မႏၱေလးမွ လားရိႈးသို႔ ထြက္ခြာလာသည့္ ျမန္မာ့မီးရထားတစ္စီး ေက်ာက္မဲၿမိဳ႕နယ္အတြင္းလမ္းေခ်ာ္

မႏၱေလးမွ လားရိႈးသို႔ ထြက္ခြာလာသည့္ ျမန္မာ့မီးရထားတစ္စီး ေက်ာက္မဲၿမိဳ႕နယ္အတြင္းလမ္းေခ်ာ္
ဇူလိုင် 22, 2017
By Tachileik News Agency

မႏၱေလးမွ လားရိႈးသို႔ ဇူလိုင္လ (၂၂)ရက္ နံနက္ပိုင္းက ထြက္ခြာလာသည့္ လူစီးတြဲ(၅)တြဲပါ ရထားတစ္စီး ေက်ာက္မဲၿမိဳ႕နယ္ စခန္းသာေက်းရြာ အနီးတြင္ လမ္းေခ်ာ္မႈျဖစ္ပြားေနၿပီး ထိခိုက္ဒ ဏ္ရာ ရရွိ/ပ်က္စီးမႈ မရိွေၾကာင္း ေက်ာက္မဲဘူတာရံု ဒုတိယရံုပိုင္ထံမွ သိရသည္။

“ အခု စက္ေခါင္းနဲ႔ လူစီးတြဲတစ္တြဲကို ေက်ာက္မဲဘူတာက စက္ကိရိယာေတြ လူေတြနဲ႔အတူ ရထားတြဲက်တဲ့ေနရာကို ျပန္သြားၿပီး အတြဲေတြ ေက်ာက္မဲကိုသယ္လာဖို႔လုပ္ေနပါတယ္။ လူစီးတြဲ (၅)တြဲ၊ ကုန္တြဲ(၁)တြဲ၊ စက္ေခါင္းတြဲ(၁)တြဲ စုစုေပါင္း(၇)တြဲပါလာတယ္။ (၃) တြဲက်ေနခဲ့တယ္။ စက္ေခါင္းတြဲနဲ႔ လူစီးတစ္တြဲ သြားေနတယ္။ ေက်ာက္မဲဘူတာမွာ ေလာေလာဆယ္ လူစီးတြဲ(၂)တြဲ လာပို႔ထားတယ္”ဟု ေက်ာက္မဲဘူတာရံုမွ ဒုတိယရံုပိုင္ ဦးစိုင္းလွမ်ိဳးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇူလိုင္လ(၂၂)ရက္ ည(၇)နာရီဝန္းက်င္တြင္ ေျပာသည္။

စုစုေပါင္း အတြဲ(၇)တြဲ ပါဝင္သည့္ မႏၱေလး-လားရိႈး ခရီးစဥ္ ျမန္မာ့မီးရထားမွာ မႏၱေလးမွ ပံုမွန္အတိုင္းထြက္ခြာ လာၿပီး ေက်ာက္မဲဘူတာသို႔ ပံုမွန္ဆိုက္ေရာက္ခ်ိန္မွာ မြန္းလြဲ(၁)နာရီျဖစ္ေၾကာင္း သိရသည္။

“ရထားကေတာ့ မႏၱေလး-လားရိႈးရထားပါ။ ေက်ာက္မဲၿမိဳ႕နယ္ထဲက စခန္းသာေက်းရြာနဲ႔ ေက်ာက္မဲၿမိဳ႕အၾကားမွာ လမ္းေခ်ာ္ေနတာပါ။ လူစီးတြဲ(၂)တြဲနဲ႔ ကုန္တြဲ(၁)တြဲ စုစုေပါင္း (၃)တြဲ လမ္းေခ်ာ္ေနတာျဖစ္ပါတယ္။ မိုးေရေၾကာင့္ လမ္းေခ်ာ္ေနတာပါ။ လူနဲ႔တစ္ျခားအရာေတြ ပ်က္စီးထိခိုက္မႈမရွိခဲ့ပါဘူး။ က်ေနတဲ့အတြဲေတြကို သြားဆြဲေနပါၿပီ “ဟု ဒုတိယရံုပိုင္ ဦးစိုင္းလွမ်ိဳးက ေျပာသည္။

