ကျောက်မဲနှင့် လားရှိုးလမ်းပိုင်းတွင် အကျွတ်အလွတ်ရွတ်ဖတ်ပွဲအား နှစ်ရက်တာ ကျင်းပမည်
ကျောက်မဲနှင့် လားရှိုးလမ်းပိုင်းတွင် အကျွတ်အလွတ်ရွတ်ဖတ်ပွဲအား နှစ်ရက်တာ ကျင်းပမည်
ဇူလိုငျ 13, 2017
By Tachileik News Agency
ကျောက်မဲလမ်းပိုင်းတွင် နောင်ပိန်ကျေးရွာအနီး ရင်ကွဲတောင်လမ်း၊ ကျောက်မဲမြို့အဝင်လမ်းဆုံ၊ ကျောက်မဲ တိုးဂိတ်ကုန်းဆင်းတို့တွင် ဇူလိုင်(၁၅) ရက်၌ မေတ္တာသုတ်ရွတ်ဖတ်ခြင်း၊ လှူဖွယ်ဝတ္ထုများဖြင့် လှူဒါန်းအမျှဝေခြင်းတို့ကို ပြုလုပ်မည်ဖြစ်ပြီး ဇူလိုင်လ(၁၆) ရက်နေ့တွင် သီပေါ -လားရှိုးလမ်းပိုင်း သီပေါမှ စဥ့်အင်ကျေးရွာအနီးထိ လမ်းတစ်လျှောက်နေရာများတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆရာတော်ကြီးများက ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် မေတ္တာသုတ်ရွတ်ဖတ်ခြင်း၊ ဆရာတော်များအား သက်သတ်လွတ် ဆွမ်းကပ်ခြင်း၊ အမျှအတမ်းပေးဝေခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - ကိုနေ
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီး ကျောက်မဲမြို့နယ်မှ လားရှိုးမြို့နယ် အထိလမ်းပိုင်း၌ အကျွတ်အလွတ် ရွတ်ဖတ်ပွဲကို ဇူလိုင်လ(၁၅)ရက်နှင့် (၁၆) ရက်နေ့များတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျောက်မဲလမ်းပိုင်း နောင်ပိန်ကျေးရွာ ရင်ကွဲတောင်အနီးကနေ လားရှိုးလမ်းပိုင်း စဉ့်အင်ကျေးရွာနား အထိ လမ်းတစ်လျှောက်က မကျွတ်မလွတ်သေးတဲ့ ပုဂိ္ဂုလ်တွေကို ဒီလ (၁၄) ရက်နေ့ မှာ လိုက်ဖိတ်ထားမှာ ဖြစ်ပါတယ်။ (၁၅) ရက်နေ့မှာ ကျောက်မဲဘက်အပိုင်းနဲ့ (၁၆) ရက်နေ့မှာ လားရှိုးဘက် လမ်းပိုင်းတွေက မတော်တဆမှုဖြစ်ပွားတတ်တဲ့နေရာတွေ မတော်တဆမှုကြောင့် လူသေဆုံးမှု ဖြစ်ရတဲ့ နေရာတွေကို မေတ္တာသုတ်ရွတ်ဖတ်ပြီး အမျှဝေတာတွေ လုပ်သွားမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စု လမ်းပိုင်း အကျွတ်အလွတ်ပွဲအား ဦးဆောင်ပြုလုပ်နေသူတစ်ဦးဖြစ်သည့် စာရေးဆရာ သီပေါကိုလတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သီပေါမြို့နယ် ဘော်ကြိုကျေးရွာမှ ဆရာတော်သံဃာတော်(၅)ပါးနှင့် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှ ဆရာတော် (၂) ပါး စုစုပေါင်းသံဃာ(၇)ပါးတို့က မေတ္တာသုတ်ရွတ်ဖတ်ကြမည်ဖြစ်ပြီး အဆိုပါ အကျွတ်အလွတ်ပွဲအတွက် ရန်ကုန်-မန္တလေး-မူဆယ် ကုန်တင်ကားကြီးများ လူမှုကွန်ရက်အဖွဲ့၊ မြောက်ပိုင်း လမ်းမှ ကုန်တင်ကားကြီးများ လူမှုကွန်ရက်အဖွဲ့ တို့မှ မတည်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး ကျောက်မဲခရိုင် ယာဉ်ထိမ်းရဲတပ်ဖွဲ့နှင့် Oriental Highway Co.ltd လမ်းကုမ္ပဏီတို့မှလည်း ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
“ပွဲစီစဉ်ရတဲ့အကျိုးဆက်ကတော့ အိုရီယမ်တယ်ဟိုင်းဝေးက တာဝန်ရှိသူတွေလည်း လမ်းတစ်လျှောက် ရွတ်ဖတ်ရာ နေရာတွေ လိုက်ကြည့်ရင်းနဲ့ လမ်းအတွက်ပြုပြင်စရာရှိတာတွေကို သိပ္ပံနည်းကျ မှတ်သား ထားပြီး ပြင်ဆင်မှုတွပြေုလုပ်ပေးမယ့်အစီအစဉ် လုပ်လာပါတယ်။ ဘာဂိုဏ်းဂဏမှ ပတ်သက်မှုမရှိဘဲ မကျွတ်မလွတ်သေးတဲ့ ပုဂ္ဂိုလ်တွေကို အမျှအတမ်းပေးဝေနိုင်ဖို့ကို အဓိက ရည်ရွယ် လုပ်ဆောင်မှာ ဖြစ်ပါတယ်” ဟု သီပေါကိုလတ်က ပြောသည်။
ကျောက်မဲလမ်းပိုင်းတွင် နောင်ပိန်ကျေးရွာအနီး ရင်ကွဲတောင်လမ်း၊ ကျောက်မဲမြို့အဝင်လမ်းဆုံ၊ ကျောက်မဲ တိုးဂိတ်ကုန်းဆင်းတို့တွင် ဇူလိုင်(၁၅) ရက်၌ မေတ္တာသုတ်ရွတ်ဖတ်ခြင်း၊ လှူဖွယ်ဝတ္ထုများဖြင့် လှူဒါန်းအမျှဝခြေင်းတို့ကို ပြုလုပ်မည်ဖြစ်ပြီး ဇူလိုင်လ(၁၆) ရက်နေ့တွင် သီပေါ -လားရှိုးလမ်းပိုင်း သီပေါမှ စဉ့်အင်ကျေးရွာအနီးထိ လမ်းတစ်လျှောက်နေရာများတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆရာတော်ကြီးများက ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် မေတ္တာသုတ်ရွတ်ဖတ်ခြင်း၊ ဆရာတော်များအား သက်သတ်လွတ် ဆွမ်းကပ်ခြင်း၊ အမျှအတမ်းပေးဝခြေင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့် 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~