ေတာင္ႀကီး စဝ္စံထြန္းေစ်းအတြင္း ထမင္းဆိုင္ ႏွစ္ဆိုင္မွ အမ်ိဳးသမီးႏွစ္ဦး ရန္ျဖစ္ရာက တစ္ဦးဓားထိုးခံရ၍ အမႈဖြင့္ထား

ေတာင္ႀကီး စဝ္စံထြန္းေစ်းအတြင္း ထမင္းဆိုင္ ႏွစ္ဆိုင္မွ အမ်ိဳးသမီးႏွစ္ဦး ရန္ျဖစ္ရာက တစ္ဦးဓားထိုးခံရ၍ အမႈဖြင့္ထား
ဇူလိုင် 15, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ရွိ စဝ္စံထြန္းေစ်းအတြင္း ထမင္းဆိုင္ႏွစ္ဆိုင္မွ အမ်ိဳးသမီးႏွစ္ဦး ဇူလုိင္လ (၁၄)ရက္ေန႔က ရန္ျဖစ္ရာမွ ေရေႏြးျဖင့္ပက္၊ ဓားျဖင့္ထုိးခံရသျဖင့္ ဒဏ္ရာရသြားသူအား စဝ္စံထြန္းေဆးရံုတြင္ တင္ပို႔ထားၿပီး ဓားျဖင့္ထိုးသူကို ေတာင္ႀကီးနယ္ေျမရဲစခန္းတြင္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

စဝ္စံထြန္းေစ်း အတြင္းရိွ လိႈင္ထက္ထမင္းဆိုင္ပိုင္ရွင္၏ ညီမျဖစ္သူ မႏုႏုလြင္ႏွင့္ အဆိုပါ ဆိုင္ႏွင့္ မ်က္ေစာင္းထိုးရိွ မခိုင္ထမင္းဆိုင္မွ မခိုင္ခိုင္ေမာ္တို႔ ဇူလုိင္လ (၁၄)ရက္ေန႔ ညေန (၄)နာရီအခ်ိန္ခန္႔က လံုးေထြးေနသည္ကို မႏုႏုလြင္၏ အစ္မျဖစ္သူ မႏြယ္ႏြယ္ျမင့္က ေတြ႔ရသျဖင့္ သြားေရာက္ ဖ်န္ေျဖရာ မခိုင္ခိုင္ေမာ္က အရိုးအသြား(၈)လက္မခန္႔ရိွ ဓားတစ္ေခ်ာင္းကိုင္ထားၿပီး လံုးေထြးရန္ျဖစ္ေနသည္ကို ေတြ႕ရေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပခ်က္အရ သိရသည္။

ယင္းေနာက္ မႏြယ္ႏြယ္ျမင့္က ေတာင္းပန္ရာ မခိုင္ခိုင္ေမာ္က ရန္မျဖစ္ေတာ့ဘဲ ေစ်းအျပင္ ထြက္သြားၿပီးေနာက္ မႏုႏုလြင္တြင္ ဓားျဖင့္ ထိုးသြင္းဒဏ္ရာမ်ားရထားသည္ကို ေတြ႔ရသျဖင့္ ေတာင္ႀကီးနယ္ေျမရဲစခန္းသို႔ သြားေရာက္ တုိင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေတာင္ႀကီးနယ္ေျမရဲစခန္းတြင္ (ပ)၆၃/၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္ထားၿပီး မခိုင္ခိုင္ေမာ္ (မမိ)အား စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ စဝ်စံထွန်းဈေးအတွင်း ထမင်းဆိုင်နှစ်ဆိုင်မှ အမျိုးသမီးနှစ်ဦး ဇူလိုင်လ (၁၄)ရက်နေ့က ရန်ဖြစ်ရာမှ ရေနွေးဖြင့်ပက်၊ ဓားဖြင့်ထိုးခံရသဖြင့် ဒဏ်ရာရသွားသူအား စဝ်စံထွန်းဆေးရုံတွင် တင်ပို့ထားပြီး ဓားဖြင့်ထိုးသူကို တောင်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

စဝ်စံထွန်းဈေး အတွင်းရှိ လှိုင်ထက်ထမင်းဆိုင်ပိုင်ရှင်၏ ညီမဖြစ်သူ မနုနုလွင်နှင့် အဆိုပါ ဆိုင်နှင့် မျက်စောင်းထိုးရှိ မခိုင်ထမင်းဆိုင်မှ မခိုင်ခိုင်မော်တို့ ဇူလိုင်လ (၁၄)ရက်နေ့ ညနေ (၄)နာရီအချိန်ခန့်က လုံးထွေးနေသည်ကို မနုနုလွင်၏ အစ်မဖြစ်သူ မနွယ်နွယ်မြင့်က တွေ့ရသဖြင့် သွားရောက် ဖျန်ဖြေရာ မခိုင်ခိုင်မော်က အရိုးအသွား(၈)လက်မခန့်ရှိ ဓားတစ်ချောင်းကိုင်ထားပြီး လုံးထွေးရန်ဖြစ်နေသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

ယင်းနောက် မနွယ်နွယ်မြင့်က တောင်းပန်ရာ မခိုင်ခိုင်မော်က ရန်မဖြစ်တော့ဘဲ ဈေးအပြင် ထွက်သွားပြီးနောက် မနုနုလွင်တွင် ဓားဖြင့် ထိုးသွင်းဒဏ်ရာများရထားသည်ကို တွေ့ရသဖြင့် တောင်ကြီးနယ်မြေရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ကြီးနယ်မြေရဲစခန်းတွင် (ပ)၆၃/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားပြီး မခိုင်ခိုင်မော် (မမိ)အား စစ်ဆေးနေကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~