မိုင္းပါလွ်ဳိး - က်ဳိင္းလပ္သြားလမ္းေပၚ ေရတိုက္စားမႈေၾကာင့္ တံတားတစ္စင္း ၿပိဳက်ပ်က္စီး၊ ယာဥ္သြားယာဥ္လာမ်ား သြားလာႏိုင္ရန္ အျမန္ဆံုး ေဆာင္ရြက္ေန

မိုင္းပါလွ်ဳိး - က်ဳိင္းလပ္သြားလမ္းေပၚ ေရတိုက္စားမႈေၾကာင့္ တံတားတစ္စင္း ၿပိဳက်ပ်က္စီး၊ ယာဥ္သြားယာဥ္လာမ်ား သြားလာႏိုင္ရန္ အျမန္ဆံုး ေဆာင္ရြက္ေန
ဇူလိုင် 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ က်ဳိင္းလပ္ၿမိဳ႕၊ မိုင္းပါလွ်ဳိးေက်းရြာအုပ္စု၊ ၀မ္လန္းရြာအနီးရွိ မိုင္းပါလွ်ဳိး - က်ဳိင္းလပ္သြားလမ္းေပၚ မိုင္တိုင္ (၃၄)ႏွင့္(၃၅)အၾကား ၀မ္လန္းေက်းရြာတြင္ ေပ(၂၀)အရွည္ရွိ လက္ရန္းပါကြန္ကရစ္တံတားသည္ မိုးသည္းထန္စြာ ရြာသြန္း၍ ေတာင္က်ေရတိုက္စားမႈေၾကာင့္ ဇူလိုင္လ(၉)ရက္ေန႔  နံနက္(၅)နာရီခြဲ၀န္းက်င္အခ်ိန္က ၿပိဳက်ပ်က္စီးသြားေၾကာင္း သိရသည္။

အဆိုပါ ေနရာသို႔ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ လမ္းဦးစီးဌာနမွ တာ၀န္ရွိသူမ်ားက သြားေရာက္ၾကည့္ရႈစစ္ေဆးေၾကာင္း သိရသည္။

ေရတိုက္စားမႈေၾကာင့္ ၿပိဳက်ပ်က္စီးသြားသည့္ ၀မ္လန္းရြာအ၀င္တံတား၌ ႏွစ္ဖက္ကမ္းကပ္ခံုမ်ား ေနရာတြင္ သဲ/ေက်ာက္ျဖည့္ျခင္း လုပ္ငန္းမ်ားအား နံနက္(၉)နာရီအခ်ိန္က စ၍ သက္ဆိုင္ရာဌာနမ်ားႏွင့္ တာ၀န္ရွိသူမ်ားက ေဆာင္ရြက္ေနေၾကာင္းႏွင့္ ယာဥ္သြားလာမႈမ်ား ျပဳလုပ္ႏိုင္ရန္ ယေန႔အၿပီး ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ ဝမ်လန်းရွာအနီးရှိ မိုင်းပါလျှိုး - ကျိုင်းလပ်သွားလမ်းပေါ် မိုင်တိုင် (၃၄)နှင့်(၃၅)အကြား ဝမ်လန်းကျေးရွာတွင် ပေ(၂၀)အရှည်ရှိ လက်ရန်းပါကွန်ကရစ်တံတားသည် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေတိုက်စားမှုကြောင့် ဇူလိုင်လ(၉)ရက်နေ့ နံနက်(၅)နာရီခွဲဝန်းကျင်အချိန်က ပြိုကျပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ နေရာသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးသွားသည့် ဝမ်လန်းရွာအဝင်တံတား၌ နှစ်ဖက်ကမ်းကပ်ခုံများ နေရာတွင် သဲ/ကျောက်ဖြည့်ခြင်း လုပ်ငန်းများအား နံနက်(၉)နာရီအချိန်က စ၍ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများက ဆောင်ရွက်နေကြောင်းနှင့် ယာဉ်သွားလာမှုများ ပြုလုပ်နိုင်ရန် ယနေ့အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~