ယာဥ္ေက်ာ္တက္ရန္ ညာဘက္အခ်က္ျပမီး အသံုးျပဳေရး ေတာင္ႀကီးၿမိဳ႕တြင္ ပညာေပး

ယာဥ္ေက်ာ္တက္ရန္ ညာဘက္အခ်က္ျပမီး အသံုးျပဳေရး ေတာင္ႀကီးၿမိဳ႕တြင္ ပညာေပး
ဇူလိုင် 11, 2017
By Tachileik News Agency

ယာဥ္ေက်ာ္တက္ႏုိင္ေၾကာင္း ညာဘက္အခ်က္ျပမီးအသံုးျပဳရန္ ပညာေပးလုပ္ေဆာင္မႈကို ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ဇူလိုင္လ (၁၁)ရက္ေန႔က က်င္းပရာ သက္ဆိုင္ရာတာဝန္ရိွသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအပါအဝင္ စုစုေပါင္းအင္အား (၄၀)ခန္႔ တက္ေရာက္ၾကေၾကာင္း သိရသည္။

“ယာဥ္ေက်ာ္တက္တဲ့ေနရာမွာ အခ်က္ျပမီး မွန္ကန္စြာအသံုးျပဳဖို႔ကို လက္ရွိျဖစ္ေပၚေနတာက အျမန္လမ္းေတြမွာ ဘယ္ဘက္အခ်က္ျပမီးကို အသံုးျပဳျပီးေတာ့ ယာဥ္ေတြကို ေက်ာ္တက္ခိုင္းတယ္။ ဒီလို မွားယြင္းစြာအသံုးျပဳေနတာေတြကို ေတြ႕ရတယ္။ ဒါေတြကို မွန္ကန္စြာေျပာင္းလဲပစ္ဖို႔ ဥပေဒမွာပါတဲ့ အတိုင္းရယ္၊ နိုင္ငံတကာမွာက်င့္သံုးေနတဲ့ လမ္းနဲ႔ပတ္သက္တဲ့ ဥပေဒဆိုင္ရာအတိုင္းရယ္ မွန္ကန္ဖို႔ အတြက္ကို ပညာေပး လုပ္ေဆာင္တာျဖစ္ပါတယ္”ဟု အမွတ္(၁၈)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲမွဴးရံုး (ေတာင္ႀကီး) မွ ရဲမွဴး မ်ဳိးေဇာ္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယာဥ္ေက်ာ္တက္ရန္ ညာဘက္အခ်က္ျပမီးအားအသံုးျပဳမႈကို စက္တင္ဘာလ (၁) ရက္ေန႔မွစၿပီး တစ္ႏုိင္ငံလံုးအတိုင္းအတာျဖင့္ ေခ်ာေမြ႕စြာ ေျပာင္းလဲက်င့္သံုးနိုင္ေစေရးအတြက္ အသိပညာေပးမႈမ်ား၊ စစ္ေဆးၾကပ္မတ္မႈမ်ား က်ယ္က်ယ္ျပန္႕ျပန္႕ ေဆာင္ရြက္ေနၿပီး ပညာေပးကာလအျဖစ္ကို ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ (၃၁) ရက္ေန႔အထိ သတ္မွတ္ထားေၾကာင္း သိရသည္။

“ယာဥ္ေက်ာ္တက္တာနဲ႔ ပတ္သက္ရင္ေတာ့ ပညာေပးတာက ဒါပထမဆံုးအႀကိမ္ျပဳလုပ္တာ ျဖစ္ပါတယ္။ တျခားပညာေပးတာေတြကေတာ့ အပတ္စဥ္တိုင္း လုပ္ေနပါတယ္။ ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွာရွိတဲ႕ ခရိုင္(၃)ခုလံုးမွာ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ေဆာင္သြားမွာပါ။ ပညာေပးအတိုင္းအတာေတြၿပီးသြားလို႕ အခ်က္ျပမီးမွားလို႔ ယာဥ္တိုက္မႈေတြျဖစ္သြားရင္ ေမာ္ေတာ္ယာဥ္ ဥပေဒအရ အေရးယူသြားမွာပါ” ဟု အမွတ္(၁၈)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲမွဴးရံုး (ေတာင္ႀကီး) မွ ရဲမွဴး မ်ဳိးေဇာ္ေအာင္က ေျပာသည္။

