၁၀၅ မိုင္ကုန္သြယ္ေရးဇုန္အနီးမွ လက္လုပ္မိုင္းတစ္လံုးအား နယ္ေျမခံတပ္ရွင္းလင္း

၁၀၅ မိုင္ကုန္သြယ္ေရးဇုန္အနီးမွ လက္လုပ္မိုင္းတစ္လံုးအား နယ္ေျမခံတပ္ရွင္းလင္း
ဇူလိုင် 13, 2017
By 🌸
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ၁၀၅ မိုင္ကုန္သြယ္ေရးဇံုႏွင့္ ေမာ္ေတာင္းေက်းရြာအၾကားတြင္ ဇူလိုင္လ(၁၃) ရက္ေန႔ ညေန(၅)နာရီ(၃၀)ခန္႔က လက္လုပ္မိုင္းတစ္လံုးေတြ႔ရွိရသျဖင့္ နယ္ေျမခံစစ္တပ္မွ ေသနတ္ျဖင့္ပစ္ခြဲ၍ ရွင္းလင္းလိုက္ရေၾကာင္း (၁၀၅)မိုင္ ရဲစခန္းမွ သိရွိရသည္။
“ ၁၀၅ မိုင္ကိုမေရာက္ခင္ ေမာ္ေတာင္းေက်းရြာနားက ၾကက္ဆူေတာအနီး ျပည္ေထာင္စုလမ္းမႀကီးနံေဘးမွာ ေဒသႏၱရလက္လုပ္မိုင္းလို႔ ယူဆရတဲ့မိုင္းတစ္လံုးကိုေတြ႔ရွိရတဲ့အတြက္ နယ္ေျမခံစစ္တပ္က ေသနတ္နဲ႔ပစ္ခြဲၿပီး အျမန္ရွင္းလင္းလိုက္ရပါတယ္။ BE တပ္ေတြရွင္းလင္းဖို႔ အဆင္မေျပတာရွိတဲ့အတြက္ ပစ္ခတ္ရွင္းလင္း လိုက္တာ ျဖစ္ပါတယ္” ဟု (၁၀၅)မိုင္ ရဲစခန္းကင္းမွဴး ရဲအုပ္ေက်ာ္ဟန္ေဆြြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ဇူလိုင္လ (၁၃) ရက္၊ ညေန(၅)နာရီ (၃၀)မိနစ္ခန္႔တြင္ အဆိုပါလက္လုပ္မိုင္းအားေတြ႔ရွိခဲ့ၿပီး ညေန(၅)နာရီ (၄၅)မိနစ္အခ်ိန္အထိ ရွင္းလင္းေရးလုပ္ေဆာင္ခဲ့ရကာ အနီးတစ္ဝိုက္ရွင္းလင္းေရးမ်ားေဆာင္ရြက္ေနစဥ္ ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ ယာဥ္အသြားအလာမ်ားအား ေခတၱရပ္နားခဲ့ရေၾကာင္း သိရွိရသည္။
“(၁၀၅)မိုင္နဲ႔ ေမာ္ေတာင္းၾကားမွာ ကားေတြေခတၱရပ္ထားရတယ္။ ယာဥ္တန္းေတာ့ျဖစ္သြားတာေပါ့။ ယာဥ္ေတြ လူေတြအထိအခိုက္မရွိေအာင္ အဲဒီမိုင္းကို တပ္မေတာ္က ရွင္းလင္းေရးလုပ္လိုက္တယ္လို႔သိရတယ္။ အခုေတာ့ ယာဥ္အသြားအလာပံုမွန္ျပန္ျဖစ္သြားၿပီ” ဟု ယာဥ္ေၾကာပိတ္မိေနရာမွ ျဖတ္သန္းလာသူ ကိုေအာင္ေအာင္က ေျပာသည္။
လက္လုပ္မိုင္းအား အခ်ိန္မီရွင္းလင္းႏိုင္သည့္အတြက္ ထိခိုက္ဆံုးရႈံးမႈႈလံုးဝမရွိခဲ့ေသာ္လည္း အနီးတစ္ဝိုက္တြင္ နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ားကို တပ္မေတာ္မွဆက္လက္လုပ္ေဆာင္လွ်က္ရွိေၾကာင္း အထက္ပါ ရဲအရာရွိထံမွ သိရွိရသည္။
သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ကိုေအာင္ေအာင္
