စားသံုးသူအခြင့္အေရး ခ်ိဳးေဖာက္ခံရမႈမ်ား လက္ခံေျဖရွင္းေပးမည့္စင္တာ က်ိဳင္းတံုတြင္ ဖြင့္လွစ္

စားသံုးသူအခြင့္အေရး ခ်ိဳးေဖာက္ခံရမႈမ်ား လက္ခံေျဖရွင္းေပးမည့္စင္တာ က်ိဳင္းတံုတြင္ ဖြင့္လွစ္
ဇူလိုင် 7, 2017
By Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ စားသုံးသူမ်ားအား သတင္းအခ်က္အလက္မ်ား ျပန္ၾကား ႏိုင္ရန္ႏွင့္ တိုင္တန္းမႈမ်ားကို ေျဖရွင္းေပးႏိုင္ရန္အတြက္ ခရိုင္ စားသုံးသူသတင္း ျပန္ၾကားေရးနွင့္ တိုင္ၾကားမႈလက္ခံေဆာင္ရြက္ေရး စင္တာကို ဇူလိုင္လ ပထမပတ္မွ စတင္ကာ ဖြင့္လွစ္ထားရိွေၾကာင္း သိရသည္။

"အဓိကကေတာ့ ဒီစင္တာက စားသုံးသူေတြထံ သတင္းေတြကို ျပန္ၾကားေပးရမွာ ျဖစ္ပါတယ္။ FDAက ထုတ္ျပန္လိုက္တဲ့ စားသုံးရန္မသင့္တာေတြကို အမ်ားျပည္သူသိေအာင္ လုပ္ေပးတာတို ့ အကယ္၍ ေဒသအတြင္းမွာ အစားအေသာက္နဲ ့ ပတ္သက္ၿပီး ေကာလာဟလေတြထြက္ေနရင္လည္း အဲဒီကိစၥေတြကို မွန္ရင္ မွန္တယ္။ ဒါမွမဟုတ္ မွားရင္၊မွားတယ္ ဒါမ်ိဳးသတင္းျပန္ၾကားေပးမွာျဖစ္ပါတယ္။ ၿပီးရင္ စားသုံးသူေတြ အေနနဲ ့ နစ္နာဆုံးရံႈးမႈေတြ ျဖစ္လာခဲ့မယ္ဆိုရင္လည္း ဒီစင္တာမွာ လာၿပီး တိုင္ၾကားႏိုင္ပါတယ္"ဟု ခရိုင္ စားသုံးသူသတင္း ျပန္ၾကားေရးနွင့္ တိုင္ၾကားမႈလက္ခံေဆာင္ရြက္ေရး စင္တာမွ စစ္ေဆးေရးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ခရိုင္စားသုံးသူသတင္း ျပန္ၾကားေရးနွင့္ တိုင္ၾကားမႈလက္ခံေဆာင္ရြက္ေရးစင္တာကို စားသုံးသူေရးရာ ဦးစီးဌာန ဒုတိယျပည္နယ္ ဦးစီးမွဴး ရုံး၀န္းအတြင္း၌ ဖြင့္လွစ္ထားရိွျခင္းျဖစ္ၿပီး အစားအေသာက္မ်ား၊ အလွကုန္ပစၥည္းမ်ားႏွင့္ လူသုံးကုန္ပစၥည္းမ်ားႏွင့္ ပတ္သက္၍ အမ်ားျပည္သူ သိရိွရန္လိုအပ္သည့္ သတင္းအခ်က္အလက္မ်ားကို သတင္းဌာနမ်ားမွ ျဖစ္ေစ၊ ၿမိဳ ့တြင္းတြင္ ဆိုင္းဘုတ္မ်ားေထာင္၍ အသိေပးျခင္းျဖစ္ေစ အသိေပးမႈမ်ားကို အဆိုပါစင္တာက လုပ္ေဆာင္သြားမည္ျဖစ္ၿပီး စားသုံးသူမ်ားဖက္မွ ၄င္းတို ့၏ နစ္နာဆုံးရံႈးမႈမ်ားကို တိုင္ၾကားလာပါက ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပေစရန္ သက္ဆိုင္ရာ ဌာနမ်ားႏွင့္ ေပါင္းစပ္ညွိႏိႈ္င္း၍ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဒီစင္တာ တစ္ခုတိုးလာတဲ့အတြက္ စားသုံးသူေတြရဲ႕ နစ္နာဆုံးရံႈးမႈေတြကို တိုင္ၾကားဖို ့ ဌာနတစ္ခု ပိုတုိးလာတာေပါ့။ ဘာလို ့လဲဆိုေတာ့ လက္ရိွမွာက ခရိုင္စားသုံးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ ့ လက္ေအာက္မွာလည္း ခရိုင္စားသုံးသူ တိုင္ၾကားမႈ လက္ခံေဆာင္ရြက္ေရး ေကာ္မတီဆိုတာရိွတယ္။ အခုဖြင့္လိုက္တဲ့ စင္တာကေတာ့ စားသုံးသူေရးရာ ဦးစီးဌာနရဲ ့ လက္ေအာက္မွာ ရိွတာေပါ့။ ဒါေၾကာင့္ ႏွစ္ေနရာစလုံးမွာ တိုင္ၾကားလို ့ရပါတယ္"ဟု ဦးသန္းစိုးက ေျပာသည္။

