ေက်ာက္မဲၿမိိဳ႕နယ္အတြင္း ဗံုးခဲြခံရသည့္ ရထားလမ္းမွ ခရီးစဥ္မဖ်က္ရန္ အျမန္ျပင္ဆင္ေန

ေက်ာက္မဲၿမိိဳ႕နယ္အတြင္း ဗံုးခဲြခံရသည့္ ရထားလမ္းမွ ခရီးစဥ္မဖ်က္ရန္ အျမန္ျပင္ဆင္ေန
ဇူလိုင် 2, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ စခန္းသာေက်းရြာႏွင့္ ေနာင္ပိန္ေက်းရြာအၾကားရွိ မီးရထားသံလမ္းအား ဇူလိုင္လ(၂)ရက္ နံနက္ပိုင္းက ဗံုးခြဲခံရၿပီး ရထားသံလမ္းကြန္ကရစ္ ဇလီဖားတံုးပ်က္စီးသြားသျဖင့္ မႏၱေလး-လားရိႈး ခရီးစဥ္မ်ားပံုမွန္ေျပးဆြဲရန္ အျမန္ျပင္ဆင္ေနေၾကာင္း သိရသည္။

“ဒီမနက္ အေစာပိုင္းေပါ့။ အခ်ိန္ေတာ့ အတိအက်မသိဘူး။ သံလမ္းကို မိုင္းေထာင္ခံရတယ္။ ဇလီဖားတံုးတစ္ခုပဲ ပ်က္စီးတယ္။ သံလမ္းကေတာ့ (၆)လက္မေလာက္ ၾကြတက္သြားတယ္။ ခရီးစဥ္ကေတာ့ ပ်က္စရာ ေျပာင္းစရာ မရွိဘူး။ ဘာလို႔ဆို ရထားေတြက ေဝးေသးတယ္ေလ။ စခန္းသာနဲ႔ ေနာင္ပိန္အၾကားဆိုေတာ့ မႏၱေလးဘက္ကတက္လာမယ့္ ရထားလည္း လိုေသးတယ္။ လားရိႈးကဆင္းမယ့္ရထားလည္း အခုထိ ေက်ာက္မဲေတာင္ မေရာက္ေသးဘူးဆိုေတာ့ ျပင္ဆင္ခ်ိန္ရွိတယ္။ ျပန္ျပင္ေနၿပီလို႔ သိရတယ္”ဟု ျမန္မာ့မီးရထား မႏၱေလး-လားရိႈး ခရီးစဥ္မွ စက္ဗိုလ္ ဦးေအာင္သိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ နံနက္ (၁၀)နာရီခန္႔တြင္ ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ စခန္းသာေက်းရြာႏွင့္ ေနာင္ပိန္ေက်းရြာအၾကားတြင္ ရထားသံလမ္းအား မိုင္းခြဲခံရျခင္းျဖစ္ၿပီး မည္သည့္အဖြဲ႕အစည္းက လုပ္ေဆာင္သည္ကို မသိရေသးေၾကာင္း သိရသည္။