ျမန္မာနိုင္ငံရဲတပ္ဖြဲ႕၊ ယာဥ္ထိန္းရဲတပ္ဖြဲ႕၊ အမွတ္(၁၈)ယာဥ္ထိန္းရဲဒုတပ္ဖြဲ႕ခြဲမွဴးရံုး (ေတာင္ႀကီး) မွ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း အသိပညာေပးလုပ္ေဆာင္မႈမ်ားကို၂၀၁၇ ခုႏွစ္အတြင္း (၁၄၈) ႀကိမ္ျပဳလုပ္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ယာဉ်ကျော်တက်နိုင်ကြောင်း ညာဘက်အချက်ပြမီးအသုံးပြုရန် ပညာပေးလုပ်ဆောင်မှုကို ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် ဇူလိုင်လ (၁၁)ရက်နေ့က ကျင်းပရာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအပါအဝင် စုစုပေါင်းအင်အား (၄၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။

“ယာဉ်ကျော်တက်တဲ့နေရာမှာ အချက်ပြမီး မှန်ကန်စွာအသုံးပြုဖို့ကို လက်ရှိဖြစ်ပေါ်နေတာက အမြန်လမ်းတွေမှာ ဘယ်ဘက်အချက်ပြမီးကို အသုံးပြုပြီးတော့ ယာဉ်တွေကို ကျော်တက်ခိုင်းတယ်။ ဒီလို မှားယွင်းစွာအသုံးပြုနေတာတွေကို တွေ့ရတယ်။ ဒါတွေကို မှန်ကန်စွာပြောင်းလဲပစ်ဖို့ ဥပဒေမှာပါတဲ့ အတိုင်းရယ်၊ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ လမ်းနဲ့ပတ်သက်တဲ့ ဥပဒေဆိုင်ရာအတိုင်းရယ် မှန်ကန်ဖို့ အတွက်ကို ပညာပေး လုပ်ဆောင်တာဖြစ်ပါတယ်”ဟု အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (တောင်ကြီး) မှ ရဲမှူး မျိုးဇော်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယာဉ်ကျော်တက်ရန် ညာဘက်အချက်ပြမီးအားအသုံးပြုမှုကို စက်တင်ဘာလ (၁) ရက်နေ့မှစပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ချောမွေ့စွာ ပြောင်းလဲကျင့်သုံးနိုင်စေရေးအတွက် အသိပညာပေးမှုများ၊ စစ်ဆေးကြပ်မတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နပြေီး ပညာပေးကာလအဖြစ်ကို ၂၀၁၇ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။

“ယာဉ်ကျော်တက်တာနဲ့ ပတ်သက်ရင်တော့ ပညာပေးတာက ဒါပထမဆုံးအကြိမ်ပြုလုပ်တာ ဖြစ်ပါတယ်။ တခြားပညာပေးတာတွေကတော့ အပတ်စဉ်တိုင်း လုပ်နေပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှာရှိတဲ့ ခရိုင်(၃)ခုလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမှာပါ။ ပညာပေးအတိုင်းအတာတွပြေီးသွားလို့ အချက်ပြမီးမှားလို့ ယာဉ်တိုက်မှုတွဖြေစ်သွားရင် မော်တော်ယာဉ် ဥပဒေအရ အရေးယူသွားမှာပါ” ဟု အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (တောင်ကြီး) မှ ရဲမှူး မျိုးဇော်အောင်က ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမှတ်(၁၈)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (တောင်ကြီး) မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ဆောင်မှုများကို၂၀၁၇ ခုနှစ်အတွင်း (၁၄၈) ကြိမ်ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~