ရွမ္းျပည္နယ္အတြင္းမွ သမဝါယမအသင္းသားမ်ားအား ေခ်းေငြ က်ပ္တစ္သိန္းေက်ာ္ႏွင့္ က်ပ္သိန္းငါးေထာင္ေက်ာ္ဖိုး လုပ္ငန္းသံုးစက္ပစၥည္းမ်ား အရစ္က်ေရာင္း

ရွမ္းျပည္နယ္အတြင္းမွ သမဝါယမအသင္းသားမ်ားအား ေခ်းေငြ က်ပ္တစ္သိန္းေက်ာ္ႏွင့္ က်ပ္သိန္းငါးေထာင္ေက်ာ္ဖိုး လုပ္ငန္းသံုးစက္ပစၥည္းမ်ား အရစ္က်ေရာင္း
ဇူလိုင် 13, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ဇူလုိင္လ (၁၃)ရက္ေန႔ နံနက္ပိုင္းက ျပည္နယ္အတြင္းရိွ စိုက္ပ်ိဳး ထုတ္လုပ္ေရး သမဝါယမအသင္းမ်ားသို႔ အေသးစား အရင္းအႏွီးေခ်းေငြ တစ္သိန္းေက်ာ္ႏွင့္ လယ္ယာသံုး ပစၥည္းမ်ား က်ပ္သိန္းေပါင္း ငါးေထာင္ေက်ာ္ဖိုးအား အသင္းသားမ်ားအား အရစ္က်ေငြေခ် စနစ္ျဖင့္ ေရာင္းခ်ေပးေၾကာင္း သိရသည္။

“ႏုိင္ငံရဲ႕ GDP မွာ စိုက္ပ်ိဳးေရးက႑က (၂၈)ရာခုိင္ႏႈန္း အထိ ပါဝင္ေနတဲ့အျပင္ အလုပ္အကိုင္အားလံုး၏ သံုးပံုႏွစ္ပံုကို စိုက္ပ်ိဳးေရးက႑မွ ရရိွေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ စိုက္ပ်ိဳးေရးက႑တိုးတက္ဖို႔ဆိုရင္ သမားရိုးက် ေတာင္သူလယ္သမားမ်ားအျဖစ္မွ လယ္ယာစိုက္ပ်ိဳးေရး စီးပြားေရးလုပ္ငန္းရွင္မ်ားအျဖစ္ထိ တိုးတက္ေအာင္ျမင္လာေအာင္ ဝိုင္းဝန္းႀကိဳးပမ္း ေဆာင္ရြက္ၾကရမွာျဖစ္ပါတယ္”ဟု ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဆိုပါအခမ္းအနားတြင္ ေျပာၾကားသည္။

သမဝါယမအေနျဖင့္ အသင္းသားေတာင္သူမ်ား၊ ေမြးျမဴေရးလုပ္ငန္း လုပ္ကိုင္သူမ်ား၊ အိမ္တြင္း လက္မႈလုပ္ငန္း၊ ကုန္ထုတ္လုပ္ငန္း၊ အေသးစားလုပ္ကိုင္သူမ်ားအား အတိုးႏႈန္း (၁)က်ပ္ ျပား(၅၀)ျဖင့္ ေငြေခ်းေပးေနရာ အသင္းသားေတာင္သူေပါင္း (၁၀၂၉၇၁)ဦးအား က်ပ္သိန္းေပါင္း(၁၈၆၆၀၃.၃၂) အား ထုတ္ေခ်းေပးခဲ့ၿပီးျဖစ္ေၾကာင္း အဆိုပါအခမ္းအနား တက္ေရာက္လာသည့္ ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၏ ေျပာၾကားခ်က္အရ သိရသည္။

စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနက ေပးအပ္ေသာ အေသးစားအရင္းအႏွီးေခ်းေငြ က်ပ္ (၁၈၆၆၀၃.၃၂၃၂၆)အား ရွမ္းျပည္နယ္အတြင္းမွ ေတာင္ႀကီးခရိုင္၊ လိြဳင္လင္ခရိုင္၊ လင္းေခးခရိုင္၊ လားရိႈးခရိုင္၊ မူဆယ္ခရိုင္၊ ဟုိပန္ခရိုင္၊ ေက်ာက္မဲခရိုင္၊ မိုးမိတ္ခရိုင္၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ျမိဳ႕နယ္မ်ားမွ အသင္းအမႈေဆာင္ (၉)ဦးတို႔က အသီးသီးလက္ခံရယူၾကၿပီး က်ပ္သိန္းေပါင္း (၅၁၃၅.၁၇၀၄)တန္ဖိုးရိွ လယ္ယာသံုး စက္ပစၥည္း အစီးေရ (၁၂၆)စီး၊ က်ပ္သိန္းေပါင္း (၈၄)သိန္းတန္ဖိုးရိွ လုပ္ငန္းသံုးစက္ပစၥည္း (၂၇)စီးႏွင့္ က်ပ္သိန္းေပါင္း (၈၄)သိန္းတန္ဖိုးရိွ ေရလုပ္ငန္းသံုးစက္ပစၥည္း (၃)စီးတို႔အား အသင္းသားမ်ားအား အရစ္က်စနစ္ျဖင့္ ေရာင္းခ်ေပးေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားအား ေတာင္ႀကီးၿမိဳ႕ရိွ ရွမ္းျပည္နယ္အေရွ႕ပိုင္း/ေတာင္ပိုင္း သမဝါယမအသင္းစုခ်ဳပ္ ကုန္ေလွာင္ရံုတြင္ က်င္းပရာ ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္ ၀န္ႀကီးမ်ား၊ သက္ဆုိင္ရာဌာနမ်ားမွ တာဝန္ရိွသူမ်ား၊ ၿမိဳ႕နယ္ (၄၃)ၿမိဳ႕နယ္မွ ၿမိဳ႕နယ္သမဝါယမဦးစီးအရာရိွ (၄၃)ဦး၊ ၿမိဳ႕နယ္ (၃၁)ၿမိဳ႕နယ္မွ ၿမိဳ႕နယ္သမဝါယမအသင္းစုအမႈေဆာင္ (၃၁)ဦးတို႔အပါအဝင္ စုစုေပါင္း လူဦးေရ (၁၃၀)ခန္႔ တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ဇူလိုင်လ (၁၃)ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အတွင်းရှိ စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းများသို့ အသေးစား အရင်းအနှီးချေးငွေ တစ်သိန်းကျော်နှင့် လယ်ယာသုံး ပစ္စည်းများ ကျပ်သိန်းပေါင်း ငါးထောင်ကျော်ဖိုးအား အသင်းသားများအား အရစ်ကျငွေချေ စနစ်ဖြင့် ရောင်းချပေးကြောင်း သိရသည်။

“နိုင်ငံရဲ့ GDP မှာ စိုက်ပျိုးရေးကဏ္ဍက (၂၈)ရာခိုင်နှုန်း အထိ ပါဝင်နေတဲ့အပြင် အလုပ်အကိုင်အားလုံး၏ သုံးပုံနှစ်ပုံကို စိုက်ပျိုးရေးကဏ္ဍမှ ရရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးကဏ္ဍတိုးတက်ဖို့ဆိုရင် သမားရိုးကျ တောင်သူလယ်သမားများအဖြစ်မှ လယ်ယာစိုက်ပျိုးရေး စီးပွားရေးလုပ်ငန်းရှင်များအဖြစ်ထိ တိုးတက်အောင်မြင်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဆိုပါအခမ်းအနားတွင် ပြောကြားသည်။

သမဝါယမအနဖြေင့် အသင်းသားတောင်သူများ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ အိမ်တွင်း လက်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အသေးစားလုပ်ကိုင်သူများအား အတိုးနှုန်း (၁)ကျပ် ပြား(၅၀)ဖြင့် ငွေချေးပေးနေရာ အသင်းသားတောင်သူပေါင်း (၁၀၂၉၇၁)ဦးအား ကျပ်သိန်းပေါင်း(၁၈၆၆၀၃.၃၂) အား ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါအခမ်းအနား တက်ရောက်လာသည့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ ပြောကြားချက်အရ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပေးအပ်သော အသေးစားအရင်းအနှီးချေးငွေ ကျပ် (၁၈၆၆၀၃.၃၂၃၂၆)အား ရှမ်းပြည်နယ်အတွင်းမှ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်၊ လားရှိုးခရိုင်၊ မူဆယ်ခရိုင်၊ ဟိုပန်ခရိုင်၊ ကျောက်မဲခရိုင်၊ မိုးမိတ်ခရိုင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ်များမှ အသင်းအမှုဆောင် (၉)ဦးတို့က အသီးသီးလက်ခံရယူကြပြီး ကျပ်သိန်းပေါင်း (၅၁၃၅.၁၇၀၄)တန်ဖိုးရှိ လယ်ယာသုံး စက်ပစ္စည်း အစီးရေ (၁၂၆)စီး၊ ကျပ်သိန်းပေါင်း (၈၄)သိန်းတန်ဖိုးရှိ လုပ်ငန်းသုံးစက်ပစ္စည်း (၂၇)စီးနှင့် ကျပ်သိန်းပေါင်း (၈၄)သိန်းတန်ဖိုးရှိ ရေလုပ်ငန်းသုံးစက်ပစ္စည်း (၃)စီးတို့အား အသင်းသားများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးကြောင်း သိရသည်။

အဆိုပါအခမ်းအနားအား တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း/တောင်ပိုင်း သမဝါယမအသင်းစုချုပ် ကုန်လှောင်ရုံတွင် ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြို့နယ် (၄၃)မြို့နယ်မှ မြို့နယ်သမဝါယမဦးစီးအရာရှိ (၄၃)ဦး၊ မြို့နယ် (၃၁)မြို့နယ်မှ မြို့နယ်သမဝါယမအသင်းစုအမှုဆောင် (၃၁)ဦးတို့အပါအဝင် စုစုပေါင်း လူဦးရေ (၁၃၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~