြရွင္းလင္းဖို႔ တုိက္တြန္းတာလည္း မေတြ႕သေလာက္ပဲ။ စည္ပင္တို႔ က်န္းမာေရးဌာနတို႔က ျခင္ေဆးလာဖ်န္းတာတို႔ ဘာတို႔လည္း မႀကံဳဖူးဘူး။ ကၽြန္ေတာ့္မွာဆို ကေလးက သံုးႏွစ္ေက်ာ္ပဲရိွေသးတယ္။ တခ်ိဳ႕ဆို ေက်ာင္းပတ္ဝန္းက်င္မွာကို ဒီလိုၿခံေတြရိွေနေတာ့ ကေလးေတြအတြက္ စိတ္ပူရတာေပါ့”ဟု တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္၊ ၀န္ထမ္းအိမ္ရာအနီးေန ကိုညီညီက ေျပာသည္။

ယင္းကဲ့သို႔ လူမေနၿခံဝန္းမ်ားအား ထိန္းသိမ္းမႈ မရိွဘဲထားျခင္းေၾကာင့္ အိမ္ေျခမဲ့ေလလြင့္မ်ားလည္း ခိုေအာင္းေနထိုင္ေလ့ရိွေနရာ ပတ္ဝန္းက်င္ေနအိမ္မ်ားအေနျဖင့္ စိုးရိမ္ပူပန္မႈမ်ားလည္းရိွေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“အဲဒီလိုေျမကြက္လြတ္ေတြမွာ ေလလြင့္ေတြလည္း ဝင္ေနၾကတယ္။ တစ္ခါက အာခါေစ်းနားက လူမရိွတဲ့ၿခံမွာ လူတစ္ေယာက္ေသေနတာ ေတြ႔တုန္းကေတာ့ ၿခံေတြရွင္းလင္းဖို႔ေတာ့ တစ္ခါေျပာဖူးတယ္။ စည္ပင္ အပါအဝင္ေပါ့ ။ သက္ဆုိင္ရာဌာနေတြအေနနဲ႔ ဒီလိုရပ္ကြက္ေတြထဲမွာ လူမေနတဲ့ၿခံေတြ အမ်ားႀကီးရိွေနၿပီး ဒီတုိင္းပစ္ထားတာကို ညႊန္ၾကားမႈတစ္ခုခုေတာ့ လုပ္သင့္တယ္လု႔ိျမင္ပါတယ္”ဟု မဇၨ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

သက္ဆုိင္ရာဌာနမ်ားအေနျဖင့္ လူေနရပ္ကြက္မ်ားအတြင္း လူေနထိုင္ျခင္းမရိွဘဲ ထိန္းသိမ္းမႈ မရိွသည့္ ၿခံဝန္းမ်ားေၾကာင့္ ပတ္ဝန္းက်င္ေနထိုင္သူမ်ား အေႏွာင့္အယွက္မျဖစ္ေစရန္ႏွင့္ ၿမိဳ႕အဂၤါရပ္ႏွင့္ ညီညြတ္ေစရန္အတြက္ ဥပေဒအရ ထိန္းညိႇေဆာင္ရြက္သင့္သည္ဟု တာခ်ီလိတ္ၿမိဳ႕ခံတစ္ဦးျဖစ္သည့္ ကိုညီညီက အႀကံျပဳသည္။

“ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးကေတာ့ ဒါေတြကို ဘယ္လိုက္လုပ္ႏုိင္မလဲ။ ဒါေပမယ့္ ဒီပိုင္ရွင္ေတြကို အေၾကာင္းၾကားမယ္။ တုိက္တြန္းမယ္ဆိုတာေတာ့ လုပ္ေဆာင္သင့္တာေပါ့ေလ။ ဒါေတြ ရွင္းလင္းဖို႔ဆိိုတာကေတာ့ ေျမပိုင္ရွင္ေတြမွာ တာဝန္ရိွတာပဲ။ ရပ္ကြက္က တာဝန္ယူ ရွင္းလင္းရမယ္ဆိုရင္ေတာ့ ဘယ္သူမွ လုပ္ႏုိင္မွာ မဟုတ္ဘူး။ ပစ္ထားမွာပဲေလ။ ေနာက္ဆံုးေတာ့ ဥပေဒရိွတာပဲ။ ကၽြန္ေတာ္တို႔ဆိုလည္း ဥပေဒအတိုင္း ေနထုိင္ၾကရတာပဲေလ။ သက္ဆိုင္ရာ ဌာနဆုိင္ရာက ညႊန္ၾကားခ်က္အတိုင္း မလုပ္ရင္ေတာ့ ဥပေဒအတုိင္း သြားေပါ့”ဟု ကိုညီညီက ဆိုသည္။

