မတရားအသင္းဆက္သြယ္မႈျဖင့္ အမႈဖြင့္ခံထားရသည့္ သတင္းေထာက္ (၃)ဦးအား သီေပါတြင္ ပထမဆံုး ရံုးထုတ္

မတရားအသင္းဆက္သြယ္မႈျဖင့္ အမႈဖြင့္ခံထားရသည့္ သတင္းေထာက္ (၃)ဦးအား သီေပါတြင္ ပထမဆံုး ရံုးထုတ္
ဇူလိုင် 7, 2017
By Tachileik News Agency

မတရားအသင္းအဖြဲ႕မ်ားနွင့္ဆက္သြယ္မႈပုဒ္မ ၁၇/၁ ျဖင့္ တပ္မေတာ္က တရားစြဲဆိုထားသည့္ သတင္းေထာက္ (၃)ဦး အား ဇူလိုင္လ (၁၁)ရက္ေန႔တြင္ ရံုးထုတ္မည္ဟု သတင္းမ်ားထြက္ခဲ့ေသာ္လည္း ဇူလိုင္လ (၇)ရက္ေန႔တြင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္တရားရံုး၌ အမႈစြဲတင္ရန္ ပထမဆံုး ရံုးထုတ္ေၾကာင္း သိရသည္။

“ဇူလိုင္(၁၁)ရက္ေန႔မွာ ရံုးထုတ္မယ္လို႔ ကနဦး သတင္းေတြထြက္ခဲ့ေပမယ့္ ဒီေန႔ မနက္ပိုင္းမွာ အမႈစြဲတင္ဖို႔ ရံုးထုတ္လိုက္တာ ျဖစ္ပါတယ္။ ၾကားနာစစ္ေဆးမႈကိုေတာ့ ရမန္ႀကီးႏွစ္ပတ္ ထပ္ယူထားတာျဖစ္တဲ့အတြက္ ဇူလိုင္(၂၁) ရက္ေန႔မွာ ျပဳလုပ္မွာျဖစ္ပါတယ္။ သတင္းေထာက္(၃)ေယာက္နဲ႔ အရပ္သား(၃)ေယာက္ စုစုေပါင္း (၆) ေယာက္ကို ဒီမနက္မွာ အမႈ စြဲတင္တာျဖစ္ပါတယ္”ဟု သီေပါၿမိဳ႕မရဲတပ္ဖြဲ႔မွ ဒုရဲမွဴးသိန္းေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သတင္းေထာက္ (၃)ဦးအား သီေပါတရားရံုး၌ ဇူလိုင္လ (၇)ရက္ေန႔က အမႈစြဲတင္ျခင္းျပဳလုပ္ခဲ့ၿပီး ဇူလိုင္လ(၂၁)ရက္ေန႔တြင္ ထပ္မံ ရံုးထုတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

TNLA ၏ မူးယစ္ေဆးတိုက္ဖ်က္ေရး သတင္းသြားယူၿပီး ျပန္လာသည့္ သတင္းေထာက္ (၃)ဦးအား ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ဆန္ၿမိဳ႕နယ္ ဘုရားႀကီးေက်းရြာအနီး နမ့္ဆန္-သီေပါကားလမ္းေပၚတြင္ ကားတစ္စီးထဲ လိုက္ပါလာသည့္ အျခားသူ (၄)ဦးႏွင့္အတူ ဇြန္လ(၂၆) ရက္ေန႔၌ တပ္မေတာ္က ဖမ္းဆီးထိန္းသိမ္းခဲ့ျခင္း ျဖစ္သည္။