“ေနာင္ပိန္နဲ႔ဆိုရင္ေတာ့ ေက်ာက္မဲဘက္ကို ခန္႔မွန္းေျခ(၃)မိုင္ေလာက္ပဲ ကြာတယ္ခင္ဗ်။ ေနာင္ပိန္နဲ႔ စခန္းသာ ၾကားက ပင္တိန္ေက်းရြာနားေလာက္မွာ မိုင္းကြဲတာပါ။ သို႔ေလာသို႔ေလာပဲ သတင္းကၾကားပါတယ္။ ဟိုအဖြဲ႔ ဒီအဖြဲ႔ ကလုပ္တယ္လို႔ေတာ့ မေျပာရဲဘူးခင္ဗ်။ တခ်ိဳ႕ေတာ့ သြားၾကည့့္ခဲ့ၾကတာ အရမ္းမပ်က္စီးဘူးလို႔ ေျပာပါတယ္”ဟု ေနာင္ပိန္ေက်းရြာတြင္ ေနထိုင္သူ ကိုအိုက္ေနာင့္က ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္ နယ္နိမိတ္အတြင္းျဖစ္ပြားခဲ့ျခင္းျဖစ္ေသာ္လည္း ေက်ာက္မဲၿမိဳ႕နယ္ရဲစခန္းသို႔ ဖုန္းျဖင့္ ဆက္သြယ္စံုစမ္းရာတြင္ ရထားသံလမ္းမိုင္းခြဲခံရမႈအား မၾကားသိရေသးေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် စခန်းသာကျေးရွာနှင့် နောင်ပိန်ကျေးရွာအကြားရှိ မီးရထားသံလမ်းအား ဇူလိုင်လ(၂)ရက် နံနက်ပိုင်းက ဗုံးခွဲခံရပြီး ရထားသံလမ်းကွန်ကရစ် ဇလီဖားတုံးပျက်စီးသွားသဖြင့် မန္တလေး-လားရှိုး ခရီးစဉ်များပုံမှန်ပြေးဆွဲရန် အမြန်ပြင်ဆင်နေကြောင်း သိရသည်။

“ဒီမနက် အစောပိုင်းပေါ့။ အချိန်တော့ အတိအကျမသိဘူး။ သံလမ်းကို မိုင်းထောင်ခံရတယ်။ ဇလီဖားတုံးတစ်ခုပဲ ပျက်စီးတယ်။ သံလမ်းကတော့ (၆)လက်မလောက် ကြွတက်သွားတယ်။ ခရီးစဉ်ကတော့ ပျက်စရာ ပြောင်းစရာ မရှိဘူး။ ဘာလို့ဆို ရထားတွေက ဝေးသေးတယ်လေ။ စခန်းသာနဲ့ နောင်ပိန်အကြားဆိုတော့ မန္တလေးဘက်ကတက်လာမယ့် ရထားလည်း လိုသေးတယ်။ လားရှိုးကဆင်းမယ့်ရထားလည်း အခုထိ ကျောက်မဲတောင် မရောက်သေးဘူးဆိုတော့ ပြင်ဆင်ချိန်ရှိတယ်။ ပြန်ပြင်နပြေီလို့ သိရတယ်”ဟု မြန်မာ့မီးရထား မန္တလေး-လားရှိုး ခရီးစဉ်မှ စက်ဗိုလ် ဦးအောင်သိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ နံနက် (၁၀)နာရီခန့်တွင် ပြောသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ စခန်းသာကျေးရွာနှင့် နောင်ပိန်ကျေးရွာအကြားတွင် ရထားသံလမ်းအား မိုင်းခွဲခံရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို မသိရသေးကြောင်း သိရသည်။

“နောင်ပိန်နဲ့ဆိုရင်တော့ ကျောက်မဲဘက်ကို ခန့်မှန်းခြေ(၃)မိုင်လောက်ပဲ ကွာတယ်ခင်ဗျ။ နောင်ပိန်နဲ့ စခန်းသာ ကြားက ပင်တိန်ကျေးရွာနားလောက်မှာ မိုင်းကွဲတာပါ။ သို့လောသို့လောပဲ သတင်းကကြားပါတယ်။ ဟိုအဖွဲ့ ဒီအဖွဲ့ ကလုပ်တယ်လို့တော့ မပြောရဲဘူးခင်ဗျ။ တချို့တော့ သွားကြည့်ခဲ့ကြတာ အရမ်းမပျက်စီးဘူးလို့ ပြောပါတယ်”ဟု နောင်ပိန်ကျေးရွာတွင် နေထိုင်သူ ကိုအိုက်နောင့်က ပြောသည်။

ကျောက်မဲမြို့နယ် နယ်နိမိတ်အတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း ကျောက်မဲမြို့နယ်ရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်စုံစမ်းရာတွင် ရထားသံလမ်းမိုင်းခွဲခံရမှုအား မကြားသိရသေးကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~