၂၀၁၅ ခုႏွစ္ ေဖေဖၚဝါရီလ(၁၂) ရက္က လားရိႈးမွ မႏၱေလးသို႔ ေမာင္းႏွင္လာသည့္ ျမန္မာ့မီးရထားတစ္စီး ေက်ာက္မဲၿမိဳ႕ မုန္လာၿခံေက်းရြာအတြင္း စက္ေခါင္းတြဲျပဳတ္၍ တိမ္းေမွာက္ခဲ့ဖူးေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးမှ လားရှိုးသို့ ဇူလိုင်လ (၂၂)ရက် နံနက်ပိုင်းက ထွက်ခွာလာသည့် လူစီးတွဲ(၅)တွဲပါ ရထားတစ်စီး ကျောက်မဲမြို့နယ် စခန်းသာကျေးရွာ အနီးတွင် လမ်းချော်မှုဖြစ်ပွားနပြေီး ထိခိုက်ဒ ဏ်ရာ ရရှိ/ပျက်စီးမှု မရှိကြောင်း ကျောက်မဲဘူတာရုံ ဒုတိယရုံပိုင်ထံမှ သိရသည်။

“ အခု စက်ခေါင်းနဲ့ လူစီးတွဲတစ်တွဲကို ကျောက်မဲဘူတာက စက်ကိရိယာတွေ လူတွေနဲ့အတူ ရထားတွဲကျတဲ့နေရာကို ပြန်သွားပြီး အတွဲတွေ ကျောက်မဲကိုသယ်လာဖို့လုပ်နေပါတယ်။ လူစီးတွဲ (၅)တွဲ၊ ကုန်တွဲ(၁)တွဲ၊ စက်ခေါင်းတွဲ(၁)တွဲ စုစုပေါင်း(၇)တွဲပါလာတယ်။ (၃) တွဲကျနေခဲ့တယ်။ စက်ခေါင်းတွဲနဲ့ လူစီးတစ်တွဲ သွားနေတယ်။ ကျောက်မဲဘူတာမှာ လောလောဆယ် လူစီးတွဲ(၂)တွဲ လာပို့ထားတယ်”ဟု ကျောက်မဲဘူတာရုံမှ ဒုတိယရုံပိုင် ဦးစိုင်းလှမျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂၂)ရက် ည(၇)နာရီဝန်းကျင်တွင် ပြောသည်။

စုစုပေါင်း အတွဲ(၇)တွဲ ပါဝင်သည့် မန္တလေး-လားရှိုး ခရီးစဉ် မြန်မာ့မီးရထားမှာ မန္တလေးမှ ပုံမှန်အတိုင်းထွက်ခွာ လာပြီး ကျောက်မဲဘူတာသို့ ပုံမှန်ဆိုက်ရောက်ချိန်မှာ မွန်းလွဲ(၁)နာရီဖြစ်ကြောင်း သိရသည်။

“ရထားကတော့ မန္တလေး-လားရှိုးရထားပါ။ ကျောက်မဲမြို့နယ်ထဲက စခန်းသာကျေးရွာနဲ့ ကျောက်မဲမြို့အကြားမှာ လမ်းချော်နေတာပါ။ လူစီးတွဲ(၂)တွဲနဲ့ ကုန်တွဲ(၁)တွဲ စုစုပေါင်း (၃)တွဲ လမ်းချော်နေတာဖြစ်ပါတယ်။ မိုးရေကြောင့် လမ်းချော်နေတာပါ။ လူနဲ့တစ်ခြားအရာတွေ ပျက်စီးထိခိုက်မှုမရှိခဲ့ပါဘူး။ ကျနေတဲ့အတွဲတွေကို သွားဆွဲနေပါပြီ “ဟု ဒုတိယရုံပိုင် ဦးစိုင်းလှမျိုးက ပြောသည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ(၁၂) ရက်က လားရှိုးမှ မန္တလေးသို့ မောင်းနှင်လာသည့် မြန်မာ့မီးရထားတစ်စီး ကျောက်မဲမြို့ မုန်လာခြံကျေးရွာအတွင်း စက်ခေါင်းတွဲပြုတ်၍ တိမ်းမှောက်ခဲ့ဖူးကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~