မိုင္းဆတ္ၿမိဳ႕ေပၚ စာသင္ေက်ာင္းမ်ားရွိ မုန္႔ဆုိင္မ်ားအား ၀င္ေရာက္စစ္ေဆး

မိုင္းဆတ္ၿမိဳ႕ေပၚ စာသင္ေက်ာင္းမ်ားရွိ မုန္႔ဆုိင္မ်ားအား ၀င္ေရာက္စစ္ေဆး
ဇူလိုင် 17, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ခရိုင္၊ မိုင္းဆတ္ၿမိဳ႕ေပၚရွိ အေျခခံပညာစာသင္ေက်ာင္းမ်ား၌ ဖြင့္လွစ္ထားရွိသည့္ ေက်ာင္းတြင္း မုန္႔ေစ်းဆိုင္မ်ားတြင္ ေရာင္းခ်ေနလ်က္ရွိေသာ အစားအစာမ်ားမွ က်န္းမားေရးႏွင့္ညီညြတ္မႈရိွ/မရိွ၊ သန္႔ရွင္းလတ္ဆတ္မႈရိွ/မရိွႏွင့္ ပိတ္ပင္တားျမစ္ထားေသာ မုန္႔မ်ားေရာင္းခ်ျခင္း ရိွ/မရိွကို ဇူလိုင္လ(၁၇)ရက္ေန႔ နံနက္(၁၀)နာရီအခ်ိန္က လိုက္လံစစ္ေဆးေၾကာင္း သိရသည္။

မိုင္းဆတ္ခရိုင္၊ ဒုတိယခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္းႏွင့္ မိုင္းဆတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သူလိႈင္ ဦးေဆာင္ေသာ ၿမိဳ႕နယ္အစားအေသာက္ႀကီးၾကပ္ေရးေကာ္မတီႏွင့္ ေက်ာင္းက်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းဆိုင္ရာႀကီးၾကပ္မႈ ေကာ္မတီ၀င္မ်ားက ၿမိဳ႕ေပၚအေျခခံပညာေက်ာင္းေစ်းဆိုင္မ်ားရိွ သက္တမ္းလြန္မုန္႔၊ ဆိုးေဆးပါေသာ အခ်ဳိရည္ႏွင့္ သန္႔ရွင္းလတ္ဆတ္မႈ မရိွေသာ အစားအစာမ်ားကို ခ်က္ခ်င္းသိမ္းဆည္းရန္ႏွင့္ ေနာက္ေနာင္ မေရာင္းခ်ရန္ အသိပညာေပး ရွင္းလင္းေျပာၾကားခဲ့ၿပီး လိုက္နာျခင္းမရိွေသာ ေစ်းဆိုင္မ်ားအား ေက်ာင္းေစ်းေရာင္းခြင့္ပိတ္သိမ္း သည္အထိ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ဒီေန႔ အေျခခံပညာေက်ာင္းေစ်းဆိုင္ေတြမွာ သက္တမ္္းလြန္ မုန္႔၊ ဆိုးေဆးပါတဲ့ အခ်ဳိရည္နဲ႔ တားျမစ္ထားတဲ့ တ႐ုတ္မုန္႔ေတြ ေရာင္းခ်ေနတာကို စစ္ေဆးေတြ႔ရိွတဲ့အတြက္ ဒါေတြကို ခ်က္ခ်င္းသိမ္းဆည္းဖို႔နဲ႔ ေနာက္ေနာင္ မေရာင္းခ်ဖို႔ အသိပညာေပးေျပာၾကားခဲ့ပါတယ္။ ေနာက္ႏွစ္လၾကာရင္ ထပ္စစ္ေဆးပါ့မယ္၊ လိုက္နာ ျခင္းမရိွတဲ့ ေစ်းဆိုင္ေတြကို ေက်ာင္းေစ်းေရာင္းခြင့္ ပိတ္သိမ္းသည္အထိ အေရးယူသြားဖို႔ရိွပါတယ္"ဟု မိုင္းဆတ္ခရိုင္မွ ဒုတိယခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္းက ေျပာသည္။

 ေက်ာင္းသားႏွင့္စာသင္ခန္း၊ ေရအိမ္လုံေလာက္မႈ ရိွ/မရိွ တို႔ကို ဒုတိယခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးႏွင့္အဖဲြ႔မွ စစ္ေဆးၿပီး လိုအပ္သည္မ်ား ေပါင္းစပ္ညိႇွႏိႈင္းေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်းများ၌ ဖွင့်လှစ်ထားရှိသည့် ကျောင်းတွင်း မုန့်ဈေးဆိုင်များတွင် ရောင်းချနေလျက်ရှိသော အစားအစာများမှ ကျန်းမားရေးနှင့်ညီညွတ်မှုရှိ/မရှိ၊ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိနှင့် ပိတ်ပင်တားမြစ်ထားသော မုန့်များရောင်းချခြင်း ရှိ/မရှိကို ဇူလိုင်လ(၁၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်က လိုက်လံစစ်ဆေးကြောင်း သိရသည်။

မိုင်းဆတ်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင် ဦးဆောင်သော မြို့နယ်အစားအသောက်ကြီးကြပ်ရေးကော်မတီနှင့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းဆိုင်ရာကြီးကြပ်မှု ကော်မတီဝင်များက မြို့ပေါ်အခြေခံပညာကျောင်းဈေးဆိုင်များရှိ သက်တမ်းလွန်မုန့်၊ ဆိုးဆေးပါသော အချိုရည်နှင့် သန့်ရှင်းလတ်ဆတ်မှု မရှိသော အစားအစာများကို ချက်ချင်းသိမ်းဆည်းရန်နှင့် နောက်နောင် မရောင်းချရန် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး လိုက်နာခြင်းမရှိသော ဈေးဆိုင်များအား ကျောင်းဈေးရောင်းခွင့်ပိတ်သိမ်း သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီနေ့ အခြေခံပညာကျောင်းဈေးဆိုင်တွေမှာ သက်တမ်းလွန် မုန့်၊ ဆိုးဆေးပါတဲ့ အချိုရည်နဲ့ တားမြစ်ထားတဲ့ တရုတ်မုန့်တွေ ရောင်းချနေတာကို စစ်ဆေးတွေ့ရှိတဲ့အတွက် ဒါတွေကို ချက်ချင်းသိမ်းဆည်းဖို့နဲ့ နောက်နောင် မရောင်းချဖို့ အသိပညာပေးပြောကြားခဲ့ပါတယ်။ နောက်နှစ်လကြာရင် ထပ်စစ်ဆေးပါ့မယ်၊ လိုက်နာ ခြင်းမရှိတဲ့ ဈေးဆိုင်တွေကို ကျောင်းဈေးရောင်းခွင့် ပိတ်သိမ်းသည်အထိ အရေးယူသွားဖို့ရှိပါတယ်"ဟု မိုင်းဆတ်ခရိုင်မှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

 ကျောင်းသားနှင့်စာသင်ခန်း၊ ရေအိမ်လုံလောက်မှု ရှိ/မရှိ တို့ကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~