Update News

ေတာင္ႀကီးတြင္ ေျမပဲဆီ၊ ႏွမ္းဆီအတု ထုတ္လုပ္သည့္လုပ္ငန္းအား စစ္ေဆးေတြ႔ရွိသျဖင့္ ေစ်းကြက္မွ ျပန္သိမ္းရန္ ညႊန္ၾကားထား


ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕၌ ပဲဆီ၊ႏွမ္းဆီအတု ထုတ္လုပ္သည့္လုပ္ငန္းအား ဇူလိုင္လ (၁၁) ရက္ေန႔က စစ္ေဆးေတြ႔ရွိသျဖင့္ ေစ်းကြက္ျဖန္႔ထားသည့္ စားသံုးဆီမ်ားအား ဇူလုိင္လကုန္တြင္ အၿပီး သိမ္းဆည္းရန္ ညႊန္ၾကားထားၿပီး အေရးယူႏုိင္ရန္ ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

“အထူးသျဖင့္ကေတာ့ ဝါဆီမွာ ေျမပဲအနံ႔ထည့္ၿပီးေတာ့ တျခားဆီနဲ႕ ေရာစပ္ၿပီး လုပ္ေနတာကို ေတြ႕ရတယ္။ ဒါေတြကို စားသံုးရင္ လူေတြအတြက္ ေဘးထြက္ ဆိုးက်ဳိးေတြျဖစ္ေစတယ္။ သူတို႔ျဖန္႔ေဝထားတဲ့ ဆီေတြကိုလည္း ေစ်းကြက္ကေန ဒီလ (၃၁) ရက္ေန႔အေရာက္ ျပန္လည္ရုပ္သိမ္းဖို႔ ေျပာျပ ထားၿပီးပါၿပီ။ ထုတ္လုပ္ေရာင္းခ်တဲ့သူကိုလည္း ဥပေဒအတိုင္း အေရးယူသြားမယ္။ အခုေလာေလာ ဆယ္မွာေတာ့ ေကာ္မတီရဲ႕ ဆံုးျဖတ္ခ်က္အရ ထုတ္လုပ္ေရာင္းခ်သူကို ထပ္မံမျပဳလုပ္နိုင္ေအာင္ ထိန္းခ်ဳပ္ေဆာင္ရြက္ထားပါတယ္” ဟု စားသံုးသူေရးရာဦးစီးဌာန လက္ေထာက္ညြန္ၾကားေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သတင္းေပး တိုင္ၾကားခ်က္အရ အဆိုပါလုပ္ငန္းေနရာအား ရွမ္းျပည္နယ္ စားသံုးသူေရးရာဦးစီးဌာန၊ ထုတ္ကုန္လံုျခံဳစိတ္ခ်ရမႈဆိုင္ရာ လုပ္ငန္းေကာ္မတီအဖြဲ႕၀င္မ်ားနွင့္ သက္ဆိုင္သည့္ဌာနဆိုင္ရာမ်ားက ဇူလိုင္လ (၁၁)ရက္ေန႔တြင္ သြားေရာက္စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

“အမည္မေဖာ္လိုသူတစ္ေယာက္ရဲ႕ သတင္းေပးတိုင္ၾကားခ်က္ေၾကာင့္ ကၽြန္ေတာ္တို႔ စစ္ေဆး ေတြ႕ရွိခဲ့တာပါ။ ကၽြန္ေတာ္တို႔ဌာနရဲ႕ ထုတ္ကုန္လံုျခံဳမႈဆိုင္ရာလုပ္ငန္းေကာ္မတီနဲ႔ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမွဴးေတြ သြားတဲ့အခါမွာ ပထမသတင္းေပးပို႔တဲ့ေနရာမွာ ဆီဝါေတြလုပ္ေနတဲ့သူေတြက မရွိေတာ့ဘူး။ ေျပာင္းေရႊ႕သြားၿပီ။ သတင္းေပးခ်က္အရ ေနာက္တျခားေနရာမွာ ျပန္သြားၾကည့္ေတာ့ ေတြ႕ခဲ့တယ္။ သူတို႔ထုတ္လုပ္ေနတာကလည္း တရား၀င္မွတ္ပံုတင္ထားတဲ့ အမွတ္တံဆိပ္လည္း မဟုတ္ဘူး။ ပဲဆီ၊ ႏွမ္းဆီလို႔သာ ေရးထားေပမယ့္လည္း တကယ္တမ္းစစ္ၾကည့္ေတာ့ အမွန္မဟုတ္တာကို ေတြ႕ရွိခဲ့ပါတယ္” ဟု စားသံုးသူေရးရာဦးစီးဌာန လက္ေထာက္ညြန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။


