ေက်ာက္မဲႏွင့္ မုိင္ ၅၀ခန္႔အကြာတြင္ အမ်ိဳးသားတစ္ဦး ဝက္ဝံကုတ္ခံရ၍ မႏၱေလးျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားရ

ေက်ာက္မဲႏွင့္ မုိင္ ၅၀ခန္႔အကြာတြင္ အမ်ိဳးသားတစ္ဦး ဝက္ဝံကုတ္ခံရ၍ မႏၱေလးျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားရ
ဇူလိုင် 15, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ရွိ ေကာ္ေပါင္ေက်းရြာမွ ေက်းရြာသားတစ္ဦး ဇူလိုင္လ(၁၄) ရက္ေန႔ ေန႔လယ္ပိုင္းက ေတာင္ယာရွင္းရန္ ေတာထဲသို႔သြားစဥ္ ဝက္ဝံကုတ္ခံရသျဖင့္ မႏၱေလးၿမိဳ႕ ျပည္သူ႔ေဆးရံုႀကီးသို႔ ပို႔ေဆာင္ကုသမႈ ခံယူေနရေၾကာင္း သိရသည္။

“ေတာင္ယာရွင္းဖို႔ရာ အတြက္ ေတာထဲကိုသြားရင္း လမ္းတစ္ေနရာက ဝါးရံုတစ္ခုမွာမွ်စ္ေတြေတြ႔တာနဲ႔ သူက မွ်စ္တူးမယ္ဆိုၿပီး ဝင္လိုက္တာ။ မွ်စ္ေတြကိုစားေနတဲ့ ဝက္ဝံေပါက္စေလးက လန္႔ၿပီးေအာ္တယ္။ အဲဒီမွာ ဝက္ဝံအႀကီး တစ္ေကာင္ေရာက္လာၿပီး သူ႔ကိုကုတ္ျခစ္တဲ့အတြက္ သူ႔မွာပါတဲ့ မွ်စ္တူးဓားနဲ႔ ျပန္ခုခံၿပီး ရြာကို ထြက္ေျပးရတယ္။ အဲဒီကမွ ေက်ာက္မဲေဆးရံုကိုေရာက္လာတာ။ အဲဒီကမွ ျပင္ဦးလြင္ေဆးရံု ၿပီးမွ မႏၱေလး ေဆးရံုကိုပို႔ထားတာျဖစ္ပါတယ္ “ဟု လူနာအားလိုက္လံကူညီေပးေနသည့္ ေက်ာက္မဲၿမိဳ႕ ဇီဝိတ လူမႈကူညီေရးအသင္းမွ ကိုေစာမင္းၾကဴက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဝက္ဝံကုတ္ခံရသူမွာ ေက်ာက္မဲၿမိဳ႕မွ မုိင္(၅၀)ခန္႔အကြာ ျပင္ဦးလြင္ - မိုးကုတ္ကားလမ္းအနီး ေကာ္ေပါင္ေက်းရြာမွ ျဖစ္ေၾကာင္း သိရသည္။

ဝက္ဝံကုတ္သျဖင့္ မ်က္ႏွာအေရျပားမ်ား စုတ္ၿပဲျခင္း၊ ခႏၶာကိုယ္တြင္ ပြန္းပဲ့ဒဏ္ရာအခ်ိဳ႕ရရိွျခင္း ရိွေသာ္လည္း သက္အႏၱရာယ္မစိုးရိမ္ရေတာ့ေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓာတ္ပံု - ေစာမင္းၾကဴ (ဇီဝိတ-ေက်ာက္မဲ)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်ရှိ ကော်ပေါင်ကျေးရွာမှ ကျေးရွာသားတစ်ဦး ဇူလိုင်လ(၁၄) ရက်နေ့ နေ့လယ်ပိုင်းက တောင်ယာရှင်းရန် တောထဲသို့သွားစဉ် ဝက်ဝံကုတ်ခံရသဖြင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှု ခံယူနေရကြောင်း သိရသည်။

“တောင်ယာရှင်းဖို့ရာ အတွက် တောထဲကိုသွားရင်း လမ်းတစ်နေရာက ဝါးရုံတစ်ခုမှာမျှစ်တွေတွေ့တာနဲ့ သူက မျှစ်တူးမယ်ဆိုပြီး ဝင်လိုက်တာ။ မျှစ်တွေကိုစားနေတဲ့ ဝက်ဝံပေါက်စလေးက လန့်ပြီးအော်တယ်။ အဲဒီမှာ ဝက်ဝံအကြီး တစ်ကောင်ရောက်လာပြီး သူ့ကိုကုတ်ခြစ်တဲ့အတွက် သူ့မှာပါတဲ့ မျှစ်တူးဓားနဲ့ ပြန်ခုခံပြီး ရွာကို ထွက်ပြေးရတယ်။ အဲဒီကမှ ကျောက်မဲဆေးရုံကိုရောက်လာတာ။ အဲဒီကမှ ပြင်ဦးလွင်ဆေးရုံ ပြီးမှ မန္တလေး ဆေးရုံကိုပို့ထားတာဖြစ်ပါတယ် “ဟု လူနာအားလိုက်လံကူညီပေးနေသည့် ကျောက်မဲမြို့ ဇီဝိတ လူမှုကူညီရေးအသင်းမှ ကိုစောမင်းကြူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝက်ဝံကုတ်ခံရသူမှာ ကျောက်မဲမြို့မှ မိုင်(၅၀)ခန့်အကွာ ပြင်ဦးလွင် - မိုးကုတ်ကားလမ်းအနီး ကော်ပေါင်ကျေးရွာမှ ဖြစ်ကြောင်း သိရသည်။

ဝက်ဝံကုတ်သဖြင့် မျက်နှာအရပြေားများ စုတ်ပြဲခြင်း၊ ခန္ဓာကိုယ်တွင် ပွန်းပဲ့ဒဏ်ရာအချို့ရရှိခြင်း ရှိသော်လည်း သက်အန္တရာယ်မစိုးရိမ်ရတော့ကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - စောမင်းကြူ (ဇီဝိတ-ကျောက်မဲ)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~