သီေပါတြင္ နယ္ေျမလွည့္ကင္းအဖြဲ႕၏ အစစ္ေဆးမခံဘဲ ထြက္ေျပးသူအား ေသနတ္ပစ္ေဖာက္ေျခာက္လွန္႔ဖမ္းဆီး

သီေပါတြင္ နယ္ေျမလွည့္ကင္းအဖြဲ႕၏ အစစ္ေဆးမခံဘဲ ထြက္ေျပးသူအား ေသနတ္ပစ္ေဖာက္ေျခာက္လွန္႔ဖမ္းဆီး
ဇူလိုင် 11, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕၊ ၿမိဳ႕မရဲစခန္းႏွင့္ (၅)ဖာလံုခန္႔အကြာတြင္ ဇူလိုင္လ (၁၁) ရက္ေန႔ ည (၉)နာရီ(၁၅)မိနစ္ခန္႔က နယ္ေျမလွည့္ကင္းအဖြဲ႔မွ တားဆီးစစ္ေဆးသည္ကို အစစ္ေဆးမခံဘဲ ထြက္ေျပးသူအား ေသနတ္ပစ္ေဖာက္ ေျခာက္လွန္႔ဖမ္းဆီးလိုက္ေၾကာင္း သိရသည္။

“နယ္ေျမလွည့္ကင္းအဖြဲ႔က တားဆီးစစ္ေဆးတာကို အစစ္ေဆးမခံဘဲ ထြက္ေျပးတဲ့အတြက္ ေသနတ္ ပစ္ေဖာက္ ေျခာက္လွန္႔ဖမ္းဆီးရတယ္လို႔ ကနဦးသိရပါတယ္။ ၿမိဳ႕အတြင္းမွာေတာ့ ဘာမွမျဖစ္ပါဘူး။ ရဲစခန္းကို လာပစ္တာလည္း မဟုတ္ပါဘူး”ဟု သီေပါၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး သိန္းေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သီေပါၿမိဳ႕၊ ေညာင္ကိုးပင္ရပ္ကြက္ဘက္မွ ေသနတ္သံေၾကာင့္ အနီးဝန္းက်င္၌ေနထုိင္သူမ်ား အထိတ္တလန္႔ ျဖစ္ခဲ့ေသာ္လည္း ၿမိဳ႕တြင္းအသြားအလာ ပံုမွန္အေျခအေနတြင္ ရိွေနေၾကာင္း သိရသည္။

“ေသနတ္သံၾကားၾကားခ်င္းကေတာ့ ဘာျဖစ္တာလဲဆိုၿပီး လန္႔သြားတာ။ ေနာက္ပိုင္းမွ ကင္းလွည့္အဖြဲ႔က ေျခာက္လွန္႔ပစ္ခတ္တာလို႔ သိရတာ။ ၿမိဳ႕ထဲမွာကေတာ့ အသြားအလာ ပံုမွန္ပါပဲ။ ေအးေအးခ်မ္းခ်မ္းပဲရွိေနပါတယ္” ဟု သီေပါၿမိဳ႕မွ ကိုၿဖိဳးက ေျပာသည္။

သတင္း - ေနၿဖိဳးျမင့္
ဓာတ္ပံု - ကိုစိုင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့၊ မြို့မရဲစခန်းနှင့် (၅)ဖာလုံခန့်အကွာတွင် ဇူလိုင်လ (၁၁) ရက်နေ့ ည (၉)နာရီ(၁၅)မိနစ်ခန့်က နယ်မြေလှည့်ကင်းအဖွဲ့မှ တားဆီးစစ်ဆေးသည်ကို အစစ်ဆေးမခံဘဲ ထွက်ပြေးသူအား သေနတ်ပစ်ဖောက် ခြောက်လှန့်ဖမ်းဆီးလိုက်ကြောင်း သိရသည်။

“နယ်မြေလှည့်ကင်းအဖွဲ့က တားဆီးစစ်ဆေးတာကို အစစ်ဆေးမခံဘဲ ထွက်ပြေးတဲ့အတွက် သေနတ် ပစ်ဖောက် ခြောက်လှန့်ဖမ်းဆီးရတယ်လို့ ကနဦးသိရပါတယ်။ မြို့အတွင်းမှာတော့ ဘာမှမဖြစ်ပါဘူး။ ရဲစခန်းကို လာပစ်တာလည်း မဟုတ်ပါဘူး”ဟု သီပေါမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သီပေါမြို့၊ ညောင်ကိုးပင်ရပ်ကွက်ဘက်မှ သေနတ်သံကြောင့် အနီးဝန်းကျင်၌နေထိုင်သူများ အထိတ်တလန့် ဖြစ်ခဲ့သော်လည်း မြို့တွင်းအသွားအလာ ပုံမှန်အခြေအနေတွင် ရှိနေကြောင်း သိရသည်။

“သေနတ်သံကြားကြားချင်းကတော့ ဘာဖြစ်တာလဲဆိုပြီး လန့်သွားတာ။ နောက်ပိုင်းမှ ကင်းလှည့်အဖွဲ့က ခြောက်လှန့်ပစ်ခတ်တာလို့ သိရတာ။ မြို့ထဲမှာကတော့ အသွားအလာ ပုံမှန်ပါပဲ။ အေးအေးချမ်းချမ်းပဲရှိနေပါတယ်” ဟု သီပေါမြို့မှ ကိုဖြိုးက ပြောသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကိုစိုင်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~