ဖမ္းဆီးခံရသူ (၇)ဦးအနက္ ဘုန္းေတာ္ႀကီးအား လႊတ္ေပးခဲ့ကာ က်န္ (၆)ဦးအား တရားစြဲဆိုျခင္းျဖစ္ၿပီး ယင္းတို႔အနက္ သတင္းေထာက္(၃)ဦးအား သီေပါၿမိဳ႕ အက်ဥ္းေထာင္တြင္ ဇြန္လ (၂၈)ရက္ေန႔က လႊဲေျပာင္း ထိန္းသိမ္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သတင္းေထာက္(၃)ဦးႏွင့္ အရပ္သား(၃) ဦး တို႔ကို ဇြန္လ(၂၈)ရက္ ေန႔လယ္ပိုင္းတြင္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) သီေပါၿမိဳ႕မရဲစခန္း၌ အမႈဖြင့္လက္ခံ၍ သီေပါၿမိဳ႕အက်ဥ္းေထာင္သို႔ ပို႔ထားခဲ့ျခင္းျဖစ္ၿပီး ဇူလိုင္လ (၂) ရက္ေန႔တြင္ အမႈတြဲအား နမ့္ဆန္ၿမိဳ႕မရဲစခန္းသို႔ လႊဲေျပာင္း/လက္ခံမႈျပဳလုပ္ထားေၾကာင္း သီေပါၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ထံမွ သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

မတရားအသင်းအဖွဲ့များနှင့်ဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် တပ်မတော်က တရားစွဲဆိုထားသည့် သတင်းထောက် (၃)ဦး အား ဇူလိုင်လ (၁၁)ရက်နေ့တွင် ရုံးထုတ်မည်ဟု သတင်းများထွက်ခဲ့သော်လည်း ဇူလိုင်လ (၇)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်တရားရုံး၌ အမှုစွဲတင်ရန် ပထမဆုံး ရုံးထုတ်ကြောင်း သိရသည်။

“ဇူလိုင်(၁၁)ရက်နေ့မှာ ရုံးထုတ်မယ်လို့ ကနဦး သတင်းတွေထွက်ခဲ့ပေမယ့် ဒီနေ့ မနက်ပိုင်းမှာ အမှုစွဲတင်ဖို့ ရုံးထုတ်လိုက်တာ ဖြစ်ပါတယ်။ ကြားနာစစ်ဆေးမှုကိုတော့ ရမန်ကြီးနှစ်ပတ် ထပ်ယူထားတာဖြစ်တဲ့အတွက် ဇူလိုင်(၂၁) ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။ သတင်းထောက်(၃)ယောက်နဲ့ အရပ်သား(၃)ယောက် စုစုပေါင်း (၆) ယောက်ကို ဒီမနက်မှာ အမှု စွဲတင်တာဖြစ်ပါတယ်”ဟု သီပေါမြို့မရဲတပ်ဖွဲ့မှ ဒုရဲမှူးသိန်းဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သတင်းထောက် (၃)ဦးအား သီပေါတရားရုံး၌ ဇူလိုင်လ (၇)ရက်နေ့က အမှုစွဲတင်ခြင်းပြုလုပ်ခဲ့ပြီး ဇူလိုင်လ(၂၁)ရက်နေ့တွင် ထပ်မံ ရုံးထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

TNLA၏ မူးယစ်ဆေးတိုက်ဖျက်ရေး သတင်းသွားယူပြီး ပြန်လာသည့် သတင်းထောက် (၃)ဦးအား ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာအနီး နမ့်ဆန်-သီပေါကားလမ်းပေါ်တွင် ကားတစ်စီးထဲ လိုက်ပါလာသည့် အခြားသူ (၄)ဦးနှင့်အတူ ဇွန်လ(၂၆) ရက်နေ့၌ တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ (၇)ဦးအနက် ဘုန်းတော်ကြီးအား လွှတ်ပေးခဲ့ကာ ကျန် (၆)ဦးအား တရားစွဲဆိုခြင်းဖြစ်ပြီး ယင်းတို့အနက် သတင်းထောက်(၃)ဦးအား သီပေါမြို့ အကျဉ်းထောင်တွင် ဇွန်လ (၂၈)ရက်နေ့က လွှဲပြောင်း ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းထောက်(၃)ဦးနှင့် အရပ်သား(၃) ဦး တို့ကို ဇွန်လ(၂၈)ရက် နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့မရဲစခန်း၌ အမှုဖွင့်လက်ခံ၍ သီပေါမြို့အကျဉ်းထောင်သို့ ပို့ထားခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ (၂) ရက်နေ့တွင် အမှုတွဲအား နမ့်ဆန်မြို့မရဲစခန်းသို့ လွှဲပြောင်း/လက်ခံမှုပြုလုပ်ထားကြောင်း သီပေါမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~