မူဆယ္ၿမိဳ႕တြင္ ေနအိမ္ၿခံဝန္းအတြင္းမွ ယခုႏွစ္အတြင္း ပမာဏအမ်ားဆံုး မူးယစ္ေဆးထုတ္လုပ္သည့္ ဓာတုပစၥည္းမ်ား ဖမ္းဆီးရမိ

မူဆယ္ၿမိဳ႕တြင္ ေနအိမ္ၿခံဝန္းအတြင္းမွ ယခုႏွစ္အတြင္း ပမာဏအမ်ားဆံုး မူးယစ္ေဆးထုတ္လုပ္သည့္ ဓာတုပစၥည္းမ်ား ဖမ္းဆီးရမိ
ဇူလိုင် 20, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕တြင္ ဇူလိုင္လ (၁၉)ရက္ေန႔က ေနအိမ္ၿခံဝန္းတစ္ခုအတြင္း ဖမ္းဆီးရမိသည့္ မူးယစ္ေဆးဝါး ခ်က္လုပ္ေသာ ဓာတုပစၥည္းပမာဏမွာ မူဆယ္ၿမိဳ႕တြင္ ယခုႏွစ္အတြင္း ပမာဏအမ်ားဆံုး ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

“ေရွ႕ကာလေတြမွာေတာ့ ဒီလိုပမာဏအမ်ားႀကီး မိထားတာရွိ/မရွိမသိပါဘူး။ ၂၀၁၇-၂၀၁၈ အတြင္းမိတာကေတာ့ ဒီတစ္ႀကိမ္က ပမာဏအမ်ားဆံုးျဖစ္ပါတယ္။ ပစၥည္းေတြကို လံုၿခံဳတဲ့ေနရာကို ေရႊ႕ေျပာင္းေနတုန္းပဲ ရွိေသးတယ္။ ကာလတန္ဖိုးတြက္ခ်က္တာေတြ အေသးစိတ္စစ္ေဆးတာေတြေတာ့ ကြ်န္ေတာ္တို႔မသိရေသးဘူး။ ဖမ္းဆီးရမိတာကေတာ့ ရဲတပ္ဖြဲ႔၊ မူးယစ္တပ္ဖြဲ႔၊ နယ္ေျမခံတပ္နဲ႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြပါဝင္တဲ့ပူးေပါင္းအဖြဲ႔ကေန ဖမ္းမိတာျဖစ္ပါတယ္။ အေသးစိတ္ကေတာ့ စစ္ေဆးေနတုန္းပဲရွိပါေသးတယ္” ဟု မူဆယ္ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဆန္းလိွဳင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇူလိုင္လ (၂၀)ရက္ေန႔ နံနက္ပိုင္းတြင္ ေျပာသည္။

မူဆယ္ၿမိဳ႕ ေကာင္းမႈတံုရပ္ကြက္အနီးရွိ လူေနၿခံဝန္းတစ္ခုအတြင္း ဂိုေဒါင္တစ္ခု၌ သိမ္းဆည္းထားေသာ မူးယစ္ေဆးဝါးခ်က္လုပ္ရာတြင္ အသံုးျပဳသည့္ ဟိုက္ဒရိုကလိုရစ္အက္စစ္၊ ဆာလျဖဴရစ္အက္စစ္၊ ကဖင္းအိတ္မ်ား၊ ေမႊစက္မ်ား ၊ ဖန္ေပါင္းေခ်ာင္မ်ားအား မူဆယ္ခရိုင္ရဲတပ္ဖြဲ႔ပါဝင္သည့္ ပူးေပါင္းအဖြ႔ဲက ဇူလုိင္လ (၁၉)ရက္ေန႔ (၁၂) နာရီ မိနစ္ (၄ဝ) တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း မူဆယ္ခရိုင္ရဲတပ္ဖြဲ႔မွ သိရွိရသည္။

“အရင္ကေတာ့ ဒီေလာက္အမ်ားႀကီးဖမ္းဆီးရမိထားတာမရွိဖူးဘူး။ ပစၥည္းေတြက ဘယ္ေလာက္မ်ားလဲ ဆိုရင္ ေတြ႔ရွိတဲ့ေနရာကေန အခုစစ္ေဆးေနတဲ့ေနရာအထိ မေန႔ကတည္းက ေရႊ႕ေနတာ စစ္ေဆးေရႊ႕ေျပာင္းလို႔ မၿပီးေသးဘူး။ ”ဟု မူဆယ္ခရိုင္ရဲမွဴးမ်ိဳးညႊန္႔၏ လက္ကိုင္ဖုန္းအား လက္ခံေျဖၾကားသူ ရဲအရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇူလိုင္(၂၀)ရက္ နံနက္ပိုင္းတြင္ ေျပာသည္။

