သီေပါၿမိဳ႕ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ယာဥ္တိုက္မႈ ျဖစ္ပြား၍ အမ်ဳိးသားတစ္ဦး ေသဆံုး

သီေပါၿမိဳ႕ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ယာဥ္တိုက္မႈ ျဖစ္ပြား၍ အမ်ဳိးသားတစ္ဦး ေသဆံုး
ဇူလိုင် 15, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕နယ္ ဆြတ္လန္းေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ဇူလိုင္လ(၁၅)ရက္ေန႔ နံနက္ပိုင္းက ယာဥ္တိုက္မႈ ျဖစ္ပြားရာ အမ်ဳိးသားတစ္ဦး ေသဆံုးသြားေၾကာင္း သိရသည္။

"ဒီမနက္(၆)နာရီဝန္းက်င္မွာ လားရႈိးဘက္ကေနလာတ့ဲ (၂၂)ဘီးကားနဲ႕ လားရႈိးဘက္ကိုသြားေနတ့ဲ (၆)ဘီး (၁၀ ေပ ကန္တာ ) ကားတိုက္မိတာပါ (၆)ဘီးကားမွာပါတ့ဲ စပယ္ယာက ေနရာမွာပဲ ေသဆံုးသြားပါတယ္"ဟု One More သီေပါအသင္းမွ ကိုမ်ိဳးက တာခီ်လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသဆံုးသူအား သီေပါၿမိဳ႕ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားၿပီး ႏွစ္ဖက္ ယာဥ္ေမာင္းမ်ားအား ရဲအရာရွိမ်ားမွ စစ္ေဆးေနသည္ကို ျမင္ရေၾကာင္း ၎ကဆိုသည္။
"အခုေလာေလာဆယ္ေတာ့ စခန္းမွာ ထိန္းသိမ္းထားတာပဲရွိပါေသးတယ္၊ အမႈေတာင္ မဖြင့္ရေသးပါဘူး စစ္ေဆးေနဆဲပဲရွိပါေသးတယ္"ဟု သီေပါၿမိဳ႕မရဲစခန္းမွ ဖုန္းလက္ခံေျဖဆိုသူ ရဲတပ္ဖြဲ႕ဝင္ တစ္ဦးက ေျပာသည္။

ယာဥ္မေတာ္တဆမႈမ်ား မၾကာခဏျဖစ္ပြား တတ္သည့္ ျပည္ေထာင္စု လမ္းမႀကီးေပၚရွိ ေက်ာက္မဲ - သီေပါ - လားရႈိး လမ္းပိုင္းတြင္ ဇူလိုင္လ ၁၅ ရက္ေန႔ႏွင့္ ၁၆ ရက္ေန႔ ႏွစ္ရက္တာ ေမတၱာသုတ္ရြတ္ဖတ္ အမ်ွအတမ္းေပးေဝမႈမ်ားျပဳလုပ္ရန္ ေဆာင္ရြက္လ်က္ရွိသည္။

သတင္း - #ေနၿဖဳိးျမင့္
ဓာတ္ပံု - နယ္စည္းမျခားပရဟိတ(သီေပါ) One More လူမႈကူညီေရး



~~~~~~~~⊰❂ unicode ~~~~~~~~

သီပေါမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံး
*************

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ် ဆွတ်လန်းကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇူလိုင်လ(၁၅)ရက်နေ့ နံနက်ပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားရာ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

"ဒီမနက်(၆)နာရီဝန်းကျင်မှာ လားရှိုးဘက်ကနေလာတဲ့ (၂၂)ဘီးကားနဲ့ လားရှိုးဘက်ကိုသွားနေတဲ့ (၆)ဘီး (၁၀ ပေ ကန်တာ ) ကားတိုက်မိတာပါ (၆)ဘီးကားမှာပါတဲ့ စပယ်ယာက နေရာမှာပဲ သေဆုံးသွားပါတယ်"ဟု One More သီပေါအသင်းမှ ကိုမျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသူအား သီပေါမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး နှစ်ဖက် ယာဉ်မောင်းများအား ရဲအရာရှိများမှ စစ်ဆေးနေသည်ကို မြင်ရကြောင်း၎င်းကဆိုသည်။
"အခုလောလောဆယ်တော့ စခန်းမှာ ထိန်းသိမ်းထားတာပဲရှိပါသေးတယ်၊ အမှုတောင် မဖွင့်ရသေးပါဘူး စစ်ဆေးနေဆဲပဲရှိပါသေးတယ်"ဟု သီပေါမြို့မရဲစခန်းမှ ဖုန်းလက်ခံဖြေဆိုသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွား တတ်သည့် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ကျောက်မဲ - သီပေါ - လားရှိုး လမ်းပိုင်းတွင် ဇူလိုင်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့ နှစ်ရက်တာ မေတ္တာသုတ်ရွတ်ဖတ် အမျှအတမ်းပေးဝေမှုများပြုလုပ်ရန် ဆောင်ရွက်လျက်ရှိသည်။

သတင်း - #နဖြေိုးမြင့်
ဓာတ်ပုံ - နယ်စည်းမခြားပရဟိတ(သီပေါ) One More လူမှုကူညီရေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~