~~~~~~~~⊰❂ unicode ~~~~~~~~
၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှ လက်လုပ်မိုင်းတစ်လုံးအား နယ်မြေခံတပ်ရှင်းလင်း
************
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၁၀၅ မိုင်ကုန်သွယ်ရေးဇုံနှင့် မော်တောင်းကျေးရွာအကြားတွင် ဇူလိုင်လ(၁၃) ရက်နေ့ ညနေ(၅)နာရီ(၃၀)ခန့်က လက်လုပ်မိုင်းတစ်လုံးတွေ့ရှိရသဖြင့် နယ်မြေခံစစ်တပ်မှ သေနတ်ဖြင့်ပစ်ခွဲ၍ ရှင်းလင်းလိုက်ရကြောင်း (၁၀၅)မိုင် ရဲစခန်းမှ သိရှိရသည်။
“ ၁၀၅ မိုင်ကိုမရောက်ခင် မော်တောင်းကျေးရွာနားက ကြက်ဆူတောအနီး ပြည်ထောင်စုလမ်းမကြီးနံဘေးမှာ ဒေသန္တရလက်လုပ်မိုင်းလို့ ယူဆရတဲ့မိုင်းတစ်လုံးကိုတွေ့ရှိရတဲ့အတွက် နယ်မြေခံစစ်တပ်က သေနတ်နဲ့ပစ်ခွဲပြီး အမြန်ရှင်းလင်းလိုက်ရပါတယ်။ BE တပ်တွေရှင်းလင်းဖို့ အဆင်မပြေတာရှိတဲ့အတွက် ပစ်ခတ်ရှင်းလင်း လိုက်တာ ဖြစ်ပါတယ်” ဟု (၁၀၅)မိုင် ရဲစခန်းကင်းမှူး ရဲအုပ်ကျော်ဟန်ဆွွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဇူလိုင်လ (၁၃) ရက်၊ ညနေ(၅)နာရီ (၃၀)မိနစ်ခန့်တွင် အဆိုပါလက်လုပ်မိုင်းအားတွေ့ရှိခဲ့ပြီး ညနေ(၅)နာရီ (၄၅)မိနစ်အချိန်အထိ ရှင်းလင်းရေးလုပ်ဆောင်ခဲ့ရကာ အနီးတစ်ဝိုက်ရှင်းလင်းရေးများဆောင်ရွက်နေစဉ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ယာဉ်အသွားအလာများအား ခေတ္တရပ်နားခဲ့ရကြောင်း သိရှိရသည်။
“(၁၀၅)မိုင်နဲ့ မော်တောင်းကြားမှာ ကားတွေခေတ္တရပ်ထားရတယ်။ ယာဉ်တန်းတော့ဖြစ်သွားတာပေါ့။ ယာဉ်တွေ လူတွေအထိအခိုက်မရှိအောင် အဲဒီမိုင်းကို တပ်မတော်က ရှင်းလင်းရေးလုပ်လိုက်တယ်လို့သိရတယ်။ အခုတော့ ယာဉ်အသွားအလာပုံမှန်ပြန်ဖြစ်သွားပြီ” ဟု ယာဉ်ကြောပိတ်မိနေရာမှ ဖြတ်သန်းလာသူ ကိုအောင်အောင်က ပြောသည်။
လက်လုပ်မိုင်းအား အချိန်မီရှင်းလင်းနိုင်သည့်အတွက် ထိခိုက်ဆုံးရှုံးမှုှုလုံးဝမရှိခဲ့သော်လည်း အနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို တပ်မတော်မှဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း အထက်ပါ ရဲအရာရှိထံမှ သိရှိရသည်။
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ကိုအောင်အောင်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~