ရွမ္းျပည္နယ္ ဒုတိယရဲတပ္ဖြဲ႕မွဴး(လား႐ႈိး)၏ ႀကီးၾကပ္မႈျဖင့္ မူဆယ္ခ႐ိုင္ရဲတပ္ဖြဲ႕မွဴး ဦးစီးသည့္ တပ္ဖြဲ႕ဝင္မ်ား၊ စစ္ဘက္ေရးရာလုံျခံဳေရးတပ္ဖြဲ႕၊ နယ္ေျမခံတပ္၊ မူးယစ္တပ္ဖြဲ႕စု(၂၂)မူဆယ္မွ တပ္ဖြဲ႕ဝင္မ်ား၊ သတင္းရဲတပ္ဖြဲ႕စုမွ တပ္ဖြဲ႕ဝင္မ်ား၊ မူဆယ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ေကာင္းမႈ တုံရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး တို႔ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ မူဆယ္ၿမိဳ႕ ေကာင္းမႈ တုံရပ္ကြက္ ပန္လုံနယ္ေျမ၏ အေနာက္ဘက္ သံုးမိုင္ခန္႔ရွိ ၾကားထင္၏ ေနအိမ္ၿခံဝန္းအတြင္း ဝင္ေရာက္ရွာေဖြရာ ၾကားထင္အား မေတြ႕ရွိဘဲ တ႐ုတ္လူမ်ိဳး တြမ္ကြမ္ေဖ့ (ခ)အဖိန္းႏွင့္ ေကာင္းမႈတုံ ရပ္ကြက္ေန ဝင္းေအာင္တို႔အားေတြ႕ရွိခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ဆက္လက္ရွာေဖြရာ ေနအိမ္ၿခံဝန္းအတြင္း ရပ္ထားသည့္ (၁၂) ဘီးယာဥ္ႏွစ္စီးတြင္ တင္ထားသည့္ ဟိုက္ဒ႐ိုကလိုရစ္အက္စစ္ ဂါလန္ (၅ဝ)ပါ ပီပါ (၃၁၃) လုံး၊ ဟိုက္ဒ႐ိုကလိုရစ္အက္စစ္ ဂ်ပ္ဖာတစ္ဖာလွ်င္ (၂ဝ) လီတာပါ (၁၁၆၈) ဖာ၊ ဆာလျဖဴရစ္အက္စစ္ (၅)ဂါလန္ပါ ပလတ္စတစ္ပုံး (၃၅ဝ)၊ ကဖင္းတစ္အိတ္လွ်င္ (၂၅) ကီလိုပါ ဆာလာအိတ္ (၁၈ဝ)ႏွင့္ ေမာ္တာတပ္ဆင္ထားသည့္ စတီးေရာင္ေမႊစက္ႏွစ္လုံး၊ ဖန္ေပါင္းေခ်ာင္အႀကီး (၆)လုံးတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးထုတ္လုပ္သည့္ ဆက္စပ္ပစၥည္းမ်ား ဖမ္းဆီးရမိသည့္ အိမ္ရွင္ျဖစ္သူ ၾကားထင္အား ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း မူဆယ္ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဆန္းလိွဳင္ထံမွ သိရသည္။

ေနအိမ္ပိုင္ရွင္ ၾကားထင္၊ ေနအိမ္ၿခံဝန္းအတြင္း ေတြ႔ရွိရသည့္ တြမ္ကြမ္ေဖ့(ခ)အဖိန္း၊ ဝင္းေအာင္တို႔ သံုးဦးအား ဥပေဒႏွင့္အညီ အေရးယူျခင္းအား ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ဦးမ်ဳိး



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ဇူလိုင်လ (၁၉)ရက်နေ့က နေအိမ်ခြံဝန်းတစ်ခုအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ချက်လုပ်သော ဓာတုပစ္စည်းပမာဏမှာ မူဆယ်မြို့တွင် ယခုနှစ်အတွင်း ပမာဏအများဆုံး ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

“ရှေ့ကာလတွေမှာတော့ ဒီလိုပမာဏအများကြီး မိထားတာရှိ/မရှိမသိပါဘူး။ ၂၀၁၇-၂၀၁၈ အတွင်းမိတာကတော့ ဒီတစ်ကြိမ်က ပမာဏအများဆုံးဖြစ်ပါတယ်။ ပစ္စည်းတွေကို လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းနေတုန်းပဲ ရှိသေးတယ်။ ကာလတန်ဖိုးတွက်ချက်တာတွေ အသေးစိတ်စစ်ဆေးတာတွေတော့ ကျွန်တော်တို့မသိရသေးဘူး။ ဖမ်းဆီးရမိတာကတော့ ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့၊ နယ်မြေခံတပ်နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေပါဝင်တဲ့ပူးပေါင်းအဖွဲ့ကနေ ဖမ်းမိတာဖြစ်ပါတယ်။ အသေးစိတ်ကတော့ စစ်ဆေးနေတုန်းပဲရှိပါသေးတယ်” ဟု မူဆယ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ (၂၀)ရက်နေ့ နံနက်ပိုင်းတွင် ပြောသည်။

မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်အနီးရှိ လူနခြေံဝန်းတစ်ခုအတွင်း ဂိုဒေါင်တစ်ခု၌ သိမ်းဆည်းထားသော မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဟိုက်ဒရိုကလိုရစ်အက်စစ်၊ ဆာလဖြူရစ်အက်စစ်၊ ကဖင်းအိတ်များ၊ မွှေစက်များ၊ ဖန်ပေါင်းချောင်များအား မူဆယ်ခရိုင်ရဲတပ်ဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဇူလိုင်လ (၁၉)ရက်နေ့ (၁၂) နာရီ မိနစ် (၄ဝ) တွင် ဖမ်းဆီးရမိခဲ့ကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှ သိရှိရသည်။

“အရင်ကတော့ ဒီလောက်အများကြီးဖမ်းဆီးရမိထားတာမရှိဖူးဘူး။ ပစ္စည်းတွေက ဘယ်လောက်များလဲ ဆိုရင် တွေ့ရှိတဲ့နေရာကနေ အခုစစ်ဆေးနေတဲ့နေရာအထိ မနေ့ကတည်းက ရွှေ့နေတာ စစ်ဆေးရွှေ့ပြောင်းလို့ မပြီးသေးဘူး။ ”ဟု မူဆယ်ခရိုင်ရဲမှူးမျိုးညွှန့်၏ လက်ကိုင်ဖုန်းအား လက်ခံဖြကြေားသူ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်(၂၀)ရက် နံနက်ပိုင်းတွင် ပြောသည်။

ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး(လားရှိုး)၏ ကြီးကြပ်မှုဖြင့် မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့၊ နယ်မြေခံတပ်၊ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ၊ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ကောင်းမှု တုံရပ်ကွက် အုပ်ချုပ်ရေးမှူး တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မူဆယ်မြို့ ကောင်းမှု တုံရပ်ကွက် ပန်လုံနယ်မြေ၏ အနောက်ဘက် သုံးမိုင်ခန့်ရှိ ကြားထင်၏ နေအိမ်ခြံဝန်းအတွင်း ဝင်ရောက်ရှာဖွေရာ ကြားထင်အား မတွေ့ရှိဘဲ တရုတ်လူမျိုး တွမ်ကွမ်ဖေ့ (ခ)အဖိန်းနှင့် ကောင်းမှုတုံ ရပ်ကွက်နေ ဝင်းအောင်တို့အားတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဆက်လက်ရှာဖွေရာ နေအိမ်ခြံဝန်းအတွင်း ရပ်ထားသည့် (၁၂) ဘီးယာဉ်နှစ်စီးတွင် တင်ထားသည့် ဟိုက်ဒရိုကလိုရစ်အက်စစ် ဂါလန် (၅ဝ)ပါ ပီပါ (၃၁၃) လုံး၊ ဟိုက်ဒရိုကလိုရစ်အက်စစ် ဂျပ်ဖာတစ်ဖာလျှင် (၂ဝ) လီတာပါ (၁၁၆၈) ဖာ၊ ဆာလဖြူရစ်အက်စစ် (၅)ဂါလန်ပါ ပလတ်စတစ်ပုံး (၃၅ဝ)၊ ကဖင်းတစ်အိတ်လျှင် (၂၅) ကီလိုပါ ဆာလာအိတ် (၁၈ဝ)နှင့် မော်တာတပ်ဆင်ထားသည့် စတီးရောင်မွှေစက်နှစ်လုံး၊ ဖန်ပေါင်းချောင်အကြီး (၆)လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိသည့် အိမ်ရှင်ဖြစ်သူ ကြားထင်အား ဖမ်းဆီးရမိရေး ဆောင်ရွက်နေဆဲဖြစ်ကြောင်း မူဆယ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းလှိုင်ထံမှ သိရသည်။

နေအိမ်ပိုင်ရှင် ကြားထင်၊ နေအိမ်ခြံဝန်းအတွင်း တွေ့ရှိရသည့် တွမ်ကွမ်ဖေ့(ခ)အဖိန်း၊ ဝင်းအောင်တို့ သုံးဦးအား ဥပဒေနှင့်အညီ အရေးယူခြင်းအား ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ဦးမျိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~