အဆိုပါ စားသံုးဆီထုတ္လုပ္ေနသည့္လုပ္ငန္းသည္ စားသံုးဆီမ်ားကို ေရာေႏွာျခင္း၊ က်ိဳခ်က္ျပဳျပင္ျခင္း၊ ျဖန္႔ျဖဴးျခင္းမ်ား လုပ္ေဆာင္ေနသည္ဟု သတင္းေပးတုိင္ၾကားခ်က္အရ သြားေရာက္စစ္ေဆးရာ ၀ါဆီ( ၁၂၃) ပိႆာ၊စားအုန္းဆီ( ၉၉၂ ) ပိႆာ၊ ေျမပဲဆီ (၂၀၀) ပိႆာ၊ နွမ္းဆီ (၉၈) ပိႆာ၊တရုတ္စာတန္းပါ ေျမပဲဆီအနံ႔(၇၀) စီစီခန႔္တို႔အား စစ္ေဆးေတြ႔ရျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို
ဓာတ္ပံု - ေတာင္ႀကီး စားသံုးသူေရးရာဦးစီးဌာန







~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၌ ပဲဆီ၊နှမ်းဆီအတု ထုတ်လုပ်သည့်လုပ်ငန်းအား ဇူလိုင်လ (၁၁) ရက်နေ့က စစ်ဆေးတွေ့ရှိသဖြင့် ဈေးကွက်ဖြန့်ထားသည့် စားသုံးဆီများအား ဇူလိုင်လကုန်တွင် အပြီး သိမ်းဆည်းရန် ညွှန်ကြားထားပြီး အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

“အထူးသဖြင့်ကတော့ ဝါဆီမှာ မြေပဲအနံ့ထည့်ပြီးတော့ တခြားဆီနဲ့ ရောစပ်ပြီး လုပ်နေတာကို တွေ့ရတယ်။ ဒါတွေကို စားသုံးရင် လူတွေအတွက် ဘေးထွက် ဆိုးကျိုးတွဖြေစ်စေတယ်။ သူတို့ဖြန့်ဝေထားတဲ့ ဆီတွေကိုလည်း ဈေးကွက်ကနေ ဒီလ (၃၁) ရက်နေ့အရောက် ပြန်လည်ရုပ်သိမ်းဖို့ ပြောပြ ထားပြီးပါပြီ။ ထုတ်လုပ်ရောင်းချတဲ့သူကိုလည်း ဥပဒေအတိုင်း အရေးယူသွားမယ်။ အခုလောလော ဆယ်မှာတော့ ကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ထုတ်လုပ်ရောင်းချသူကို ထပ်မံမပြုလုပ်နိုင်အောင် ထိန်းချုပ်ဆောင်ရွက်ထားပါတယ်” ဟု စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သတင်းပေး တိုင်ကြားချက်အရ အဆိုပါလုပ်ငန်းနေရာအား ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်သည့်ဌာနဆိုင်ရာများက ဇူလိုင်လ (၁၁)ရက်နေ့တွင် သွားရောက်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

“အမည်မဖော်လိုသူတစ်ယောက်ရဲ့ သတင်းပေးတိုင်ကြားချက်ကြောင့် ကျွန်တော်တို့ စစ်ဆေး တွေ့ရှိခဲ့တာပါ။ ကျွန်တော်တို့ဌာနရဲ့ ထုတ်ကုန်လုံခြုံမှုဆိုင်ရာလုပ်ငန်းကော်မတီနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေ သွားတဲ့အခါမှာ ပထမသတင်းပေးပို့တဲ့နေရာမှာ ဆီဝါတွေလုပ်နေတဲ့သူတွေက မရှိတော့ဘူး။ ပြောင်းရွှေ့သွားပြီ။ သတင်းပေးချက်အရ နောက်တခြားနေရာမှာ ပြန်သွားကြည့်တော့ တွေ့ခဲ့တယ်။ သူတို့ထုတ်လုပ်နေတာကလည်း တရားဝင်မှတ်ပုံတင်ထားတဲ့ အမှတ်တံဆိပ်လည်း မဟုတ်ဘူး။ ပဲဆီ၊ နှမ်းဆီလို့သာ ရေးထားပေမယ့်လည်း တကယ်တမ်းစစ်ကြည့်တော့ အမှန်မဟုတ်တာကို တွေ့ရှိခဲ့ပါတယ်” ဟု စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။


အဆိုပါ စားသုံးဆီထုတ်လုပ်နေသည့်လုပ်ငန်းသည် စားသုံးဆီများကို ရောနှောခြင်း၊ ကျိုချက်ပြုပြင်ခြင်း၊ ဖြန့်ဖြူးခြင်းများ လုပ်ဆောင်နေသည်ဟု သတင်းပေးတိုင်ကြားချက်အရ သွားရောက်စစ်ဆေးရာ ဝါဆီ( ၁၂၃) ပိဿါ၊စားအုန်းဆီ( ၉၉၂ ) ပိဿါ၊ မြေပဲဆီ (၂၀၀) ပိဿါ၊ နှမ်းဆီ (၉၈) ပိဿါ၊တရုတ်စာတန်းပါ မြေပဲဆီအနံ့(၇၀) စီစီခန့်တို့အား စစ်ဆေးတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို
ဓာတ်ပုံ - တောင်ကြီး စားသုံးသူရေးရာဦးစီးဌာန  
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::