အခ်ိဳ႕စာသင္ေက်ာင္းမ်ား ဝန္းက်င္တြင္လည္း ထိန္းသိမ္းမႈ မရိွဘဲထားသည့္ အိမ္ၿခံဝန္းမ်ား ရိွေနသည့္အတြက္ ျခင္မ်ားေပါက္ပြားကာ ေက်ာင္းသူ/ေက်ာင္းသားမ်ားအတြက္ စိုးရိမ္ရသျဖင့္ သက္ဆုိင္ရာ တာဝန္ရိွသူမ်ားအေနျဖင့္ ေျဖရွင္းေဆာင္ရြက္ေပးေစလိုေၾကာင္း ေက်ာင္းသားမိဘမ်ားက ဆိုသည္။

တာခ်ီလိတ္ၿမိဳ႕ေပၚတြင္ ရပ္ကြက္အေရအတြက္အရ ပုန္းထြန္၊ တာေလာ့၊ ၀မ္ေကာင္း၊ မကာဟိုခမ္း၊ မယ္ေခါင္၊ ဆန္ဆိုင္း(က)၊ ဆန္ဆိုင္း(ခ)၊ ရန္ေအာင္ေျမ၊ ပါဆတ္၊ ၀ိန္းေက်ာက္ ႏွင့္ ေဆခမ္း စသည့္ ရပ္ကြက္ေပါင္း (၁၁)ရပ္ကြက္ ရွိသည္။

သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ပေါ် ရပ်ကွက်များရှိ လူမနေသည့် ခြံဝန်းများအား ထိန်းသိမ်းခြင်းမရှိ ပစ်ထားခြင်းများကြောင့် မြို့အင်္ဂါရပ်နှင့်မညီသည့် အဆိုပါ ခြံဝန်းများတွင် ခြုံနွယ်သစ်ပင်များ ပေါက်ရောက် ထူထပ်လာသည့် အခြေအနေများကြောင့် ပတ်ဝန်းကျင် လူနေအိမ်များအတွက် အနှောင့်အယှက် ဖြစ်နေသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးရုံးများ အနဖြေင့် အဆိုပါကိစ္စအား ဖြေရှင်းလိုသော်လည်း အခက်အခဲ ရှိနေကြောင်း သိရသည်။

“တကယ်လို့ ပိုင်ရှင်ကို သိတယ်ဆိုရင်တော့ ပိုင်ရှင်ကိုဆက်သွယ်ပြီး ရှင်းခိုင်းလို့ ရပါတယ်။ အများ အားဖြင့်တော့ ပိုင်ရှင်ဘယ်သူဆိုတာ မသိဘူး ခင်ဗျ။ နောက်ဆုံး ရပ်ကွက်မှာ မဖြစ်မနေ ရှင်းရမယ်ဆိုရင် ပတ်ဝန်းကျင် အနီးအနားက အိမ်တွေ အကူအညီနဲ့ ကျွန်တော်တို့ ရုံးနဲ့ ပူးပေါင်းရှင်းလင်းရပါတယ်။ ကုန်ကျစရိတ်က ကိုယ်တိုင်ပဲ ကျခံရတယ်။ ရန်ပုံငွေလည်း မရှိဘူး။ ဒါကြောင့် လုပ်ချင်ပေမယ့် လျစ်လျူရှု ထားရတာပဲ”ဟု တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း ရပ်ကွက်တိုင်းတွင် လူမနေသည့် အိမ်ခြံဝန်းများရှိနပြေီး ပိုင်ရှင်အများစုက ပြုပြင် ထိန်းသိမ်းခြင်း မရှိသဖြင့် မိုးရာသီတွင် မြက်ပင်ခြုံပင်များ၊ ရေဝပ်အိုင်များကြောင့် ပတ်ဝန်းကျင် နေအိမ်များအနဖြေင့် ကလေးငယ်များ ကျန်းမာရေးအတွက် စိုးရိမ်ရကြောင်း ဒေသခံများက ဆိုသည်။

“မြို့လယ်ဖြစ်တဲ့ ရှမ်းရိုးမကွင်းနား ဆိုရင်တောင် မြေကွက်တွေက မြေလည်းဖို့တာမရှိ၊ ခြံလည်းမရှင်း၊ အဆောက်အဦလည်း မဆောက်ပစ်ထားတော့ ခြုံတွေ၊ မြက်တွေနဲ့ မိုးရာသီဆိုရင် ခြင်တွေ၊ ဗွက်တွေနဲ့ နွေရာသီဆိုရင်လည်း မီးဘေးအန္တရာယ် စိတ်ပူနေရတယ်။ ပါလျှံမှာဆို ကျွန်တော့်အိမ် မျက်နှာချင်းဆိုင်မှာကိုပဲ ခြံဝန်းတစ်ခု မွေးမြူရေးမြေအဖြစ် ခွင့်ပြုမိန့်ကျထားတာ။ ခြုံတွေ မြက်တွေလည်း မရှင်း၊ မြေအသုံးချမှုလည်း မရှိ။ တချို့ကတော့ လူမနေပေမယ့် ခြံရှင်း၊ မြေဖို့လုပ်ထားတော့ ပတ်ဝန်းကျင်ကို မထိခိုက်စေဘူးပေါ့။ ဒါတွေရှင်းလင်းဖို့ တိုက်တွန်းတာလည်း မတွေ့သလောက်ပဲ။ စည်ပင်တို့ ကျန်းမာရေးဌာနတို့က ခြင်ဆေးလာဖျန်းတာတို့ ဘာတို့လည်း မကြုံဖူးဘူး။ ကျွန်တော့်မှာဆို ကလေးက သုံးနှစ်ကျော်ပဲရှိသေးတယ်။ တချို့ဆို ကျောင်းပတ်ဝန်းကျင်မှာကို ဒီလိုခြံတွေရှိနေတော့ ကလေးတွေအတွက် စိတ်ပူရတာပေါ့”ဟု တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ဝန်ထမ်းအိမ်ရာအနီးနေ ကိုညီညီက ပြောသည်။

