တာခ်ီလိတ္ - က်ဳိင္းတံုလမ္း ယန္းခအနီး တပ္မေတာ္ယာဥ္တန္းမွ ကားတစ္စီးေခ်ာက္ထဲက်

တာခ်ီလိတ္ - က်ဳိင္းတံုလမ္း ယန္းခအနီး တပ္မေတာ္ယာဥ္တန္းမွ ကားတစ္စီးေခ်ာက္ထဲက်
ဇူလိုင် 13, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ - က်ဳိင္းတံု ျဖတ္သန္းသြားသည့္ တပ္မေတာ္ယာဥ္တန္းမွ ကားတစ္စီး ယန္းခေက်းရြာအနီးရွိ ေခ်ာက္ထဲသို႔ ဇူလိုင္လ(၁၃)ရက္ နံနက္ပိုင္းတြင္ ထိုးက်သြားရာ ဒဏ္ရာရသြားသည့္ တပ္မေတာ္သား(၆)ဦးအား က်ိဳင္းတံုၿမိဳ႕ စစ္ေဆးရံုသို႔ ပို႔ေဆာင္ထားရေၾကာင္း သိရသည္။

"ဒီမနက္(၁၁)နာရီဝန္းက်င္ေလာက္မွာ ျဖစ္တာပါ။ စစ္ယာဥ္တန္းတစ္ခုက ကားတစ္စီး လမ္းနံေဘး ေခ်ာက္ထဲကို ထိုးက်တိမ္းေမွာက္တာ ဒဏ္ရာရတဲ့သူ(၆)ဦးကို က်ိဳင္းတံု စစ္ေဆးရံုကိုပို႔ေဆာင္ထားပါတယ္။ အနီးကပ္ကူညီမႈေတြ လုပ္ခြင့္မရတဲ့အတြက္ ဘယ္စစ္တပ္ကဆိုတာ မသိရပါဘူး။ လူနာေတြကေတာ့ စိုးရိမ္ရတဲ့အေျခအေန မရွိပါဘူး"ဟု ယာဥ္တိမ္းေမွာက္ရာေနရာသို႔ သြားေရာက္ကူညီေပးခဲ့သည့္ လူမႈကူညီေရးအသင္းသားတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားရာသို႔ လာေရာက္ကူညီသူမ်ားမွာ တိမ္းေမွာက္သည့္ယာဥ္အနီးသို႔ သြားေရာက္ခြင့္မရိွဘဲ ဒဏ္ရာရသူမ်ားကို ေဆးရံုသို႔ ပို႔ေဆာင္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
ေခ်ာက္ထဲထိုးက်သြားသည့္ကားမွာ ပက္လက္လန္သြားၿပီး ကားေပၚတြင္ လိုက္ပါလာသည့္ လူဦးေရကိုမူ လူမႈကူညီေရးအသင္းမ်ားက အတည္မျပဳႏုိင္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် - ကျိုင်းတုံ ဖြတ်သန်းသွားသည့် တပ်မတော်ယာဉ်တန်းမှ ကားတစ်စီး ယန်းခကျေးရွာအနီးရှိ ချောက်ထဲသို့ ဇူလိုင်လ(၁၃)ရက် နံနက်ပိုင်းတွင် ထိုးကျသွားရာ ဒဏ်ရာရသွားသည့် တပ်မတော်သား(၆)ဦးအား ကျိုင်းတုံမြို့ စစ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

"ဒီမနက်(၁၁)နာရီဝန်းကျင်လောက်မှာ ဖြစ်တာပါ။ စစ်ယာဉ်တန်းတစ်ခုက ကားတစ်စီး လမ်းနံဘေး ချောက်ထဲကို ထိုးကျတိမ်းမှောက်တာ ဒဏ်ရာရတဲ့သူ(၆)ဦးကို ကျိုင်းတုံ စစ်ဆေးရုံကိုပို့ဆောင်ထားပါတယ်။ အနီးကပ်ကူညီမှုတွေ လုပ်ခွင့်မရတဲ့အတွက် ဘယ်စစ်တပ်ကဆိုတာ မသိရပါဘူး။ လူနာတွေကတော့ စိုးရိမ်ရတဲ့အခြေအနေ မရှိပါဘူး"ဟု ယာဉ်တိမ်းမှောက်ရာနေရာသို့ သွားရောက်ကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်းသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ လာရောက်ကူညီသူများမှာ တိမ်းမှောက်သည့်ယာဉ်အနီးသို့ သွားရောက်ခွင့်မရှိဘဲ ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ချောက်ထဲထိုးကျသွားသည့်ကားမှာ ပက်လက်လန်သွားပြီး ကားပေါ်တွင် လိုက်ပါလာသည့် လူဦးရေကိုမူ လူမှုကူညီရေးအသင်းများက အတည်မပြုနိုင်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~