ခရိုင္စားသုံးသူသတင္း ျပန္ၾကားေရးနွင့္ တိုင္ၾကားမႈလက္ခံေဆာင္ရြက္ေရး စင္တာမ်ားကို ခရိုင္အဆင့္ ရိွသည့္ ၿမိဳ ့မ်ားတြင္ ဖြင့္လွစ္ႏုိင္ရန္ ေဆာင္ရြက္ေနၿပီး က်ိဳင္းတုံၿမိဳ႕တြင္ ၀န္ထမ္းအင္အား(၄)ဦးျဖင့္ ေဆာင္ရြက္လ်က္ရိွေၾကာင္းသိရသည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် စားသုံးသူများအား သတင်းအချက်အလက်များ ပြန်ကြား နိုင်ရန်နှင့် တိုင်တန်းမှုများကို ဖြေရှင်းပေးနိုင်ရန်အတွက် ခရိုင် စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာကို ဇူလိုင်လ ပထမပတ်မှ စတင်ကာ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

"အဓိကကတော့ ဒီစင်တာက စားသုံးသူတွေထံ သတင်းတွေကို ပြန်ကြားပေးရမှာ ဖြစ်ပါတယ်။ FDAက ထုတ်ပြန်လိုက်တဲ့ စားသုံးရန်မသင့်တာတွေကို အများပြည်သူသိအောင် လုပ်ပေးတာတို့ အကယ်၍ ဒေသအတွင်းမှာ အစားအသောက်နဲ့ ပတ်သက်ပြီး ကောလာဟလတွေထွက်နေရင်လည်း အဲဒီကိစ္စတွေကို မှန်ရင် မှန်တယ်။ ဒါမှမဟုတ် မှားရင်၊မှားတယ် ဒါမျိုးသတင်းပြန်ကြားပေးမှာဖြစ်ပါတယ်။ ပြီးရင် စားသုံးသူတွေ အနေနဲ့ နစ်နာဆုံးရှုံးမှုတွေ ဖြစ်လာခဲ့မယ်ဆိုရင်လည်း ဒီစင်တာမှာ လာပြီး တိုင်ကြားနိုင်ပါတယ်"ဟု ခရိုင် စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာမှ စစ်ဆေးရေးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခရိုင်စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာကို စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူး ရုံးဝန်းအတွင်း၌ ဖွင့်လှစ်ထားရှိခြင်းဖြစ်ပြီး အစားအသောက်များ၊ အလှကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ အများပြည်သူ သိရှိရန်လိုအပ်သည့် သတင်းအချက်အလက်များကို သတင်းဌာနများမှ ဖြစ်စေ၊ မြို့တွင်းတွင် ဆိုင်းဘုတ်များထောင်၍ အသိပေးခြင်းဖြစ်စေ အသိပေးမှုများကို အဆိုပါစင်တာက လုပ်ဆောင်သွားမည်ဖြစ်ပြီး စားသုံးသူများဖက်မှ ၄င်းတို့၏ နစ်နာဆုံးရှုံးမှုများကို တိုင်ကြားလာပါက နှစ်ဦးနှစ်ဖက် အဆင်ပြေစေရန် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှို်င်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီစင်တာ တစ်ခုတိုးလာတဲ့အတွက် စားသုံးသူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို တိုင်ကြားဖို့ ဌာနတစ်ခု ပိုတိုးလာတာပေါ့။ ဘာလို့လဲဆိုတော့ လက်ရှိမှာက ခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ လက်အောက်မှာလည်း ခရိုင်စားသုံးသူ တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး ကော်မတီဆိုတာရှိတယ်။ အခုဖွင့်လိုက်တဲ့ စင်တာကတော့ စားသုံးသူရေးရာ ဦးစီးဌာနရဲ့ လက်အောက်မှာ ရှိတာပေါ့။ ဒါကြောင့် နှစ်နေရာစလုံးမှာ တိုင်ကြားလို့ရပါတယ်"ဟု ဦးသန်းစိုးက ပြောသည်။

ခရိုင်စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာများကို ခရိုင်အဆင့် ရှိသည့် မြို့များတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နပြေီး ကျိုင်းတုံမြို့တွင် ဝန်ထမ်းအင်အား(၄)ဦးဖြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~