ယင်းကဲ့သို့ လူမနခြေံဝန်းများအား ထိန်းသိမ်းမှု မရှိဘဲထားခြင်းကြောင့် အိမ်ခြေမဲ့လေလွင့်များလည်း ခိုအောင်းနေထိုင်လေ့ရှိနေရာ ပတ်ဝန်းကျင်နေအိမ်များအနဖြေင့် စိုးရိမ်ပူပန်မှုများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

“အဲဒီလိုမြေကွက်လွတ်တွေမှာ လေလွင့်တွေလည်း ဝင်နကြေတယ်။ တစ်ခါက အာခါဈေးနားက လူမရှိတဲ့ခြံမှာ လူတစ်ယောက်သေနေတာ တွေ့တုန်းကတော့ ခြံတွေရှင်းလင်းဖို့တော့ တစ်ခါပြောဖူးတယ်။ စည်ပင် အပါအဝင်ပေါ့။ သက်ဆိုင်ရာဌာနတွေအနေနဲ့ ဒီလိုရပ်ကွက်တွေထဲမှာ လူမနေတဲ့ခြံတွေ အများကြီးရှိနပြေီး ဒီတိုင်းပစ်ထားတာကို ညွှန်ကြားမှုတစ်ခုခုတော့ လုပ်သင့်တယ်လို့မြင်ပါတယ်”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

သက်ဆိုင်ရာဌာနများအနဖြေင့် လူနေရပ်ကွက်များအတွင်း လူနေထိုင်ခြင်းမရှိဘဲ ထိန်းသိမ်းမှု မရှိသည့် ခြံဝန်းများကြောင့် ပတ်ဝန်းကျင်နေထိုင်သူများ အနှောင့်အယှက်မဖြစ်စေရန်နှင့် မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက် ဥပဒေအရ ထိန်းညှိဆောင်ရွက်သင့်သည်ဟု တာချီလိတ်မြို့ခံတစ်ဦးဖြစ်သည့် ကိုညီညီက အကြံပြုသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကတော့ ဒါတွေကို ဘယ်လိုက်လုပ်နိုင်မလဲ။ ဒါပေမယ့် ဒီပိုင်ရှင်တွေကို အကြောင်းကြားမယ်။ တိုက်တွန်းမယ်ဆိုတာတော့ လုပ်ဆောင်သင့်တာပေါ့လေ။ ဒါတွေ ရှင်းလင်းဖို့ဆိုတာကတော့ မြေပိုင်ရှင်တွေမှာ တာဝန်ရှိတာပဲ။ ရပ်ကွက်က တာဝန်ယူ ရှင်းလင်းရမယ်ဆိုရင်တော့ ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး။ ပစ်ထားမှာပဲလေ။ နောက်ဆုံးတော့ ဥပဒေရှိတာပဲ။ ကျွန်တော်တို့ဆိုလည်း ဥပဒေအတိုင်း နေထိုင်ကြရတာပဲလေ။ သက်ဆိုင်ရာ ဌာနဆိုင်ရာက ညွှန်ကြားချက်အတိုင်း မလုပ်ရင်တော့ ဥပဒေအတိုင်း သွားပေါ့”ဟု ကိုညီညီက ဆိုသည်။

အချို့စာသင်ကျောင်းများ ဝန်းကျင်တွင်လည်း ထိန်းသိမ်းမှု မရှိဘဲထားသည့် အိမ်ခြံဝန်းများ ရှိနေသည့်အတွက် ခြင်များပေါက်ပွားကာ ကျောင်းသူ/ကျောင်းသားများအတွက် စိုးရိမ်ရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနဖြေင့် ဖြေရှင်းဆောင်ရွက်ပေးစေလိုကြောင်း ကျောင်းသားမိဘများက ဆိုသည်။

တာချီလိတ်မြို့ပေါ်တွင် ရပ်ကွက်အရေအတွက်အရ ပုန်းထွန်၊ တာလော့၊ ဝမ်ကောင်း၊ မကာဟိုခမ်း၊ မယ်ခေါင်၊ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)၊ ရန်အောင်မြေ၊ ပါဆတ်၊ ဝိန်းကျောက် နှင့် ဆေခမ်း စသည့် ရပ်ကွက်ပေါင်း (၁၁)ရပ်ကွက် ရှိသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~